Showing posts with label ပြည်တ. Show all posts
Showing posts with label ပြည်တ. Show all posts

ဂုဏ်ယူစရာ ၂၀၁၂ ဖဲကြိုးနီဆုရှင် HELP အဖွဲ့




၂၀၁၂ ခုနှစ် လိင်ကတဆင့် HIV ကူးစက်မှု ကာကွယ်ရေးနဲ့ ပတ်သက်ပြီး – ဖဲကြိုးနီဆု ကို မြန်မာနိုင်ငံမှ The HELP အဖွဲ့ကို လက်ရှိ ဝါရှင်တန်ဒီစီမှာ ကျင်းပနေသော နိုင်ငံတကာ အေ့စ် ညီလာခံတွင် ချီးမြင့်ကြောင်း ကြားသိရ၍ ဟင်းမ် အွန်လိုင်းစာမျက် နှာမှာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
 
ဟင်းမ် – မော်ဒရေတာ (မြန်မာပိုင်း)

အဖွဲ့ပေါ်ပေါက်ပုံ-
HELP ကို လိင်တူချင်းဆက်ဆံသူ အမျိုးသားများ (MSM) အချင်းချင်းကြား အထောက်အကူပြုနိုင်ရန်၊ အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက် သည့် ကာကွယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်းများ လုပ်နိုင်ရန်  ၂၀၀၇ ခုနှစ် နှစ်ဦးတွင် မန္တလေးမြို့တွင် စတင်ဖွဲ့စည်းခဲ့ သည်။ လိင်တူချင်းဆက်ဆံသူ လူငယ်များမှ အခြေခံလူမှုအဖွဲ့အစည်း တစ်ခု အဖြစ် စတင် ဆော်သြ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ MSM အများစုမှာ တွေ့ကြုံနေရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ထုတ်ဖော်ပြောဆိုနိုင်ဖို့ အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။