Showing posts with label ဧရာဝတီ. Show all posts
Showing posts with label ဧရာဝတီ. Show all posts
ဧရာဝတီ၊ မြန်မာပြည်နဲ့ လိမ်ညာနေတဲ့ နဂါးအနီ
စက်တင်ဘာ ၂၂၊ ၂၀၁၁
ရေးသူ။ အောင်ဒင်
မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်က ဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည် ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက် ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီ မြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ် စစ်ဓာတ် တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည် ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ် စေမှာပါ၊ အခုအချိန် ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲတခုဆီ ရွေ့လျားရမည့် အချိန် ပါပဲ၊ သူတို့ဘယ်လို ရပ် တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလက်ခံပြီး ဒီမကောင်းဆိုးဝါး စီမံ ကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက် ဆောက်စေမှာလား? ပြည်သူ လူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ ပို၍သိချင်နေချိန်မှာ တွေ့နေရတာ ကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များရဲ့ မစားရ ဝခမန်းပြောနေတဲ့ ဆည်ကြီးကြောင့်ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတဦးသိန်း စိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်စေတော့မှာလား?
(၁) အစော်ကားခံရတဲ့ ကချင်ပြည်သူများ
ကချင်ပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်း ထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့် တရုတ်အာဏာပိုင်တွေက ကချင် ပြည်သူများက မြစ်ဆုံဆည်နဲ့ အခြားဆည်ကြီးများ ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို ကျယ် ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်။
ဓား ဓားချင်းချင်း၊ တုတ် တုတ်ချင်း ရှင်းမတဲ့၊ စိန်လိုက်။ ပစ်ရင်တည့်တည့်ပစ်တယ်လို့ ထည့်ပြောပါဦးလား
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဂျာနယ်များ၏ရေးသားမှုကို နိုင်ငံရေးအရ သွေးရိုးသားရိုးမဟုတ်ကြောင်း ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းက မဇ္ဈိမသတင်းဌာန သို့ ဖြေကြားခဲ့သည်။
ထို့အပြင် ဌာနသို့ လာရောက် လေ့လာသင့်ကြောင်း၊ ဓားဓားချင်း၊ တုတ်တုတ်ချင်း ဖြေရှင်းသင့်ကြောင်း လည်း ၎င်းက ထည့်သွင်းပြောကြား ထားသည်။ ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သော မဇ္ဈိမ သတင်းဌာနက ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းအား မေးမြန်းသည့် အင်တာဗျူးတွင် ယခုကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်။
ဧရာဝတီတော်လှန်ရေး
ပျူနိုင်ငံ ဘလော့ဂ်စာမျက်နှာတွင် ဘလော့ဂါများ ဧရာဝတီနှင့် ပတ်သက်သည်များကို တင်ဆက်ထားပါ သည်။ ထိုတင်ဆက်မှုသည် မြစ်ကြီးဧရာဝတီကို ဗမာပြည်သူတို့ ဘယ်လောက်ချစ်ကြသည်၊ ဘယ်လောက် မြတ်နိုး၊ ဘယ်လောက်တန်ဘိုးထားကြသည်ကို ထင်ရှားစေပါတယ်။
- ဧရာဝတီကို စော်ကားခြင်းသည်၊ ဗမာပြည်သူတို့ကို စော်ကားခြင်းပင်ဖြစ်သည်။
- ဧရာဝတီကို တန်ဘိုးမထားခြင်း၊ ဗမာပြည်သူတို့ကို တန်ဘိုးမထားခြင်းပင်ဖြစ်သည်။
- ဧရာဝတီကို ထိပါးခြင်းသည်၊ ဗမာပြည်သူတို့ကို စော်ကားခြင်းပင်ဖြစ်သည်။
- ဧရာဝတီ၏ မြစ်ရေသည် ဗမာပြည်သူတို့၏ သွေးများပင်ဖြစ်သည်။
- ဧရာဝတီခန်းခြောက်လျှင် ဗမာပြည်သူတို့ သေဆုံးခြင်းပင်ဖြစ်သည်။
- ဧရာဝတီမြစ် ကောခြင်းသည် ဗမာတမျိုးသားလုံး ပျက်သုဉ်ခြင်းပင်ဖြစ်သည်။
ဧရာဝတီတော်လှန်ရေး အရှိန်အဟုန် မြင့်တင်ကြဖို့ လိုပြီ။
မြစ်ဆုံအတွက် နောက်မဆုတ်နိုင်ကြသူများ
မနေ့က နေပြည်တော် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှာ လုပ်သွားတဲ့ ဝန်ကြီး ၅ ယောက်နဲ့ မီဒီယာများ တွေ့ ဆုံပွဲမှာ အမှတ် (၁) လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီးရဲ့ မြစ်ဆုံရေကာတာစီမံကိန်း “နောက် မဆုတ်ဘူး၊ ဆက်လုပ်မယ်” ဆိုတဲ့ ချဲလင့် စကားလုံးတွေကို ဖတ်ရပြီး အသားတွေ တဆတ်ဆတ်တုန်၊ ဒေါသတွေ တချောင်းချောင်း ထွက်လာတော့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးတစ်ယောက်က “စိတ်လျော့ပါ၊ နိုင်ငံရေး သမားဆိုတာ ဒေါသမထွက်ရဘူး၊ အခြေအနေကို စောင့်ကြည့်တတ်ရမယ်” လို့ ကျွန်တော့်ကို နားချရှာပါတယ်။
