Showing posts with label စာတိုပေစ. Show all posts
Showing posts with label စာတိုပေစ. Show all posts
ဆောင်းယွန်းဂိမ္မာန် သို့မဟုတ် စာရေးဆရာနှင့် သံသရာ
(ဆရာဗန်းမော်တင်အောင်ရဲ့ အပြောင်းအလဲ (တကယ်တော့ မျက်နှာဖုံး အဟောင်းအသစ် ပြောင်းလဲပွဲ) တခုမှာ ပါဝင်ပတ်သက်ကြသူတွေ ကိုယ်သန်ရာအမြင်နဲ့ ကိုယ်သန်ရာ အကျိုးစီးပွားကို ရှေ့ရှုပြောင်းလဲသွားကြပုံ ရေးထား တဲ့ ဝတ္ထုဆောင်းပါးလေး တခုဖြစ်ပါတယ်။ ပန်းဝေဟင်မြိုင် ဝတ္ထုရဲ့ နောက်ပိုင်းမှာ တွေ့ရှိရတာဖြစ်ပြီး ဆရာ ၁၉၇၂ ခုနှစ် ကိုကိုးကျွန်းက ပြန်လည် လွတ်မြောက်ပြီးစမှာ ရေးသားခဲ့ဟန် တူပါတယ်။ အချိန်က သခင်စိုးကြီး ပြောသလို “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” တဲ့ ဗိုလ်နေဝင်းရဲ့ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးကြီး အုတ်မြစ်ချပြီး ကာလဖြစ်ပါတယ်။ တချို့လဲ ဆိတ်ခေါင်းကြည့်ပြီး အဟုတ်မှတ်ကြသလို တချို့ကတော့ ခွေးသားမှန်း သိရက်နဲ့ပဲ တဘဝကောင်းဖို့ ကိုယ့်သမိုင်းကော တိုင်းပြည်နာဂါတ်ကိုပါ ရောင်းစားကြတယ်။ ဆရာဗန်းမော်တင်အောင်က သူ့မိတ်ဆွေ အပေါင်းဖော်တွေထဲက ရေဆန်ကို မလိုက်ရဲတော့ဘဲ ဘေးထိုင်သွားကြသူတွေ၊ ရေစုန်မျှောလိုက်ကြ သူတွေ အကြောင်းကို ခေတ်ကြေးမုံတခုလို တင်ပြထားပါတယ်။
အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ/ နအဖစတဲ့ မျက်နှာဖုံးစွပ်တွေ အမျိုးမျိုးပြောင်းခဲ့တဲ့ စစ်အုပ်စုဟာ အခုနောက်ဆုံး သန်းရွှေ/မင်းအောင်လှိုင်/သိန်းစိန် သုံးဦးဂိုဏ်းဟာ အတုအယောင် ရွေးကောက်ပွဲနဲ့ အရပ်သား မျက်နှာဖုံးစွပ်ပြီး ဟန်ပြ အပြောင်းအလဲကလေးတွေနဲ့ ခွေးသား ရောင်းနေပြန်ပါပြီ။ ဆိတ်ခေါင်းတောင် ချိတ်မပြတော့ဘူး။ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံဆိုတဲ့ ဆိုင်းဘုတ်ကလေးတခုပဲ ထောင်ထားတယ်။
ကိုရီးယား ကိုရီးယားနဲ့ ယားချင်စမ်းဟဲ့၊ ယားချင်ဦးဟဲ့
ဧရာဝတီသတင်းဌာနမှာ ဂျူလိုင် ၂၄ ရက်စွဲနဲ့ “အလုပ်သမား လေးထောင်ကျော် တောင်ကိုရီးယားသို့ စေလွှတ်မည်” ဟု အားပါတရ ကြွေးကြော်သံလိုလို၊ အမိန့်ပေးသံလိုလို မစားရဝခမန်း သတင်းခေါင်းစဉ်ကြီးကို ကြည့်ပြီး ခံလိုက်ဦးပေါ့ ဗမာတွေ။ ကိုယ်တိုင်ကမှ သောက်ဖြစ်မရှိတာ ဘယ်တတ်နိုင်မတုန်း။ တောင်မင်းကို မြောက်မင်းမကယ်နိုင်တဲ့ အခြေအနေဆိုတော့ ကိုယ့်ဗမာတွေ သေကောင်းပေါင်းလဲ ဖြစ်နေကြမှန်း သိပါရဲ့နဲ့ မျက်နှာလွဲရတာဟာ တော်တော် မချိဘူး။ ဗမာပြည်သားတွေ ဒီစစ်အာဏာရှင် ဝဋ်နာကံနာက မလွတ်သရွေ့တော့ ခံကြဦးပေါ့။
ကိုရီးယား ကိုရီးယားနဲ့ တယားတည်း ယားနေတဲ့သူတွေ အခုကိုရီးယားကို ရောက်နေတဲ့ ဗမာ ပြည်သား အလုပ်သမား တယောက်ရဲ့ “ဒုက္ခများကြားမှ ကိုရီးယားရောက် မြန်မာအလုပ်သမားများရဲ့ဘ၀ (ပေးစာ)”ကို ဖတ်စေချင်ပါတယ်။ သြော်... ဗမာပြည်သားတွေ နယ်ချဲ့ကျွန်၊ ဖက်ဆစ်ရဲ့ကျွန်၊ စစ်တပ်ရဲ့ကျွန်၊ အလုပ်ကျွန် (ပြည်တွင်းနေလည်းကျွန်၊ ပြည်ပကိုထွက်လည်းကျွန်) တကျွန်တည်း ကျွံလာလိုက်တာ ဘယ်လိုမှ နှုတ်လို့မရပါ ပကောလား။ ကျိမ်စာများ သင့်နေရော့သလား ဟရို့။
