အချိတ်ထမီ ဒီဇိုင်းသစ်များ ရက်လုပ်လျက်ရှိ

ယခင်နှစ် ကုန်ခါနီး လများ ကတည်းက စမ်းသပ် တီထွင်လျက်ရှိသော အမရပူရမြို့နယ်ရှိ ပိုးထည်၊ ချည် ထည်၊ အချိတ်ထမီ လုပ်ငန်းများမှ နေ၍ ထမီ အဆင် ဒီဇိုင်းသစ်များကို ဇန်န၀ါရီလပိုင်းတွင် စတင် ရက်လုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။ အမျိုးသမီးဝတ် အချိတ်ထမီ ပိုးထည်များမှာ အမျိုးသား ၀န်ကြီးများ၏ ကြောင်တောင်တောင် ၀တ်ဆင်မှုကြောင့် ယခုနှစ်တွင် ဈေးကွက်အတွင်း နေရာ ယူလာသည်နှင့်အမျှ ထပ်မံ၍ ထမီအဆင်သစ်များ တီထွင် ရက်လုပ်နေကြောင်း အမရပူရမြို့ အချိတ်ပန်းချီ လုပ်ငန်းရှင်တစ်ဦး ပြောသည်။ “ချိတ်ထမီတွေက အရင်တုန်းကဆိုရင် အမျိုးသမီးတွေပဲ သီးသန့် ၀တ်တော့ ဈေးကွက်က အမျိုးသမီး ဈေးကွက်ပဲ ရှိတာပေါ့ဗျာ။ အခုတော့ အမျိုးသား ၀န်ကြီးတွေပါ ၀တ်ဆင်လာတော့ ဈေးကွက် နှစ်ဆ တိုးတာပေါ့။ မကြာမီ လွှတ်တော်တက်မယ့် အမတ်မင်းတွေလဲ လွှတ်တော်ထဲမှာ ၀န်ကြီးများ နည်းတူ ထမီဝတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ ထမီဝတ်လေ ကျွန်တော်တို့အတွက် အဆင်ပြေလေပေါ့ဗျာ” 

 ဟု ဆက်လက် ရှင်းပြသည်။ ယခုကဲ့သို့ မြန်မာ့ရိုးရာ အချိတ် ထမီများအား အမျိုးသား ၀န်ကြီးများက ခေတ်နှင့်အညီ ဒီဇိုင်းအဆင် အမျိုးအစားသစ်များစွာဖြင့် ရွေးချယ်ဝတ်ဆင်မှု များပြားလာသည် နှင့်အမျှ ဈေးကွက် ခိုင်မာမှု ရှိလာ သောကြောင့် အဆင်ဒီဇိုင်း အမျိုးအစားသစ်များကို ပိုမိုတီထွင် ရက်လုပ်မှု များပြား လာလျက်ရှိကြောင်း သိရှိရသည်။



 
Mdandalay Gazette (Cobra)    
ဟဒယ နှလုံး ရွှင်ပြုံးနိုင်ကြပါစေ။

No comments: