Showing posts with label Myanmar. Show all posts
Showing posts with label Myanmar. Show all posts
ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသ ရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် အစိုးရစစ်တပ်များသာ နေရာယူ အခြေ ချ ထားလိုက်ခြင်းကြောင့် ဖားကန့်ပြည်သူများအတွက် တနိုင်တပိုင်ဝမ်းရေး ရှာဖွေစားသောက်ရန် အခက်အခဲဖြစ်လာကြောင်း ဖား ကန့်ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလတွင်း အစိုးရစစ်တပ်မှ အင်အားတိုးချ လာသောကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် တိုက်ပွဲ ဖြစ်ကာ KIA ဖက်မှ နောက်ဆုတ်ထားလိုက်ချိန်မှစ၍ ကျောက်စိမ်းတူးဖော်ရေးနယ်ြေ မများတွင် အစိုးရကုမ္ပဏီများ နေရာယူလာခြ င်း ဖြစ်သည်ဟု သိရသည်။
ငရဲပန်းများဆီသို့
အားလုံးသိကြတဲ့အတိုင်း ကျွန်မဟာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ်။ ဖားကန့်ဆိုတာ နာမည် ကျော် ကျောက်စိမ်းတွေ ထွက်တာကြောင့် လူသိများထင်ရှားပြီး ငွေရှာလို့ ကောင်းတယ်ဆိုပြီး ပြောကြဆိုကြတဲ့ နေရာဖြစ်ပါတယ်။ ကောင်းတာတွေနဲ့ ကျော်ကြားသလို မကောင်းတာတွေနဲ့ ကျော်ကြားတာလည်း ဖားကန့်ဘဲ ဖြစ်ပါတယ်။ ဘယ်လို မကောင်းတာနဲ့ ကျော်ကြားတာလဲဆိုတော့ ဥပမာ ပြောရရင် မူးယစ်ဆေးဝါးတွေ ပေါများတာ၊ လူငယ်တွေ အကျင့်စာရိတ္တ ပျက်စီးကုန်တာ၊ ငွေ လွယ်လွယ်ရှာလို့ ရတာကြောင့် ငွေကြေးကို တန်ဖိုးမထားတတ်တာ၊ ငွေကြောင့် မကောင်းတာမှန်သမျှ နယ်မြေအတွင်း အလွယ်တ ကူရနိုင်တာ စသဖြင့် မကောင်းတဲ့ ကျော်ကြားမှုတွေက များပြားလှပါတယ်။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါး ပြဿနာဟာ အလွန် ကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ ငယ်စဉ်ကတည်းက ဖားကန့်ဒေသဟာ မူးယစ်ဆေးဝါး အလွန်ပေါများပြီး မူးယစ်ဆေး ကြောင့် ဘဝပျက်ရသူ၊ စီးပွားပျက်ရသူ၊ အိမ်ထောင်ပျက်စီးရသူ စသဖြင့် မရေတွက်နိုင်အောင် များပြားလှပါတယ်။ ဖားကန့်နယ်မြေ ရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အရင်ကတည်းက စာရေးဖို့ ရည်ရွယ်ခဲ့ပါတယ်။
အန္တရာယ်ကြီးလှတဲ့ မူးယစ်ဆေးဝါးဟာ ကျွန်မတို့ ဖားကန့် နယ်မြေမှာ အလွယ်တကူ ဝယ်ယူရောင်းချ ကြပါတယ်။ အလွယ်တကူ သုံးစွဲနိုင်ကြပါတယ်။ မျက်စိရှေ့မှာတွင် သွေးကြောထဲကို အဖြူရောင် မူးယစ်ဆေးတွေ ထိုးသွင်းနေတာ၊ မူးယစ်ဆေး သုံးစွဲနေရင်း အသက်ပျောက်သွားတာ၊ အကြောထဲ ဆေးသွင်းနေရင်းတန်းလန်း သွေးစက်စက်ယိုကျနေတဲ့ သူတွေ၊ မူးယစ်ဆေးကြောင့် ဘဝ ပျက်ပြီး သွားစရာမရှိ၊ နေစရာမရှိ လမ်းဘေးမှာ စုတ်ပြတ်ဆင်းရဲစွာ နေနေကြရတာတွေဆိုတာ မမြင်ချင်မှအဆုံး အမြဲတမ်းလိုလို မြင်နေခဲ့ရပါတယ်။ ခုချိန်ထိလည်း ရှိဆဲဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေးပြား) စသည်တို့ဟာ နေရာတော်တော်များများမှာ အလွယ်တကူ ရောင်းချနေကြပါတယ်။ အဲဒီလို ရောင်းချနေတဲ့ နေရာတွေ၊ အိမ်တွေကို လည်း အဲဒီအရပ်ဒေသမှာ နေထိုင်သူအားလုံး သိရှိကြပါတယ်။ ထူးဆန်းတာက လူတိုင်းက အဲဒီရောင်းချတဲ့ အိမ်တွေကို သိကြပေ မယ့် အဖမ်းအဆီး မခံကြရဘဲ ရောင်းချမြဲ ရောင်းချနေကြတာပါပဲ။
India needs a federal foreign policy
Since most States share an international boundary, they need to be involved and consulted on external affairs that affect them