အန်တီရှုရဲ့ ကျေးဇူးတင်စကား
ယခု ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ပတ်သက်ပြီးတော့ ကျွန်မအနေနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ေ ပြာချင်ပါတယ်။
ပထမဦးဆုံး ကျေးဇူးတင်ရမှာကတော့ ကိုမင်းသူနိုင်ကို စပြောရမှာပါပဲ။ ကျွန်မဒီအလုပ်ကို တစိုက် မတ်မတ်နဲ့  လုပ်လာတာ အခုဆိုရင် ၃ နှစ်နဲ့ ၇ လ ရှိသွားပါပြီ။ ကျွန်မက အချုပ်တွေထဲမှာ သံဃာတော်တွေ သီလရှင်တွေကို ဆွမ်းလိုက်ကပ်ပါတယ်။ စားစရာ ပါဆယ်တွေပို့ပါတယ်။ နောက်ေ တာ့ လူတွေရော ဘုန်းကြီးတွေရော တဖြည်းတဖြည်း တိုးလာပါတယ်။ ကျွန်မဒီလိုလုပ်နေတာ သိကြတော့ တချို့က ဆောင်းပါးရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်မကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ အကျယ်ကျယ်တွေ ဖြစ်ကုန်ရင် ကျွန်မအလုပ်တွေ ရပ်ဆိုင်းကုန်မှာစိုးလို့ပါ။ ပြီးခဲ့တဲ့ ၂ လလောက်ကတော့ မင်းနိုင်သူက ဧရာဝတီထဲကို ထဲ့မလို့ဆိုလာပါတယ်။ ကျွန်မလည်း ရေဒီယိုကနေ အသံလွှင့်တာမျိုးမဟုတ်တော့ ကျွန်မအနေနဲ့ လက်ခံပေးခဲ့ပါတယ်။ နောက်တော့ ကျွန်မတို့မိတ်ဆွေ မယုဆိုတာက စာရွက်လေးနဲ့ ကူးယူလာတယ်။ သူမကပြောတယ်။ အန်တီရှုရဲ့ ဆောင်းပါးဧရာဝတီမှာ ပါလာလို့ ကူးပြီးယူလာလို့ လာပြမှ သိခဲ့ရပါတယ်။ ကျွန်မ အသက် ၆၂ နှစ် ရှိပါပြီ ။ အင်တာနက်တွေ မသုံးတတ်တော့ သူများပြောမှ သိရတာပါ။ နောက်ပြီးတော့ ပြည်သူ့ဂုဏ်ရည်ဆု အတွက် ၅ ယောက်ရွေးတဲ့ အထဲမှာ မရှုလည်းပါတယ်လို့ မိတ်ဆွေတွေ လာပြောခဲ့ကြပါတယ်။ ကိုယ်ကိုကိုယ်လည်း အံ့သြသွားပါတယ်။ ဒီလိုအလုပ်မျိုးစလုပ်ကတည်းက ဘာမှကို မျှော်လင့်မထားပါဘူး။ ပြီးတော့ ဆုပေးရေးဖြစ်မြောက်ရေး ကော်မတီကဆိုပြီးတော့ ကျွန်မဆီကို ဖုန်းလာပါတယ်။ နောက် ကိုဝင်းသူအောင်က အန်တီရှုတဲ့ ၁၆.၅.၂၀၁၁ ရက်နေ့မှာ ၃ နာရီနဲ့ ၄ နာရီ မှာ အကြောင်းကြားမယ်ဆိုတော့ ကျွန်မအနေနဲ့ မတွေးထားတဲ့ ကိစ္စတွေ ကြားနေရတော့ တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး။ ဒီလိုနဲ့ မနက် ၆း၃၀ ကျတော့ ဖုန်းမြည်လာပါတယ်။ ကိုဝင်းသူအောင်က အန်တီရှု ဆုရတယ်ပြောတော့ ၀မ်းသာခဲ့ရပါတယ်။ ကျွန်မတစ်သက်မှာ ၀မ်းသာခဲ့ရတဲ့ အချိန်ပါပဲ။
ပထမဦးဆုံး ကျေးဇူးတင်ရမှာကတော့ ကိုမင်းသူနိုင်ကို စပြောရမှာပါပဲ။ ကျွန်မဒီအလုပ်ကို တစိုက် မတ်မတ်နဲ
မြန်မာမိန်းကလေးများ အထူးသတိထားရန်
နော်လည်း လွတ်မြောက်လာတဲ့ ဆော်လေးတဗွေနဲ့ ဆုံဖူးပါတယ်ဗျာ။ သူပြောပြတာလေး တွေကို ပြန်လည် မျှဝေတာပါနော်။ သူက ရန်ကုန်ဒလမှာ နေပါတယ်။ မူဆယ်ကနေ ကျွန်တော့ကားကို 80000 ပေးပြီး အမြန်မောင်းခိုင်းပါတယ်။ သူ့ပုံစန်က ကြောက်လန့်နေတဲ့ ပုံစံမျိုးလေးပါ၊ ကျွန်တော်လည်း အမြန်မောင်းပေးရတာပေါ့ဗျာ 80000 ပေးထားတာဆိုတော့။ ကွတ်ခိုင် ရောက်တော့ ထမင်းစားမယ်ဆိုပြီးပြောတော့ သူက လားရှိုးရောက်မှ စားပါတဲ့ ကျွန်မက ဒီလိုဒီလို ဖြစ်ခဲ့လို့ပါဆိုပြီး ပြောပြပါတယ်၊ လားရှိုးရောက်တော့လည်း သင့်တော်တဲ့ ဟိုတယ်ကို ရှာပေးပြီး ကျွန်တော်မေးကြည့်လိုက်ပါတယ်။ "ဘယ်လို ဖြစ်တာလည်းဗျ အမက" "ကျွန်မကို အလုပ်ရှိတယ်၊ လခများများ ရမယ်ဆိုပြီး အမကြီးတယောက်က လာခေါ်တယ်၊ မူဆယ်ရောက်တော့ တရုတ်ကောင်လေး ချောချောလေးနဲ့ တွေ့ပေးပြီး သူ့ကို ယူခိုင်းတယ်။
