ထိုအလုပ်မျိုး ရ၍ ဝမ်းသာမဆုံး ဘယ်သူက ကွေး၍ ကလိမ့်မလဲ

Eleven Media အားပေးခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ မြန်မာပြည်တွင် ရှိစဉ်ကတည်းက First Eleven/ Premier Eleven/ Bi Weekly/ Weekly Eleven စသည့် ဂျာနယ်လ်များကို အစဉ်တစိုက် ဝယ်ယူ ဖတ်ရှု အားပေးခဲ့ပေသည်။ မြန်မာနိုင်ငံ မီဒီယာလောကတွင် Eleven Media သည် သန့်ရှင်းဆုံး၊ အတော်ဆုံး၊ တာဝန်ကျေဆုံးဟုပင် ဆိုနိုင်သည်။ ကိုသက်ဇော်လို မွန်မြတ်ပြီး ကိုယ်ကျိုးစွန့်သည့် လူတွေကြောင့် Eleven Media ကို ပို၍ အားပေးဖြစ်ခဲ့သည်။ တဖန် လူထုဦးစိန်ဝင်း၊ ဆူးငှက်စသည့် စာရေးဆရာတို့၏ ဆောင်းပါးကောင်းများကို တင်ဆက် နေခြင်းကြောင့်လည်း နှစ်ခြိုက်မိပြန်သည်။

ရံခါတွင်တော့ အစိုးရပေါ်လစီ ဆောင်းပါးများ ပါလာတတ်သည်။ မငြင်းပယ်နိုင်၊ မလွန်နိုင် ၍သာ ထည့်ပေးခြင်း ဖြစ်ပေမည်ဟု သဘောပိုက်မိပါသည်။ ဧပြီလ ၁၁ ရက်တွင် တက်လာ သည့် ရခိုင်သတင်းတပုဒ်မှာကား များစွာ စိတ်ပျက်စရာကောင်းလှသည်။ ထိုသတင်းနီးနီး စိတ်ပျက်စရာ ကောင်းသည့် သတင်းများလည်း များစွာရှိခဲ့ပါသော်လည်း အခက်အခဲ အကြပ် အတည်းများရှိသည်ကို နားလည်သဖြင့် တုံ့မယူလိုပါ။ ထိုရခိုင်သတင်းမှာ များစွာ ဖောက်ပြန် နေသည်ကို တွေ့ရသည်။ ခေါင်းစဉ်မှာ “စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးကြောင့် ဒေသခံ အချို့ အလုပ်အကိုင်များ ရရှိလာ” ဟု ရေးသားထားသည်။ မည်သည့်သဘောထားဖြင့် ရေး ထားမှန်း မသိသော်လည်း စာဖတ်သူမှာ ကောင်းလေစွတကားဟု မုဒိတာပွားမိသည်။ ဆက်၍ သတင်းအကျယ် ဖတ်မိသော်မှ စိတ်ပျက်မိတော့သည်။

အဆိုပါသတင်းအရ စစ်တွေပြည်သူလူထု၏ အလုပ်အကိုင်နှင့် အခွင့်အလမ်းဟူသည် ကုန် တင်ကုန်ချအလုပ်နှင့် နှစ်ကျပ်တပြား အခွင့်အလမ်းသာဖြစ်တော့သည်။ ထိုမျှ အောက်ခြေ သိမ်း ကြမ်းတမ်းလှသည့် အောက်တန်းစား အလုပ်ကို “အလုပ်အကိုင်နှင့် အခွင့်အလမ်း” ဟု သုံးနှုန်းခြင်းမှာ မသင့်မြတ်၊ အမြင်မတော်လှပေ။ စစ်တွေပြည်သူလူထု စော်ကားသည်နှင့်ပင် တူနေတော့သည်။ နိုင်ငံတကာတွင် အလုပ်အကိုင်နှင့် အခွင့်အလမ်းဟု ဂုဏ်ယူပြောကြ သည်မှာ ထိုသို့ အောက်တန်းစားလုပ်ကြမ်းကို မဆိုလိုပါ၊ မသက်ရောက်ပါ။