The competitive populism in Tamil Nadu over the situation of Tamils in Sri Lanka has generated a great deal of alarm in New Delhi over the manner in which political issues relating to a State have begun impinging on India’s foreign and security policies. Though somewhat over the top, the Dravidian parties have a point, but a general one rather than the specific case they are advocating.
The general point is that in any country, the people have a right to advocate and push for a particular foreign and security policy. Given our linguistic, ethnic, religious and ideological divisions, these views often come across as those belonging to this or that section. That, too, is legitimate. But at the end of the day, this diverse country must have a single policy and its execution must be the responsibility of its federal government.
Sectional interests
The government structure as such does not cater to these sectional interests; in other words, there are no constitutional or institutional mechanisms to relay those interests. So, with Union governments taking the form of coalitions, they have become vulnerable to party or sectional pressure which often takes the form of pure blackmail.
၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာ ပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့် အား လျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေဖော် ပြလိုက်ရခြင်းဖြစ်ကြောင်း။။ (ဗိုလ်ဥတ္တမကျော်)
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်း ကို ခံယူကြရတော့မယ်။ ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ ယနေ့ ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီသီး ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲဘော်တို့ အသီးသီး မှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတနိုင်ငံ လုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ် မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထားတာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ်မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံနှင့်အမျိုးကို မ တင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်းကလို တခြားနိုင်ငံ တခြား အမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့ အ မျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ်ရ ဘူး။
ခြစားမှုခင်းများနှင့် မြန်မာထိပ်တန်းအရာရှိကြီးများ - by Larry Jagan
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ ၂ သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်း ဇော် (ယခု ကချင်ပြည်နယ်ဝန်ကြီး) လည်း စစ်ဆေးခံရသည်ဟု ဆိုသည်။ ထိပ်ပိုင်း လူကြီး ၆၀ အနက် ၂၀ မှာ ယာယီ ထိန်းသိမ်းခံ ထားရသည်။
