Showing posts with label တိုင်ကြားစာ. Show all posts
Showing posts with label တိုင်ကြားစာ. Show all posts

သြဇာပြနေကြသော ရန်ကုန်တိုင်းအရှေ့ပိုင်း ဆေးရုံကြီးပေါ်က ဆေးရုံဝန်ထမ်းများ

ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းများသည် ဆေးရုံတက်  ရောက်သူလူနာများ၊ လူနာစောင့်များနှင့် ဧည့်သည်များ အ ပေါ်တွင် ဩဇာပြ၍ မချေမငံဆက်ဆံနေကြကြောင်းသိရသည်။ "ကျွန်မက နှလုံးသွေးကြောကျဉ်းလို့ ဆေးရုံလာတက်တာပါ ဆေးရုံ ကို ရောက်လာတော့လမ်းလျှောက် နိုင်ပါ သေးတယ်။ အဲဒါကို ဆေးရုံဝန်ထမ်းတွေက တွန်းလှည်းနဲ့ အတင်းခေါ်ပြီး ကျွန်မတက်ရ မယ့် အဆောင်ကိုလိုက်ပို့ ပေးတယ်။ မစီးချင်ဘူးဆိုရင်လည်း အော် ငေါက်သေးတယ်။ X-ray ရိုက်မယ့် ဓာတ်ခွဲခန်းကို သွားတော့ လည်းလမ်းလျှောက် သွားနိုင်ရဲ့သားနဲ့ တွန်းလှည်းကြီးနဲ့ အတင်းလာခေါ်တယ်။ ပြီးတော့တွန်းလှည်းခ တောင်းတယ်။ ကိုယ်က လည်း အကြွေမရှိဘူး။ တစ်ထောင်တန်လည်း မပေးချင်ဘူးလေ။ ဒါကြောင့်ပြန်အမ်းပေးဖို့ ပြောတော့ တစ်ထောင်တန်ပေးပါ ပြန် အမ်းပေးမယ်ဆိုပြီးတောင်းတယ်။ ကျွန်မက မပေးဘူးအကြွေရရင်လာ ယူဆိုတော့မှ အကြွေယူလာပြီး ပိုက်ဆံလာ တောင်းတယ်" ဟု ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးပေါ်တွင် နှလုံးသွေးကြောကျဉ်းရောဂါနှင့်တက်ရောက်နေသူ လူနာတစ်ဦးထံမှ သိရ သည်။ 

အဆိုပါဆေးရုံတွင် မနက်တိုင်း ပိုးသတ်ဆေးဖျန်း၍ သန့်ရှင်းရေး ပြုလုပ်လျက်ရှိရာ ပိုးသတ်ဆေးနံ့မခံနိုင်သော လူနာများက စင်္ကြံ များသို့ ထွက်၍ အနံ့ရှောင်သောအခါတွင် လည်းအော်ဟစ်ငေါက်ငမ်း၍ လူနာများအား ခုတင်ပေါ်တွင်သာနေရန် ဆူပူ လျက်ရှိ ကြောင်း သိရသည်။ "အဖွားက အသက် (၈၀) ရှိ ပါပြီ နှလုံးကြီးလို့ ဆေးရုံလာတက်တာ ပါ။ ပိုးသတ်ဆေးတွေဖျန်းတော့ အနံ့တွေ ကမခံနိုင်လို့စင်္ကြံန်မှာသွားနေတာ။ အဲဒါကို ခေါင်းလောင်းလိုက်တီး နေတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်က အထဲ ကိုဝင်အပြင်မှာ

အများသိစေရန် မန္တလေးစည်ပင်သာယာမှ လူမဆန်သော လုပ်ရပ်အချို့

အများသိစေရန်.....

မန္တလေးစည်ပင်သာယာမှ လူမဆန်သော လုပ်ရပ်အချို့ ၃၁၊ ၁၀၊ ၂၀၁၂ နေ့ ညနေ ၁၀ ခန့်တွင် ဖြစ်ပွားခဲ့သော အမှိုက်ကန်နှင့် အမှိုက်ပစ်ခြင်း ကိစ္စရပ်တစ်ရပ်။

မန္တလေးမြို့စွန် ၂၂ (စီ) လမ်း ယောမင်းကြီးဈေးရှိ အမှိုက်ပုံတွင် ညနေ ၁၀ တွင် ကားဖြင့် အမှိုက်သွားပစ်ရာ ထောင့်တနေရာမှ မန္တ လေးစည်ပင်ဝတ်စုံ ၀တ်ဆင်ထားသော လူဆယ်ယောက်ခန့်သည် ထွက်လာပြီး ကားကို တားလေသည်။ ကားလိုင်စင် စစ်တယ် မှတ်လို့ ကားကို ရပ်တန်းပေးလိုက်ရာ ကားပေါ်မှ လူကိုဆင်းခိုင်းပြီး ဒီနေရာအမှိုက်မပစ်ရဟု ပြောပြီး ဒဏ်ငွေ ၆၀၀၀၀ ဆောင်ခိုင်း ပါတယ်။ မဆောင်နိင်ရင် ကားဒစ်စ၀ိုင်း သိမ်းမယ်လို့ပြောပါတယ်။ 

ကျနော်က ကြည့်လိုက်တော့ အဲဒီအမှိုက်ပစ်ရ ဆိုင်းဘုတ်မရှိတဲ့အပြင် ဘယ်အချိန်မှ ဘယ်အချိန်ထိ အမှိုက်ပစ်ချိန်ပါလို့ ရေးသား ထားခြင်း မရှိပါ။ ထိုသို ငြင်းလိုက်သောအခါ အမှိုက်ပစ်တဲ့အချိန် ကျော်သွားပြီလို့ပြောပါတယ်။ ကျနော် ဒီကိစ္စ မဖြစ်နိင်ဘူး နေ့တိုင်း နေ့တိုင်းအမှိုက်ကို ဒီအချိန်ပစ်နေကြလို့ ပြောတော့ မဆိုင်ဘူးဆိုပြီး စည်ပင်လူတွေ ၀ိုလိုက်ကြတယ် ကျနော်က ကြောက်တော့ အများကြီးမပြောဘဲ စည်းမျဉ်းအရ ၆၀၀၀၀ မဖြစ်နိင်ဘူးလို့ ပြောလိုက်တယ်။ ၁သောင်းခွဲ ဆောင်ခိုင်းပြန်တယ်။ ကျနော် အမှိုက်ပစ် လာရုံ သက်သက်ဘဲ ဘယ်လိုလုပ်ပိုက်ဆံပါမှာလဲလို့ ပြောတော့ ကားဒစ်စ၀ိုင်းကို အတင်းဖြုတ်သိမ်းပြီး ဘောက်ချာ ရေးပေးတယ်။ စည်ပင်ကလူတွေကို ကြည့်လိုက်တော့ ရဲဝတ်စုံဝတ်ထားတဲ့ သူကို တွေ့တယ်။ ထိုသူကိုလည်း သိတယ် မြို့နယ်ရဲစခန်းက ရဲပါ။ အဲဒီအချိန်မှာ ရပ်ကွက်နေသူတွေကလည်း သူစီကိုယ်စီ အမှိုက်လာပစ်နေကြတာကိုတွေ့တယ်။ ရပ်ကွက်က လူတွေကိုလည်း ဖမ်း နေတာကို တွေခဲ့တယ်။ ကျနော်ဒီလိုနဲ့ ကြောက်လို့အငြင်းမပွားဘဲ ပြန်လာခဲ့တယ်။

နေပြည်တော်မှ အရေးယူပေးပါရန် တိုင်ကြားခြင်း


အမည်။          ။ ဗိုလ်ကြီးရဲဇော်သိုက် (ကြည်း) ၃၇၁၅၈။ (သိပ္ပံနှင့်တပ်မတော် နည်းပညာတပ်၊ သပိတ်ကျင်း)
မွေးနေ့။             ။ ၂၈၊ ၉၊ ၁၉၈၆။
မိဘအမည်။        ။ ဦးဆွေဝင်း+ ဒေါ်ခင်အေး
နေရပ်လိပ်စာ။     ။ အောင်ချမ်းသာရပ်ကွက်၊ ရွှေဘိုမြို့။

အရေးယူပေးကြပါရန်
ရုရှားမှာရှိစဉ်က အွန်လိုင်းပေါ်တွင် တိုင်းရင်းသူ မနန်း (အမည်မှန်ကို ဖေါ်ပြရန် မဖြစ်သဖြင့် ချန်လှပ်ရ ပါသည်) ဆိုသော ရှမ်းအမျိုးသမီး တဦးနှင့်ချစ်ကြိုက်ပြီး ရန်ကုန်ပြန်အရောက်တွင် ယူပါမည်ဟု ကတိပေးပြီး အောက်ပါ နေရာများတွင် ကာမ ရယူခဲ့ပါသည်။