ခေါင်းလျှော်ကာ တရော် ကင်ပွန်းရယ်နဲ့
ခေါင်းလျှော်ကာ တရော် ကင်ပွန်းရယ်နဲ့
ရန်ဝင်း (တောင်တံခါး)
ဧပြီ ၁၆၊ ၂၀၁၁
“ခေါင်းလျှော်ကာ တရော် ကင်ပွန်းနဲ့
လေးကျွန်းအောင်မြေ
အတာ နှစ်ကူးရက်ပေ”
သပြေခက်နဲ့ ရေပက်၊ မကြည်အောင်
တရော် ကင်ပွန်းနဲ့ ခေါင်းလျှော်တယ်ဆိုတာ မြတ်နိုးစရာ မြန်မာ့ရိုးရာဓလေ့တခုပါပဲ။ ရှေးအခါတုန်းက ယောက်ျားတွေမှာ ရောင်ထုံး၊ မိန်းမတွေမှာ ဆံထုံးကို အထွတ်အမြတ်ထားကြတော့ မြန်မာ့ရိုးရာမှာ ခေါင်းလျှော်တဲ့ဓလေ့က အရေးပါပါတယ်။
ခေါင်းလျှော်သင့်တဲ့နေ့တွေကို ‘အိုး စည် တီး’ တနင်္ဂနွေ၊ အင်္ဂါ၊ စနေနေ့ လို့ သတ်မှတ်ပြီး၊ ခေါင်းမလျှော်သင့်တဲ့နေ့တွေကို ‘က ရင် သား မွေး’ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့ လို့ သတ်မှတ်ထားခဲ့ကြတယ်။ နေ့ထူးနေ့မြတ်တွေနဲ့ ပွဲလမ်းသဘင်တွေရှိရင်လည်း အထူး အလေးအနက်ထားပြီး ခေါင်းလျှော်တဲ့ အလေ့အထရှိပါတယ်။ ရှေးခေတ် ဘုရင်တွေက ခေါင်းဆေးမင်္ဂလာရယ်လို့ ပွဲလမ်းသဘင် ကျင်းပတဲ့ အစဉ်အလာလည်း ရှိခဲ့ဖူးတယ်။
ခေါင်းလျှော်ဖို့ ခေါင်းလျှော်ရည် ဖော်စပ်တဲ့အခါ အဓိကပါဝင်တာက တရော် နဲ့ ကင်ပွန်း နှစ်မျိုးပါ။ တရော်ဆိုတာက တရော်ပင်ရဲ့အခေါက်ပါ။ တရော်ခေါက်ကို နည်းနည်းထုပေးပြီး တညသိပ်လောက် ရေစိမ်ရပါတယ်။ ကင်ပွန်းကတော့ ကင်ပွန်းသီး ကို ခေါ်တာပါ။ ကင်ပွန်းသီးအခြောက်ကို ရေတန်သင့်ရုံနဲ့ပြုတ်ပြီး အအေးခံထားရတယ်။ တရော်စိမ်ရေနဲ့ ကင်ပွန်းသီးပြုတ်ရေကို ရောစပ်လိုက်ရင် တရော် ကင်ပွန်း ခေါင်းလျှော်ရည်ကို ရပါပြီ။ အဲဒီ တရော် ကင်ပွန်း ခေါင်းလျှော်ရည်ကို ခေါင်းပေါ် လောင်းချလိုက်ပြီး ခေါင်းလျှော်လိုက်ရရင်ဖြင့် ဦးရေတင်မက ရင်ထဲအထိ အေးမြသွားတာပါပဲ။
တပ်ချုပ်ကြီး၏ အစိုးရသစ် အတွက် အမှာစကား
ကျွန်ုပ်တို့ လက်ထက်တွင် ပြည်သူလူထု ငတ်မွတ်ခေါင်းပါး စေရုံသာမက အစာရေစာ ပြတ်လတ်ကာ မြန်မာလူမျိုးများအား အမြစ်ပြတ် ချေမှုန်းရန် အတွက် ကြိုးစားခဲ့သော်လည်း အစာငတ်၍ သေသူ အရေအတွက်မှာ လွန်စာ နည်းလွန်းလှ၍ များစွာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ သို့သော်လည်း ကျွန်ုပ်တို့ အစပျိုး ဆောင်ရွက်မှုကြောင့် ပြည်သူလူထု ဆင်းရဲဒုက္ခ ရောက်နေရသည့် မြင်ကွင်းများမှာ များစွာ ပီတိ ဖြစ်စရာ ကောင်းလွန်းလှပါသည်။ ဘယ်တော့မှ ငတ်၍ မသေပါဆိုသည့် မြန်မာ နိုင်ငံသားများအား လက်တွေ့ သတ်သေ ပြနိုင်ဖို့အတွက် ကျွန်ုပ် ကိုယ်စား တိုင်းပြည်ကို ပိုမို ပျက်စီးအောင် လုပ်ဆောင်ဖို့ ကျွန်ုပ်ကိုယ်တိုင် သေချာစီစစ် ရွေးချယ်ထားသည့် အစိုးရ အသစ်အနေဖြင့် ဆက်လက် အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက် ကြရန် ဦးသိန်းစိန် ခေါင်းဆောင်သော အရေခွံလဲ အစိုးရအား အထူးမှာ ကြားလိုပါသည်။ တိုင်းပြည်ကို ဖျက်စီးသည့် နေရာ၌ ပြိုင်စံရှားသည့် ကျွန်ုပ်၏ လုပ်ရပ်များကို အတုယူ နမူနာထားပြီး အလုံးစုံ ပျက်သုဉ်းသည် အထိ ဆက်လက် လုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါသည်။
