နိုင်ငံရေးသမား ရောင်းရန်ရှိသည် - အပိုင်း (၃)


ငွေကြေး၊ အာဏာနဲ့ OSI
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုံးက ဗြိတိသျှသံရုံး ဧည့်ခန်းမှာ ထားလေ့ရှိတဲ့ စာအုပ်တအုပ်ကို အမှတ်ရမိတယ်။ အဲဒီစာအုပ်ကတော့ အရပ်ဘက် အဖွဲ့အစည်း /လူထုအခြေပြုအဖွဲ့အစည်းလို့ခေါ်တဲ့ Civil Society Organization တွေကို မြန်မာနိုင်ငံမှာ အများအပြား ထူထောင်ပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ ကြပ်မတ်ထိန်းချုပ်မှုနဲ့ အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရထူထောင်ရေး ဆိုတဲ့ အတွေးအခေါ်ကို မလေးရှား စာရေး ဆရာ တယောက်ရေးထားတဲ့ စာအုပ်ပါ။ ထူးခြားတာကတော့ မူရင်းက အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ စာအုပ်ဖြစ်ပေမဲ့ သံရုံးဧည့်ခန်းမှာ ရှိတာက မြန်မာဘာသာပြန်စာအုပ်ဖြစ်နေတဲ့ အချက်ပါ။ မြန်မာ ဘာသာပြန်ဆိုပေမဲ့ မြန်မာ နိုင်ငံက စာရေးဆရာ တယောက်ယောက် ဘာသာပြန်တာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ဝေတဲ့ စာအုပ်လည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီစာအုပ်ကို ဗြိတိသျှ သံရုံးဧည့်ခန်းမှာ အမြဲတွေ့ရတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရကို ဖြုတ်ချရေး အကြံဥာဏ်ပေးတဲ့ စာအုပ်တအုပ်ကို ဗြိတိသျှ သံရုံးမှာ တွေ့ရတော့ စိတ်ထဲမှာ နည်းနည်း ထူးဆန်းမိတယ်။ လူထုအခြေပြုအဖွဲ့အစည်းလို့ ခေါ်တဲ့ အဖွဲ့အစည်းတွေအသုံးပြုပြီး ဖြုတ်ချရေး နည်းလမ်းကို အကြံပေးထားတော့ အတွေးအခေါ်သစ်တရပ် လို့လည်း ထင်မှတ်မှားစရာ ဖြစ်တယ်။

ဒါပေမဲ့ နောက်တော့ ဒီစာအုပ်ကို ရန်ကုန်က လူငယ်တချို့ရဲ့ အိမ်တွေမှာ မိတ္တူစာအုပ်အဖြစ် တွေ့လာရ တယ်။ ဒီတော့မှ ဒီစာအုပ်ရဲ့ မူလလမ်းကြောင်း ရေသောက်မြစ်ကို သိလာရတယ်။ တကယ်တော့ အဲဒီစာ အုပ်ကို ဘာသာပြန်ထုတ်ဝေတာက လူငယ်တွေကြားမှာ အေစီလို့ ရေပန်းစားခေါ်ဝေါ်ကြတဲ့ အမေရိကန် သံရုံးရဲ့ ပြန်ကြားရေးဌာနကပါ။ အဲဒီ အမေရိကန် စင်တာကနေ လူငယ်တွေကို သင်တန်းပေါင်းများစွာ တိုးတိုးတိတ်တိတ်ပေးခဲ့တာဟာ မဝေးသေးတဲ့ ကာလတခုမို့ အားလုံးမှတ်မိကြမှာပါ။ အဲဒီသင်တန်းတွေထဲ က သင်တန်းတခုကနေ ထုတ်ဝေဖြန့်ချိတဲ့ စာအုပ်ပါ။ စာအုပ်ကို ထုတ်ဝေ ဖြန့်ချိရုံတွင် မကဘူး။ အဲဒီစာအုပ် ရေးတဲ့ စာရေးဆရာပါ မြန်မာနိုင်ငံကို အရောက်လာပြီး အဲဒီ အမေရိကန် စင်တာမှာပဲ အရပ်ဖက် အဖွဲ့အစည်းတွေကို အသုံးပြုပြီး အစိုးရဖြုတ်ချရေးနည်းလမ်းကို ဆွေးနွေးပို့ချခဲ့ဖူးပါတယ်။ သင်တန်းတက်ဖူး တဲ့ လူငယ်တွေ မှတ်မိကြပါလိမ့်မယ်။