၁၃ ရက်၊ ဂျူလိုင်၊ ၂၀၀၉ မှာ Great ဟိုတယ်။
၁၄ ရက်၊ ဂျူလိုင်၊ ၂၀၀၉ မှာ မြေနီကုန်းက SWEET ဟိုတယ်။
၂၁ ရက်၊ ဂျူလိုင်၊ ၂၀၀၉ မှာ ဘရင့်နောင် Green Palace ဟိုတယ်။

တိုင်းရင်းသူ အမျိုးသမီးလေးမှာ လက်ထပ်ယူဘို့ပြောသောအခါ ပညာအရည်အချင်း အထက်တန်း မအောင် ၍ ရာထူးမတက်မည် စိုးသောကြာင့် ရှောင်ပြေးသည်။ ယ္ခု သတင်းကြားသည်မှာ ဗိုလ်ကြီး ရဲဇော်သိုက် (ကြည်း ၃၇၁၅၈) သည် တခြားမိန်းခလေး တယောက်နှင့် စေ့စပ်ထားပါသည်။ သို့ပါသောကြောင့် ကာယ ကံရှင် တိုင်းရင်းသူ မိန်းခလေး တယောက်၏ နစ်နာမှုကို နေပြည်တော်မှ အရေးယူပေးပါရန် လေးစားစွာ ပန်ကြား အပ်ပါသည်။

၁၁ အရွယ် သမီးငယ် မြင့်သိင်္ဂီဆွေအား ညှင်းပန်းနှိပ်စက်ခြင်းနှင့် နစ်နာချက်များအား တင်ပြခြင်း


ဆက်ဖတ်ပါရန်ကို နှိပ်ပြီး အောက်တွင် ကလေးသူငယ်များဆိုင်ရာ ဥပဒေနှင့် နှိပ်စက်ခံရသည့် ကလေးငယ်၏ ဓာတ်ပုံများကို ကြည့်ရှုပါရန်

H-R-W-DN သို့ တိုင်ကြားခြင်း

 ဆက်ဖတ်ပါရန်ကို နှိပ်ပြီး အောက်တွင် အသေးစိပ်ဖတ်ရှုပါရန်။ အောက်တွင် (၄) မျက်နှာမျှ ရှိပါသေးသည်။

သံတွဲမြို့ ခရိုင်ဆေးရုံကြီး၏ လာဘ်စားမှုကြီး

သံတွဲမြို့ ခရိုင်ဆေးရုံကြီးမှ ခရိုင်ဆရာဝန်ကြီးနှင့် စာရေးကြီး ဦးတင်အောင်တို့သည် ခရီးသွားဗီစာ တစ်စောင် (တစ်ဦးလျှင်) ၂ဝဝဝဝ (နှစ်သောင်း) ကျပ်နှုံးဖြင့် စီးပွါးရေး သောင်းကြမ်းနေသည်မှာ  ၁၉၉၃ နှစ်မှစ၍ ယနေ့ထိ တိုင်ပင် ဖြစ်ပါသည်၊ ခရိုင်ဆရာဝန်ကြီး အဆက်ဆက် ပြောင်းသော်လည်း ဈေးနှုံး မပြောင်းခဲ့ပါ၊ စာရေးကြီး ဦးတင်အောင်ကမူ ၁၉၉၃ ခုနှစ်မှစ၍ အပြောင်းအလဲ မရှိပဲ ယ္ခုထိ လာဘ်စား၍ ကြီးပွါးလျှက် ရှိနေပါသည်၊ အစ္စလာမ် ဘာသာကိုးကွယ်သူတို့မှာ  ကျန်းမာရေး မကောင်းပါ၍ဟူသော ဆေးစာပြနိုင်မှ သာလျှင် လ.ဝ.က ရုံးမှ ဗီစာ ရရှိနိုင်သောကြောင့် ဖြစ်ပါသည်၊ ဆေးစာဟု ဆိုရာတွင်လည်း မည်သည့်မြို့  မည်သည့်နိုင်ငံမှ ရေးပေး လိုက်သော ဆေးစာကို မဆိုလိုပါ၊ ၎င်းဆေးစာများကိုလည်း သံတွဲမြို့ လ.ဝ.က ရုံးမှ  လက်မခံပါ၊ သံတွဲမြို့ဆေးရုံ ဆေးခန်းများမှ ထုတ်ပေးသော ဆေးစာ ဖြစ်မှသာလျှင် ဗီစာလျောက်၍ ရပေသည်၊ အထက်ပါ လာဘ်စားခြင်းကို  မည်သို့ လုပ်ရအံ့နည်း၊  ၁၈ နှစ်တိုင်တိုင် လာဘ်စားနေခြင်းကို မည်သူက မည်သို့ အရေးယူ ဆောင်ရွက် ပါမည်နည်း၊ ယ္ခုလက်ရှိ ခရိုင်ဆရာဝန်ကြီးနှင့် အချီကြီးစား၍ ကြီးပွါးနေပါသော စာရေးကြီး ဦးတင်အောင်တို့အား မည်သူတို့က မည်သို့ အရေးယူ ဆောင် ရွက်ပါမည်နည်း။ မိုးနတ်မင်းကြီးတို့ရေ  လူအများ ဒုက္ခရောက်အောင် လုပ်နေပါသော ငိုစား၊ ရီစား သတ္တဝါ နှစ်ကောင် အား  ထိမ်းချုပ်ပေးတော်မူကြပါရန် တောင်းဆိုပါ၏ခင်ဗျား။  မန္တလေးဂေဇက်မှ ကူးယူပါသည်။

အင်တာနက် အိတ်ဖွင့်ပေးစာ

သို့                                                                                                                        
ဥက္ကဋ္ဌ
ပြည်ခိုင်ဖြိုးပါတီ

အကြောင်းအရာ။        ။ မြောက်ဥက္ကလာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးအား စုံစမ်း စစ်ဆေး အရေးယူပေးပါ။ 

မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ဖောင်တော်ဦးဘုရား လမ်းမကြီး ပေါ်တွင် တည်ရှိနေသော ဓမ္မလင်္ကာရ ဘုန်းတော်ကြီးကျောင်းဝင်း ရှိနေပါသည်။ ထိုကျောင်းဝင်း အတွင်း၌ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအား လွန်ခဲ့သော ၁၀ နှစ်ခန့်မှ စ၍ ကိုယ်ထူ ကိုယ်ထ ကြိုးစားရပ်တည်၍ ဒေသခံ ကလေးသူငယ်များ၏ အခြေခံပညာရေးအား မြင့်မား နိင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ဦးစီးကာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ရာ ဒေသခံ ကလေးသူငယ်များ ပိုမိုအဆင်ပြေစွာ စာသင်ကြား လာနိင်ခဲ့ပါသည်။ သို့သော် ယခုနှစ် စာသင်နှစ်တွင်မူ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၏ ပဒေသာပင် အလှူငွေ ၁၂ သိန်းကျော် အား ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးမှ ထုတ်ယူသုံးစွဲသွားသဖြင့် အခက်အခဲများ ကြုံတွေ့နေရပါသည်။

ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ကိုစန်းထွေးဆိုသူမှာ ချဲနှစ်လုံးထီဖြင့် တရားမ၀င် စီးပွားရှာခဲ့ ရာမှ   ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒမဲကာလ သြဂုတ်လ (၂၉) ရက်နေ့ မဲရုံဝင်းအတွင်း ၌ မဲရေတွက်မှု့လေ့လာရန်ရောက်ရှိလာသော NLD လူငယ် အဖွဲ့ဝင်ဟောင်း ကိုအေးသောင်း ဆိုသူအား လက်စွမ်းပြ ထိုးကျိတ်ခဲ့သဖြင့် အမှုရင်ဆိုင်ဖြေရှင်းခဲ့ရခြင်း၊ နိင်ငံရေး အင်အားစု များအား အကြမ်းဖတ် ဖြေရှင်းရန် ကြိုးစားလေ့ရှိခြင်း၊ ညစဉ် ဖောင်တော်ဦးဘုရား လမ်းမကြီး ပေါ်ရှိ တံတားပေါ်တွင် အရက်ဝိုင်းဖွဲ့၍ လူမိုက် လက်သက် မွေးကာ ပါတ်ဝန်းကျင်အား အစဉ် ထိတ်လန့် နေစေပါသည်။ ယခု ၂၀၁၁ ခုနှစ်တွင်မူ ဓမ္မလင်္ကာရဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ပဒေသာပင်အလှူငွေများအား ငါ့အဖေ ဦးဌေးဦးဟာ ငါသုံးတယ်ဆို၍ ထုတ်ယူ သုံးစွဲသွားကြောင်း ၂၀၁၁ခုနှစ်၊ ဧပရယ်လ ၁၃ ရက်နေ့