ကျွန်ုပ်ဦးဆောင်ခဲ့သည့် တပ်မတော်သည် ယခုအခါတွင် ပြည်သူ့အသက်ကို သတ်ဖြတ်ဖို့ ၀န်မလေးသော လူသတ်သမား တပ်မတော်ကြီးအဖြစ် ရောက်အောင် စိတ်ရောကိုယ်ပါ နှစ်၍ ကြိုးစားခြင်း ရလာဒ်ကို ပြည်သူလူထု ခံစားနေရသည်မှာ လွန်စွာမှပင် ပျော်ရွှင်စရာ ကောင်းလွန်းလှပေသည်။ ရာထူးနှင့် စည်းစိမ်ချမ်းသာအတွက် ဆိုလျှင် ယနေ့ တပ်မတော်သားများသည် တိုင်းပြည်ကို ဖျက်စီးရန် ၀န်မလေးလှသလို ပြည်သူလူထုကို အကြမ်းဖက် နှိမ်နှင်းရန်လည်း ဝန်မလေးလှသည်ကို တွေ့မြင်ခဲ့ရ၍ တိုင်းပြည်ပျက်စီးကာ ပြည်သူလူထု ဒုက္ခရောက်မှ ပျော်ရွှင်ရသည့် ကျွန်ုပ် အနေဖြင့် နှစ်ခြိုက်စရာ ကောင်းလွန်းလှသည်။
ဗမာ့မှိုက်သရိုက်များ
ကိုယ့်ကိုယ်ကိုဖော်
ဗမာပြည်မှာရော တခြားတိုင်းပြည်မှာပါ လူကြီးလူကောင်းအမည်ခံလူတွေ ရှိကြပါတယ်။ အထက်တန်းလွှာလို့လဲ ကိုယ့်ကိုယ်ကို သမုတ်တတ်ကြတယ်။ ရေပေါ်စီ၊ လူ့မလိုင်၊ လူ့လွယ်အိတ်တွေလို့လည်း အများက သမုတ်တတ်ကြပါတယ်။ မြို့ရဲ့ မျက်နှာဖုံး၊ နိုင်ငံရဲ့ ဥသျှောင်လို့လဲ အရှက်မရှိ ကိုယ့်ကိုယ်ကို သမုတ်ကြပြန်သေးတယ်။
ဒါတွေရှိကြတယ်
အဲဒီလူတွေမှာ အာဏာပါဝါရှိတယ်၊ ငွေအသဗျာရှိတယ်၊ ဥစ္စာဓနကြွယ်ဝတယ်၊ အခြွေအရံ အသင်းအပင်း ပေါတယ်။ ထို့အတူပင် လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ မာန် မာနတွေ၊ အာဃာတတွေ၊ မစ္ဆရိယစိတ်တွေလည်း ထုနဲ့ထည်နဲ့ ရှိနေကြတယ်။
မွေးနေ့လက်ဆောင်
တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီး တယောက် ရှိသတဲ့။ ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ စိတ် အနှောင့်အယှက် ဖြစ်ဖွယ်ကောင်း လောက်အောင် တားမနိုင်ဆီးမရ ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။
တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့ နူးညံ့ပြီး လူကြီးလူကောင်း ဆန်တယ်။ ငါ့ရဲ့ အီးပေါက်တတ်တဲ့ အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး” လို့ တွေးမိပြီး ပဲကြီးလှော်စားတဲ့ အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။ ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာသူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက် ပြန်လာရမှာမို့ နောက်ကျမယ်ဆိုတဲ့ အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက် အကြောင်းကြားထားလိုက်တယ်။
ပန်းရောင်းတဲ့ ကလေးငယ်
အလုံမီးပွိုင့်မှာပါ မီးပွိုင့်မိနေတုန်း ကလေးလေး တစ်ယောက် သုံးတန်းကလေး အရွယ်လောက်ပေါ့ စံပယ်ပန်း လာရောင်းပါတယ်။ ဒါနဲ့ သနားလို့ဆိုပြီး ၅၀၀ ဖိုး ၀ယ်ပြီး ပန်းကို မယူတော့ဘူးလို့ ပိုက်ဆံက မုန့်ဝယ်စားလိုက်လို့ ပြောတော့ ကလေးလေးက ပြန်ပြောပါတယ်။ ပန်းလေး ယူသွားလိုက်ပါတဲ့။ ပန်းကို မယူတော့ဘူး ပိုက်ဆံလည်း ပြန်ပေးစရာ မလိုဘူးလို့ ထပ်ပြောလိုက်ပါတယ်။ ကလေးလေးက ငိုမဲ့မဲ့နဲ့ ပြောပါတယ်။ ယူသွားလိုက်ပါ အစ်မရယ်တဲ့။ ဘာလို့လဲလို့ မေးလိုက်တော့၊ သားတို့ကို ပန်းမကုန်ရင် ပြန်မလာနဲ့လို့ ပြောထားလို့ပါတဲ့။ မီးပွိုင့်ကလည်း စိမ်းနေပြီဆိုတော့ ပန်းလေးကို ယူခဲ့လိုက်ပြီး ပန်လိုက်ပါတယ်။
အချိတ်ထမီ ဒီဇိုင်းသစ်များ ရက်လုပ်လျက်ရှိ
ယခင်နှစ် ကုန်ခါနီး လများ ကတည်းက စမ်းသပ် တီထွင်လျက်ရှိသော အမရပူရမြို့နယ်ရှိ ပိုးထည်၊ ချည် ထည်၊ အချိတ်ထမီ လုပ်ငန်းများမှ နေ၍ ထမီ အဆင် ဒီဇိုင်းသစ်များကို ဇန်န၀ါရီလပိုင်းတွင် စတင် ရက်လုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။ အမျိုးသမီးဝတ် အချိတ်ထမီ ပိုးထည်များမှာ အမျိုးသား ၀န်ကြီးများ၏ ကြောင်တောင်တောင် ၀တ်ဆင်မှုကြောင့် ယခုနှစ်တွင် ဈေးကွက်အတွင်း နေရာ ယူလာသည်နှင့်အမျှ ထပ်မံ၍ ထမီအဆင်သစ်များ တီထွင် ရက်လုပ်နေကြောင်း အမရပူရမြို့ အချိတ်ပန်းချီ လုပ်ငန်းရှင်တစ်ဦး ပြောသည်။ “ချိတ်ထမီတွေက အရင်တုန်းကဆိုရင် အမျိုးသမီးတွေပဲ သီးသန့် ၀တ်တော့ ဈေးကွက်က အမျိုးသမီး ဈေးကွက်ပဲ ရှိတာပေါ့ဗျာ။ အခုတော့ အမျိုးသား ၀န်ကြီးတွေပါ ၀တ်ဆင်လာတော့ ဈေးကွက် နှစ်ဆ တိုးတာပေါ့။ မကြာမီ လွှတ်တော်တက်မယ့် အမတ်မင်းတွေလဲ လွှတ်တော်ထဲမှာ ၀န်ကြီးများ နည်းတူ ထမီဝတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ ထမီဝတ်လေ ကျွန်တော်တို့အတွက် အဆင်ပြေလေပေါ့ဗျာ” လိုအပ်ချက် တခု
ဒီနေ့ည ၈နာရီလောက်မှာ ကျမက အင်တာနက်က forward mail တွေ။ သတင်းတွေကို ဖတ်နေတုံးမှာ။ အနားမှာထိုင်ပြီး ကျောင်းအိမ်စာတွေလုပ်နေတဲ့ အသက် ၁၂ အရွယ်။ ၆တန်းကျောင်းသူ ကျမသမီးက။ စာတွေလုပ်နေရင်းက ဒီနေ့ ထူးထူးခြားခြား ကျမကို မေးခွန်းမေးလာပါတယ်။
မေမေရေ။
ဒေါ်အောင်ဆန်းစုကြည်ကလေ အခုသူ့အိမ်မှာ ဘဲနေနေတာလားတဲ့။
မေမေ သမီးကို ပြတဲ့ အိမ်မှာဘဲလားတဲ့။
သူဒီနေ့ ဘာတွေလုပ်သလဲတဲ့။
အခု သူဘာတွေ လုပ်နေလဲတဲ့။
ကျမဘယ်လို ပြန်ဖြေရမလဲဟင်။ ကျမ ပြန်ဖြေမိတာကတော့---
သမီးရေ
သူလဲသမတ အိုဘားမားတို့လို၊ တိုင်းပြည်နဲ့ ပတ်သတ်တဲ့ အကျိုးပြု လုပ်ငန်းတွေ လုပ်နေတာပေါ့။
ဒါဆိုရင် ဘာဖြစ်လို့ သူလုပ်တာတွေကို သမီးတို့က မသိရတာလဲတဲ့။
သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဘာလို့ မပါတာလဲတဲ့။
ဦးသန်းရွှေကို ထောက်ခံခြင်း
မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲ အခမ်းအနားတစ်ခုတွင် ခပ်တည်တည် ပြောကြားသွားခဲ့သည်။ ကျွန်ုပ် အနေနှင့်လည်း တာဝန်သိ အမျိုးချစ်ပြည်သူတယောက် ပီသစွာ ခပ်ပြောင်ပြောင် ဖော်လို လိုက်ရသည်ရှိသော်-
စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။
ဖက်ဆစ်လက်သစ်ဝါဒ အလိုမရှိဘူး
မြန်မာ့အရေးနှင့် ပတ်သတ်ပြီး မိမိနိုင်ငံ အကျိဲုးစီးပွားတခုသာကြည့်ပြီး သန်း ၆၀ နီးပါးရှိသော စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူများ၏ ဒုက္ခအပေါင်းကို လျစ်လျုရှုပြီး စစ်အာဏာရှင်အား အားပေးနေသော တရုတ်နှင့် ဂျာမဏီ အပါအဝင် စစ်အာဏာရှင်၏ မတရားသော ရွေးကောက်ပွဲအား ထောက်ခံနေသော နိုင်ငံများကို အထင်သေးရှုပ်ချပါတယ်။
“တိုင်းသူ ပြည်သားတွေရဲ့ ဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးမျိုးရှိနေရင် အများပြည်သူတို့ရဲ့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်”။
ဗိုလ်ချုပ်အောင်ဆန်း
ကျော်သူရေးတဲ့ အစိမ်းရောင်လူသား
ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘ၀သက်တမ်း။
ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။
ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။
ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။
သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။
လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။
ဘ၀တွေက ဖရိုဖရဲ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။
ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။
ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။
ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။
မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။
သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။
လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။
ဘ၀တွေက ဖရိုဖရဲ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။
အတို့အဆိတ်
စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ စည်း .. သင် ဘယ်စည်းထဲမှာလဲ။
မြန်မာ့နိုင်ငံရေး ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များ၊ လူများ၊ သတင်း မီဒီယာများ ပြောကြဆိုကြ နားရှုပ်စရာ ကြားနေရတယ်။
ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ တိုက်ပွဲဖြစ်နေတဲ့ နိုင်ငံရေးက နှစ်ပေါင်း များစွာ အထင်အရှားပါ။ အာဏာသိမ်း စစ်အစိုးရက ၉၀ ခုနှစ် ရွေးကောက်ပွဲ လုပ်ပေးတယ်။ အန်အယ်လ်ဒီ ဒီချုပ်က အပြတ်အသတ် နိုင်တယ်။ ၉၀ ရွေးကောက်ပွဲ ဒီအစိုးရကလည်း အသိအမှတ် မပြုဘူး။
- ပြောင်ပြောင်ပဲ ပြောင်ပြောင်ပဲ။- လူထုလည်း အရေးမစိုက်ဘူး။
- ဘယ်နိုင်ငံကိုမှလည်း အရေးမစိုက်ဘူး။
- ကုလသမဂ္ဂကြီးတောင် အရေးမစိုက်ဘူး။
- ဘယ်သူက ဘာများကော တတ်နိုင်ကြလို့လဲ။
- ဟော … လာပြန်ပြီ ရွေးကောက်ပွဲတဲ့။
စစ်အာဏာရှင်တို့ ရာသက်ပန် အုပ်စိုးမယ့် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနဲ့ စစ်အုပ်စု အနိုင်အပိုင် အောင်နိုင်ရေး သေချာတဲ့ အပြင်အဆင်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ နိုဝင်ဘာ ၇ ရက်မှာ စစ်အစိုးရက လုပ်ပေးမယ်တဲ့လေ။
လူထုကို ထာဝရ စစ်ကျွန်ဖြစ်ဖို့ စစ်အုပ်စုရဲ့ အစီအမံကို အတည်ပြုပေးရမယ့် ၂၀၁၀ ရွေးကောက်ပွဲ… ဒီမိုကရေစီပါတီတွေ ၊ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်ယှဉ်ပြိုင်သင့်သလား?