တရုပ်ကုမ္ပဏီ Huawei and ZTE တို့က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များ ရရန် ကြိုးစားနေကြ ပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း ၁၅၀ ချေးငှားပြီး ဆက်သွယ်ရေး ၀ါယာကြိုး များ ရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ ဆ ဈေးကြီးပြီးရောင်းခဲ့သည်။ ဆက်သွယ်ရေး ကန်ထရိုက်များအတွက် ထူးကုမ္ပဏီ အုပ်စု အီလိုက်နှင့် ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။
ယုံကြည်မြတ်နိုး ၉၆၉ နှင့် ၎င်း၏ ဂယက်များ
ပဋိပက္ခ ဂရုပြု သတင်းစာပညာ သင်တန်းသားများ စုပေါင်းရေးသားသည်။
အသက် ၃၀ အရွယ် မဝေဝေက သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကစပြီး တက္ကစီငှား ရမ်းသည့်အခါ ၉၆၉ အမှတ်တံဆိပ်ပါတဲ့ တက္ကစီကိုသာ ငှားရမ်းစီးနင်းတဲ့အကြောင်း ပြောသည်။
သူ့အနေနဲ့ ဘာကြောင့် ၉၆၉ အမှတ်တံဆိပ်ပါသည့် ကားကိုရွေးချယ်ရ သလဲ ဆိုသည် နှင့် ပတ်သက်၍တော့ “ဘာလို့ အဲ့ဒီတံဆိပ်ပါတဲ့ကားကို စီးရတာလဲဆိုတော့ ကိုယ့်လူ မျိုးဆိုတော့ ပိုလုံခြုံမယ်ထင်လို့ပါ။ ဗုဒ္ဓဘာသာဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း ပါ တာပေါ့” ဟု ပြောသည်။
သူမသည် နိုက်ကလပ် တခုမှာ ကိုယ်ခန္ဒာကိုရင်းပြီး စီးပွားရှာနေတဲ့ မိသားစုတာဝန်အား တစ်ဦးတည်း ထမ်းဆောင်နေရသူလည်း ဖြစ်သည်။
၎င်းသည် အမျိုးသားနှင့် လင်မယားအဖြစ်မှ ပြတ်စဲသည်မှာ ၃ နှစ် ရှိပြီဖြစ်ပြီး ကလေး ငယ် ၃ ဦးနှင့် အိမ်စရိတ်များအတွက် ညစဉ် အလုပ်တာဝန်မှာ ရပ်နား၍ မရကြောင်းသူမက ဆက်လက်ပြောသည်။
၉၆၉ အမှတ်တံဆိပ်၏ အဓိပ္ပါယ်မှာ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာဂုဏ်တော် (၉) ပါးတို့ စုပေါင်းထား သည့်အတွက် ထိုအမှတ်တံဆိပ်အား ဆောင်ထားပါက ဘေးအန္တရာယ်ကင်းခြင်း၊ လာဘ်လာဘပေါများခြင်းစသော ကောင်းကျိုးတ ရားများ ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းအမှတ်တံဆိပ် ဆောင်ထားသူ မဝေေ၀ ၏ မိတ်ဆွေတက္ကစီသမားက ဆိုသည်။
၎င်းက “ကျွန်တော့် ကားမှာ ၉၆၉ အမှတ်တံဆိပ် တပ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကားဆိုတာ သိပြီး လူတွေများများ တင်ရအောင် လို့ပါ။ဒါပေမဲ့ မွတ်စလင်တွေ ငှားတာ၊ မွတ်စလင်တွေ စုပြီးနေတဲ့ နေရာတွေတော့ မသွားရဲဘူး”ပာု ပြောသည်။
Two Myanmarese, three others held for drug trade
New Delhi, April 4 (IANS) Five people, including two Myanmarese nationals and a former Assam Rifles officer, have been arrested for smuggling pseudoephedrine tablets of worth Rs.15 crore to northeastern states of India and Myanmar, police said Thursday.
"Zel Khan Mong and Dongh Lian Kham, native of Burma, Lianza Daula and C. Zoram Thanga of Mizoram and Vikas Bathla of Delhi were held with 140 kg of loose pseudoephedrine tablets and 50 kilogram of pseudoephedrine powder," said Additional commissioner of Police Ravindra Singh Yadav.
Yadav said these tablets were in high demand in the international market and used for preparing other party drugs - ecstasy and ice.
On March 19, police arrested Thanga and his three associates near Peeragarhi flyover in west Delhi. On checking their vehicle, police recovered 10 boxes containing white tablets, while five boxes containing white powder weighting 100 kilogram.