နိုင်ငံရေးသမား ရောင်းရန်ရှိသည် - အပိုင်း (၂)


အစိုးရနဲ့ ခရိုနီတို့က ငွေပေးဖျက်ဆီးခြင်း
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

နိုင်ငံရေး သမားတွေ ငွေကြေးနဲ့ အခွင့်အရေးယူကြတာကို ဝေဖန်ကြတဲ့ အထဲမှာ ကျယ်ကျယ် လောင်လောင် အဝေဖန်ခံရပြီး တုန့်ပြန် ငြင်းခုန်မှုလည်း တော်တော်များတဲ့ ဖြစ်ရပ်တခုကတော့ မကဒတ ခေါ် ABSDF ခေါ် ကျောင်းသားတပ်မတော်ရဲ့ ကားအစီး ၆၀ ကိစ္စဖြစ်ပါတယ်။

တကယ်တော့ အစိုးရက ကားပေးသတ်တာကို ပျော်ပျော်ကြီး ခံသွားကြသူတွေဟာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနီးနီး ဖြစ်ပါတယ်။ အပစ်မရပ်နိုင်သေးတဲ့ ကချင်၊ တအာင်း၊ လားဟူ အဖွဲ့တွေလောက်ပဲ ကျန်ပါတယ်။

ကားယူသူတို့ရဲ့ ကျင့်ဝတ်သိက္ခာ

အားမနာတမ်း ဝေဖန်ရရင် အဲဒီအဖွဲ့တွေဟာ မော်တော်ကားနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာလဲလှယ် လိုက်ကြတာပါပဲ။

ဒီလို အဖွဲ့အစည်းအားလုံး အနက်မှာ မကဒတ ကျောင်းသားတပ်မတော်ကို တော်တော်လေး ပိုပြီး ဝေဖန်ကြတာကိုတွေ့ရတယ်။ ဘာ့ကြောင့် သူတို့ကို ပိုပြီး ဝေဖန်ကြသလဲ။

ဖြစ်နိုင်တာကတော့ မကဒတ အပေါ်လူတွေက ပိုပြီး မျှော်လင့်ချက်ထားကြလို့ ဖြစ်မယ်ထင်ပါတယ်။ မကဒတကိုတော့ ဒီလိုမျိုးကားနဲ့ လာဘ်ထိုးလို့ ရမှာမဟုတ်ဘူးလို့ လူတွေက ထင်ထားကြလို့ ဖြစ်မယ် ထင်ပါတယ်။ ဖိနှိပ်တဲ့ အစိုးရတရပ်ကို လက်နက်နဲ့ အံတုပုန်ကန်တဲ့ ကျောင်းသားတပ်မတော်ဆိုတာ ကမ္ဘာ့ သမိုင်းမှာတောင် ရှာမှရှားမဟုတ်လား။ မကဒတဟာ ပြည်သူ့ရန်သူကို ပြတ်ပြတ်သားသား လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရဲတယ်၊ တိုင်းပြည်အတွက် သက်စွန့်ဆံဖျား ဆောင်ရွက်ဝံ့တယ်ဆိုတဲ့ သမိုင်း အစဉ်အလာရှိခဲ့တယ်။ အသက်စွန့်သွားတဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ဒါ့ကြောင့်လည်း လေးစား အထင်ကြီး ကြတာ မျှော်လင့်ချက်ထားကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဒီလိုမျှော်လင့်မိလို့လည်း ပိုပြီး စိတ်ပျက်ကြပုံရပါတယ်။