ပါဝင် ယှဉ်ပြိုင်ကြရင်တော့ စစ်အာဏာရှင်ဖက်က အလိုလို ဖြစ်သွားကြပါလိမ့်။ လူထုကို မဲဝင်ပေးကြရင်လည်း စစ်ကျွန်ပြုဖို့ကို သဘောတူ ရွေးကောက်တင်မြောက်ရာ ကျပါလိမ့်မယ်။
ပြည်သူ့အတွေး ဒီလိုတွေးပြီး အန်အယ်လ်ဒီ ဒီချုပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်၊ ရွေးကောက်ပွဲ မ၀င်ကြဘူးလို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ ၀င်လိုက်ကြတယ်။
ချီးစားတဲ့ မသူတော်များကို တိုက်ထုတ်ကြလော့
အမှတ်မှား အထင်မှားနေကြသည်
အချို့လူတို့သည် ထမင်းဟုထင်ရသော သံပူခဲများကို မျိုဆို့ကြ၏။ အချို့လူတို့မှာ ထမင်းဟုထင်မှတ်ရသော ချီးများကိုစားကြ၏။ အချို့သောသူတို့သည် နူနာစွဲနေသည်ကို ဆင်ဖြူတော်ဟု ယူဆကြ၏။ အချို့သော သူတို့မှာကား ရွေးချယ်ပွဲကို ရွေးကောက်ပွဲဟု မှတ်ထင်နေကြလေကုန်၏။ ထိုသူတို့အားလုံးတို့သည် မအပ်သောအရာ၊ မသင့်သောအရာ၊ မမြတ်သောအရာတို့ကို အပ်သည်၊ သင့်သည်၊ မြတ်သည်ဟု ထင်ကြကုန်သောကြောင့်၊ ဖောက်ပြန်သူများပင် ဖြစ်လေတော့၏။ ထိုသူတို့သည် ဖောက်ပြန်သည့်အတွေးအခေါ် မိစ္ဆာဒဿနကြောင့် ဖောက်ပြန်သည့်အယူအဆကြောင့် မိစ္ဆာဒိဋ္ဌိများပင် ဖြစ်လေတော့၏။ လွန်လေကုန်သော အတိတ်ကာလတို့၌လည်း ဖောက်ပြန်ခဲ့ကြပြီး၊ ရောက်ဆဲ ယ္ခုပစ္စပ္ပန် ၌လည်း ဖောက်ပြန်နေကြ၏။ ရောက်လတ္တံ့သော အနာဂါတ်ကာလ၌ ထိုသူတို့သည် ဖောက်ပြန်ကြဦးမည်ဖြစ်၏။
ဖယ်ရှားသုတ်သင်ရမည်
ထိုသို့သောသူတို့သည် လူသားနှင့်လောကကြီးအတွက် အကျိုးမရှိ၊ အပြစ်ကိုသာ ရှေးရှုခြင်းရှိလေရကား ထိုထိုဖောက်ပြန်သူတို့ လူ့လောကတွင် ရှိနေခြင်းသည် ဓမ္မ(တရား၊ မှန်ကန်၊ လျှော်ကန်၊ သင့်မြတ်) နှင့်ယှဉ်သော အမှုကိစ္စတို့၌ ဆူးငြောင့်ခလုတ်သဖွယ် ဖီလာနေခြင်းကြောင့် လူသားနှင့် လောကကြီးအတွက် အန္တရယ်ပင်ဖြစ်လေတော့၏။ ထိုသို့ ဖောက်ပြန်သူတို့ကို လူ့လောကကြီးမှ ဖယ်ရှား၊ သုတ်သင်ရန် လိုအပ်ပေ၏။ ထိုသို့ ဖယ်ရှား သုတ်သင်မှ သာလျှင် လူသားတို့သည် ကြီးပွားချမ်းသာပြီး တရားဓမ္မအား ပွားများ ဆောက်တည်မူ ပြုနိုင်မည်ဖြစ်သည်။ လောကကြီးလည်း တည်ငြိမ်အေးချမ်း သာယာဝပျောကာ များစွာ လှပနိုင်မည်ဖြစ်သည်။
၂၀၁၀- အနိုင်ကြဲကြစို့
“၂၀၁၀- အနိုင်ကြဲကြစို့”
မင်းမနိုင်- မိအေး
၂၀၊ ၁၀၊ ၂၀၁၀။