အင်ဒိုနီးရှားမှာအသတ်ခံလိုက်ရသောမြန်မာများ
အင်ဒိုနီးရှားနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခုမှာ မြန်မာနဲ့ မွတ်စလင်များ ဒီနေ့ အချင်းများ တိုက်ခိုက်ကြ ရာကနေ ၈ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရတယ်လို့ AP သတင်း ဌာနကဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆုမတြား မြောက်ပိုင်းခရိုင်မှာရှိတဲ့ အဲဒီထိမ်းသိမ်းရေး စခန်းမှာ အင်ဒိုနီးရှား ကမ်းခြေကို လှေနဲ့ ခိုးဝင်တဲ့ မွတ်စ လင် ၁၀၀ နဲ့ ငါးခိုးဖမ်းမှုကြောင့် အဖမ်းခံရတဲ့ မြန်မာ ၁၁ ဦးကို အတူတူ ချုပ်ထားခဲ့ကြောင်း နယ်မြေခံရဲချုပ် Enfro Kiswanto က ပြောပါတယ်။
ရဲချုပ်က မျက်မြင်သက်သေတွေကို ကိုးကားပြောဆိုတာကတော့ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမားတွေဟာ မြန်မာပြည် မှာဖြစ်နေတဲ့ ဘာသာရေး၊ လူမှုရေး အဓိကရုဏ်း ကိစ္စတွေကနေစပြီး အချင်းများကြတာဖြစ်ကြောင်း၊ တုတ်ဆွဲဓားဆွဲ တိုက်ခိုက်ခဲ့ ကြတာဖြစ်ကြောင်း ဆိုပါတယ်။
မြန်မာ ၈ ယောက်သေပြီး မွတ်စလင် ၁၅ ယောက် ဒဏ်ရာရပါတယ်။ တခြား မြန်မာ ၃ ဦးကတော့ အထိအခိုက်မရှိ လွတ်သွား တယ်လို့ ရဲချုပ်ကပြောပါတယ်။ သေဆုံးသွားသူတွေကို ခရိုင်မှာရှိတဲ့ မေဒင် ဆေးရုံမှာ ပို့ဆောင်ထားကြောင်း သိရပါတယ်။
“ဓားတွေ ဘယ်လို ရှိနေကြ တယ်ဆိုတဲ့ ကိစ္စအပါ အဝင်အဖြစ်အပျက်ကို စုံစမ်းတုန်းပါ။ သူတို့ကို လာရင်းနေ ရပ်ဆီ မြန်မြန်ပြန်ပို့ပါ တော့မယ်” လို့ ရဲချုပ်က AP သတင်းဌာနကို ပြောထားတယ်။
Not this road, Burma
Myanmar’s transition from military rule to democracy was never going to be easy, and the violent events of March show why it will be more complicated than previously thought. Contrary to the notion that democracy and pluralism go together, the new Burma is becoming a hot spot of sectarian violence. For sure, the problem is not with democracy, but with the use of ethnicity and sectarianism to assert political identity. Myanmar is a patchwork of ethnic groups, aside from the majority, mainly Buddhist, Burmans. The political and economic inequalities between them grew during military rule as the generals, themselves from the majority community, fostered Burman nationalism. But they kept a lid on ethnic and sectarian differences with an iron grip. With that gone, and political and economic changes sweeping through Myanmar, some among the Burmans want to position their community as the country’s foremost group. It was this impulse which turned a simple argument into communal attacks on the minority Muslims in Meiktila and took the lives of more than 40 people. As the tensions spread, President Thein Sein imposed an Emergency in some cities. However, the confrontation was foretold when Buddhists in the Rakhine province, who are ethnically different from the Burmans, went on a rampage against the Rohingyas, a Muslim community that Myanmar refuses to accept as its citizens. The fears expressed then — that those attacks would not remain restricted to the Rohingyas, but would affect other Muslims who are full citizens of the country and are an integral part of the country’s fabric — have tragically come true.
In country after country in South and South East Asia, political and ruling elites have found it easier to mobilise supporters along ethnic and communal lines than doing the hard slog of governance. They use long-nursed grievances against smaller ‘other’ groups to hide their own shortcomings in building just societies. Myanmar was supposed to start off on a better path, because its democratic leader Aung San Suu Kyi is seen as different. Parallels are often drawn between her and Nelson Mandela, the greatest contemporary symbol of political reconciliation. Disappointingly, Ms Suu Kyi, an opposition member in the Myanmar parliament, was quiet on the Rohingya issue; and she has made no significant public statement about the latest wave of rioting. The incidents have cast a pall on the political reforms under way. If her personal sacrifices for democracy are not to go in vain, Ms Suu Kyi must use the extraordinary popularity and moral authority she enjoys in her country to assert that Myanmar, with its pluralist history, is ill served by Buddhist majoritarianism.
Subscribe to:
Posts (Atom)