''အလုပ်သမား နှစ်ရာ၊ သုံးရာ လောက်တော့ အလုပ်အကိုင်တွေ ရရှိလာခဲ့တာ ၀မ်းသာစရာပါ။ ဆိပ်ကမ်း တည်ဆောက်ရေးမှာ တိုက်ရိုက် ပါဝင်သူတွေ ရှိသလို ချိတ်ဆက်လုပ်နေတဲ့ လုပ် ငန်းတွေမှာ လုပ်ကိုင်ခွင့် ရရှိလာသူတွေလည်း ရှိပါတယ်။ကျောက်ထုတ်လုပ်တဲ့ နေရာအနီးမှာ ရှိတဲ့ ရွာသားတွေ ကျောက်ထုတ်လုပ်မှုမှာ အလုပ်ရမယ်။ သဲတူးတဲ့ နေရာအနီးဆို သဲတင်သဲချ အလုပ်တွေ ရကြတယ်။ အခုတော့ ESSAR အဖွဲ့နဲ့ လုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တွေကလည်း ပုံစံ ပြောင်းလာကြတယ်။ ငွေကို အချိန်အကြာကြီး စောင့်ယူနိုင်သူတွေသာ လုပ်ကိုင်လာ ကြတယ်။ ပစ္စည်းတွေ သွင်းလိုက်ပေမယ့် ESSAR က ငွေချက်ချင်းထုတ် မပေးဘူး။ စောင့်ယူ ရတာတွေ ရှိတယ်။

ဒါကြောင့် လှေငယ်တွေနဲ့ တစ်ကျင်းစ နှစ်ကျင်းစ လာသွင်းသူတွေ မလုပ်ကြတော့ဘူး။ အလုပ် ကြမ်းသမားတွေကိုတော့ သက်ဆိုင်တဲ့ လုပ်ငန်းရှင်တွေပဲ လုပ်အားခတွေကို ရှင်းပေးကြ တယ်''ဟု ပြောဆိုထားသည့် လုပ်ငန်းရှင်၏ စကားကိုကြည့်ပါဦး။ ထိုလုပ်ငန်းရှင် ဝမ်းသာ သည်သာ မထူးဆန်းပါ။ ဝမ်းသာတော့မပေါ့။ အလွန်ကြမ်းထန်းခက်ထန်သည့် အလုပ်မျိုးကို ဈေးနည်းပါးစွာဖြင့် ခိုင်းစေနေသည်မှာ ထိုလုပ်ငန်းရှင်အတွက် ဝမ်းသာစရာဖြစ်မည်မှာ အမှန် ပင်ဖြစ်သော်လည်း ထိုထို ကျောက်သယ်၊ သဲသယ်၊ ကျောက်ချ၊ သဲချ အလုပ်ကြမ်းသမား များကို မေးကြည့်ပါဦး။ ဝမ်းပမ်းတသာ ရွှေထုပ်ကောက်ရသည့်ပမာ ပြောကြမည်လားဟု။
 
အမှန်တကယ်တွင် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီ၊ ကချင်ပြည်နယ်စသော ဒေသ များတွင် အစိုးရမှသာ မညစ်ပတ် ခွေးနှိမ်ဝက်နှိမ် မနှိမ်လျှင်၊ အရင်းရှင်များကသာ လက်ဝါးကြီး မအုပ်လျှင်၊ ကိုယ့်ပြည်နယ်ထွက် သယံဇာတ ကိုယ့်ပြည်နယ်သားများသာ အသုံးပြုခွင့် စားသုံး ခွင့် ရကြမည်ဆိုလျှင် တနှစ်လုပ်လျှင် တသက်တာ ထိုင်စား၍ မကုန်နိုင်လောက် ကြွယ်ဝသည့် ဒေသများဖြစ်သည်။

ထို့ကြောင့် ထိုသတင်းသည် အလွန်ဖောက်ပြန်သည့် သတင်းဖြစ်သည်။ ထိုသတင်းတပုဒ် တည်းနှင့် ယခင် နှစ်ခြိုက် အထင်ကြီးမိသည့် စိတ်များ လုံးဝ ပျောက်ကင်းသွားစေခဲ့ပေပြီ။ ထို့သို့သာ ဖောက်ပြန်ရေး သတင်းများ ဆက်တင်နေဦးမည်ဆိုလျှင် ဖောက်ပြန်ပြီး ပြည်သူ့ သတင်းမဟုတ်ဟု သတ်မှတ်ရပေတော့မည်။ ပြည်သူ့မျက်စိ၊ ပြည်သူ့နားဟု ဆိုလေလျှင် ထိုသတင်းမျိုးသည် အမြင်ကလောစရာ၊ နားကြားပြင်းကပ်စရာ သတင်းမျိုးသာ ဖြစ်နေသဖြင့် ပြည်သူ့သတင်းဟု မဆိုအပ်။ ထိုသတင်းဌာနသည်လည်း ပြည်သူ့သတင်းဌာန မဖြစ်နိုင်တော့။ Eleven Media ဝိုင်းတော်သား ဆင်ခြင်ကြပါလေ။ မေတ္တာရှိ၍ ရေးသားခြင်းသာ ဖြစ်သည်။

အုန်းရှိန်

1 comment:

Anonymous said...

Hey, can u do that job at the place of eleven without that kind of knews. You stay away from the country and have pleasant life. Dog!
Suck dick of foreign!Not come to criticize with this mouth.