လေးစားရပါတဲ့ စာချစ်သူမိတ်ဆွေ အောက်ပါဆောင်းပါးဟာ စကားပြေရေးဟန်မဟုတ်ပဲ အတို့အဆိတ် ဆောင်းပါးပုံစံဖြင့် စာရေးသူက သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ကျစ်ကျစ်လစ်လစ် ပေါ်လွှင်အောင် ရေးသားထားခြင်းဖြစ်ပါတယ်။ စာရေးသူဟာ ပြည်တွင်းမှ နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်ပါသဖြင့် အမည်မဖေါ်ပြပေးနိုင်တာကို နားလည်ပေးစေချင်ပါတယ်။ ဝေဖန် အကြံဉာဏ်ပေးချက်များကို အညာနွေမှထပ်ဆင့် ပြောကြားပေးပါမည်။
ဖြစ်ရပ်မှန်
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဟူသော စကားပုံသည်လော ဆိုရိုး သည်လော ထိုသောဝေါဟာရသည် လွန်စွာအံ့မခန်း မှန်ကန်လွန်းလှပါတော့၏။
ကျွန်ုပ်အဝင်ပါဖြစ်သော သက်ရှိလူသားတို့သည် မိမိတို့ မှီတင်းနေထိုင်ရာ ပထဝီရေမြေကို လိုက်၍ ဒေသခံတို့၏ ဓလေ့စရိုက်နှင့် အမူအကျင့်တို့သည် မြားမြောက်စွာ ကွဲပြားခြားနား ကြကုန်လေ၏ ဆိုခြင်းကို အထူးရည်ညွန်းရန် မလိုအပ်လှပေ။ ဒေသအရပ်တစ်ခုမှသည် ပတ်ဝန်းကျင်တစ်ခုတို့၏ ဓလေ့စရိုက်တို့သည် ရံခါတွင် လွန်စွာမှ ဆန်းပြားကြကာ လားလားမှ စေ့စပ်၍မရလောက်အောင်လည်း ကွဲပြားခြားနားကြကုန်၏။ ပြောမယ့်သာပြောရတာပါ ငိုအား ထက်ရီအားသန်လား ရီအားထက်ငိုအားသန်လားတော့မသိ အူကြောင်ကြောင်ဖြစ်မိတာ ကတော့ အမှန်ပါဘဲ။ လူတို့၏ သဘာဝအရ စား၊ ဝတ်၊ နေရေး ဆိုတဲ့ အကြောင်းသုံးပါး ထည်းက ပုံစံအမျိုးမျိုးနဲ့ အဟာရကိုမှီဝဲပြီးလျှင် ဒီတိုင်းနေလို့ မရတဲ့ကိစ္စကတော့ဖြင့် အိမ်သာတက်ရခြင်းပါဘဲ။ အိမ်သာတက်ခြင်းအမှုကို ပွဲတော်တစ်ခု အလား စည်စည်ကားကား ကျင့်ပကြတဲ့ ရွာသားအချို့ကို မိမိကိုယ်တိုင် ကြုံတွေ့ ခဲ့ရဘူးပါတယ်လို့ ပြောရပါလျှင်တော့ ယုံကြည်နိုင်ကြပါမည်လား?။ ကျွန်တော့်အသက် ခပ်ရွယ်ရွယ်လောက်တုန်းကပါ မြန်မာပြည် အောက်ပိုင်း ဒေသခံတိုင်းရင်းသားတွေနေတဲ့ တောမကျ မြို့မကျ ရွာကြီးတစ်ရွာကို ကျွန်တော်ရောက်ရှိသွားခဲ့ဘူးပါတယ်။
စိတ်ဝင်စားစရာ၊ ဝမ်းနည်းစရာ၊ ရွံရှာစရာများနှင့် တို့ပြည်ဗမာ
ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးမှ အကြီးအကဲများ၏ စေတနာအမှန်ဖြင့် ကျွမ်းကျင်နိုင်နင်းသော ပညာရှင်တို့ဖြင့် ခေတ်မီပစ္စည်းများသာ အသုံးပြု၍ တည်ဆောက်ပေးခဲ့သော တောင်ကြီး JTC အဆောက်အဦကြီးတခု၏ ဆန်းပြားဒီဇိုင်းဖြင့် အထပ်ပါပုံအတိုင်း မြင်ကြရမည်ဖြစ်သည်။
Subscribe to:
Posts (Atom)