ဒီကိစ္စမှာ “ကျွန်တော် နိုင်ငံရေးသမား မဖြစ်ချင်ဘူး၊ ဖိုက်တာဘဲ ဖြစ်ချင်တယ်” လို့ လေသံမာမာနဲ့ ဆရာ သမားကို ဘုတော ပိတ်လွှတ်လိုက်တယ်။
“မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ပက်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက်ပိုပြီးတော့ အတွေ့ အကြုံ ရှိတဲ့လူ မရှိတော့ဘူး” ဆိုတဲ့ လျှပ်စစ်ဝန်ကြီးရဲ့ စကားဟာ ငါသိ၊ ငါတတ်၊ ဘယ်သူမှ ဘာမှ မဟနဲ့၊ အားလုံး ရှပ်အောက့်၊ မြစ်ဆုံနဲ့ ပက်သက်လို့ အမြှီးကုတ် နားရွက် မထောင်ကြနဲ့ ဆိုပြီး သန်းခြောက် ဆယ်သော မြန်မာပြည်သူတွေကို စိန်ခေါ်လိုက်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ပြည်သူအကုန်လုံးဆိုတော့ သမ္မတကြီး အပါအ၀င် ပြည်ထောင်စုအစိုးရ တစ်ဖွဲ့လုံးလည်း ပါပါတယ်။
ငိုရှာလေပြီ ဧရာဝတီ (နီငြိမ်း- အညာတက္ကသိုလ်)
ဧရာပုံရိပ်၊ ရှေးအတိတ်
လွန်ခဲ့သော သုံးနှစ်လောက်ကပင် ဤဆောင်းပါးကိုရေးရန် တာစူခဲ့သည်။ အခြေအနေစောင့်ကြည့်ရင်း အချိန် အတော် ကုန်သွားသည်။ ခုတော့ 'ငိုရှာလေပြီ ဧရာဝတီ' ကိုရေးဖြစ်ပါသည်။ မိခင်ဧရာဝတီ၏ သမိုင်းကြောင်းကား ရှည်ညောင်းလှလေပြီ။ ဧရာဝတီသည် လွန်ခဲ့သောနှစ်ပေါင်း ၄၅ သန်းကျော်ကပင် ရှိနေခဲ့သည်ဟု မြန်မာ့စွယ်စုံ ကျမ်းအတွဲ ၁၅ တွင် ရေးသားထားပါသည်။ မိခင်ဧရာဝတီသည် ကချင်ပြည်နယ် ပူတာအိုမြို့မြောက်ဖက် 'ထိလာ ရေခဲတောင်'၊ 'လန်ဂွေရေခဲတောင်' များတွင် ချောင်းဖျားခံ၍ မေခ၊မလိခ မြစ်နှစ်သွယ်ကို ဖြစ်ပေါ်စေခဲ့သည်။
မလိခ ဆိုသောစကားမှာ ကချင်စကား Mali Hka မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကချင်ဘိုးဘွား လေးဦး စတင် ဖြတ်သန်းခဲ့ခြင်းကြောင့်ဟု ဆိုသည်။ ကချင်ဘာသာတွင် မလီ (mali) မှာ ၄ဖြစ်၍ မင် manga မှာ ၅ ဖြစ်သည်။
ပေပေါင်း ၁၅၅၀၀ ကျော်မြင့်သော နှင်းဖုံးတောင်တန်းကြီးများမှ စတင်ခဲ့သော ဧရာဝတီသည် ပြည်ထောင်စု သား အားလုံး၏ မိခင်ကျေးဇူးရှင် ပင်ဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ သယံဇာတ တူးဖော်ရေး လုပ်ငန်း အားလုံးကို မိခင်ဧရာဝတီက ပံ့ပိုးကူညီလျက်ရှိသည်။
ပေပေါင်း ၁၅၅၀၀ ကျော်မြင့်သော နှင်းဖုံးတောင်တန်းကြီးများမှ စတင်ခဲ့သော ဧရာဝတီသည် ပြည်ထောင်စု သား အားလုံး၏ မိခင်ကျေးဇူးရှင် ပင်ဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ သယံဇာတ တူးဖော်ရေး လုပ်ငန်း အားလုံးကို မိခင်ဧရာဝတီက ပံ့ပိုးကူညီလျက်ရှိသည်။
'ဧရာ'ဟူသော အရေးအသားကို ရှာဖွေသောအခါ စစ်ကိုင်းမြို့ ရတနာစေတီ ကျောက်စာတွင် တွေ့ရ၏။ ကျောက်စာ သက်ကြာခဲ့ပါပြီ။ အင်းဝရွှေနန်းကြော့ရှင် လက်ထက် ခရစ်နှစ် ၁၄၈၅ခုကပင် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ဧရာဟူသော အရေးအသားကို ထို့ထက်စော၍ ရှာမတွေ့ခဲ့ပါ။
မည်သည့် ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား
မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း၊ ဘယ် တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ စက်တင်ဘာလ ၁၀ ရက် နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခု တစ်လလောက်အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီရောဂါနဲ့ အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ ကာတွန်း တွေ၊ အခုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျွန်တော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတော့ အခုချိန်မှာတော့ ကျွန်တော်တို့က အကြိုအင်ဂျင်နီယာ လုပ်ငန်း တွေ ဖြစ်တဲ့ စီမံကိန်းတည်ဆောက်မယ့် ဧရိယာကို ရှင်းလင်းခြင်းလုပ်ငန်းတွေ၊ စီမံကိန်းဧရိယာထဲမှာ ရှိတဲ့ လူတွေကို ပြန်လည်နေရာချထားတဲ့ လုပ်ငန်းတွေ၊ နောက်တစ်ခါ လုပ်ဆောင်စရာရှိတဲ့ စီမံကိန်းနဲ့ ပတ် သက်တဲ့ အင်ဂျင်နီ ယာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။
Subscribe to:
Posts (Atom)