နိုင်ငံရေးသမား ရောင်းရန်ရှိသည်



နိုင်ငံရေးဈေးသစ်ကြီးနဲ့ ငွေရှင်ကြေးရှင် အာဏာရှင်များ
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)


ဒီနေ့ မြန်မာနိုင်ငံမှာ ဈေးကွက်ကို ဘုရားသဖွယ် ကိုးကွယ်လာနေလိုက်ကြတာ ခုတော့ အားလုံးဟာ ရောင်းကုန် ဖြစ်ကုန် တော့တာပဲ။

လုပ်အားကလည်းရောင်းကုန်၊ လုပ်ပိုင်ခွင့်ပါမစ်ကလည်း ရောင်းကုန်၊ ပညာရေးကလည်း ရောင်းကုန်၊ မိန်းကလေးတွေ ကလည်း ရောင်းကုန်ဖြစ်လာတယ်။ ကုန်ကုန်ပြောရရင် နာမည်ကြီး ဓမ္မကထိက ဘုန်းတော်ကြီးတချို့ရဲ့ တရားပွဲတွေကို တောင် ရောင်းကုန်လို့ သဘောထားပြီး လုပ်စားသူ တွေ ရှိလာတယ်။

အဲသလို ပေါ်ထွက်လာတဲ့ ရောင်းကုန်တွေ အနက်မှာ ဈေးအပေါဆုံး နောက်ဆုံးပေါ် ရောင်းကုန်ကတော့ နိုင်ငံရေးသမား ဆိုတဲ့ ရောင်းကုန်ပဲ။

နိုင်ငံရေးသမားတွေကို ရောင်းနေဝယ်နေလိုက်ကြတာ တော်တော်များများလည်း ဈေးတည့်ကုန်ပါပြီ။ ဝယ်လို့ မရတဲ့ နိုင်ငံရေးသမားဆိုတာ နည်းနည်းပါးပါးပဲ ကျန်လိမ့်မယ်။ တော်တော်နည်းပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းအား နိုင်ငံခြားသားပညာရှင်က (ဖွတ် ပဲ လွှင့်ပစ်လိုက်) လို့ ဝေဖန်ခဲ့

ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အပြီးမှာတော့ အကယ်ဒမီဆု ရသင့်တယ်လို့ ပရိသတ်က မျှော်မှန်းထားတဲ့သူတွေ ရသွားလို့ ပရိသတ်များကျေနပ်ခဲ့ရသလို မျှော်မှန်းထား သော်လည်း မရခဲ့တဲ့အတွက် မချိတင်ကဲနဲ့ ဝေဖန်ပြောဆိုသံတွေဆူညံခဲ့ပါတယ်။ နောက်ပြီး အကယ်ဒမီပေး ပွဲရဲ့ အပြင်အဆင် တင်ဆက်မှုတွေအပေါ် ကြိုက်သူတွေရှိသလို မနှစ်သက်ကြတဲ့သူတွေလည်း အများအ ပြားပါပဲ။

မြန်မာ့ရုပ်ရှင်လောကဟာ အစိုးရသစ်လက်ထက်ကစပြီး ဆင်ဆာအဖွဲ့တွေဖျက်သိမ်း လွတ်လပ်တဲ့ မြန်မာ့ ရုပ်ရှင်အစည်းအရုံးတွေထူထောင်ပြီး ကိုယ့်လမ်းကိုလျှောက်ခဲ့ကြပေမဲ့ လက်တွေ့မှာ အောင်မြင်မှု မရရှိသေး သလို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ လူစိတ်ဝင်စားမှု အင်မတန်လျော့ကြလာတယ်လို့ မြန်မာရုပ်ရှင် ချစ်သူ ပရိသတ်ကြားမှာ ဝေဖန်မှုတွေ ဆူညံခဲ့ပါတယ်။

ပိုင်ရှင်ရှိ လယ်ယာမြေများပေါ်မှာ ပုဂ္ဂလိက ကုမ္ပဏီကို ရွှေတူးခွင့်ပေး


ဦးတင်ဌေးဆိုသူပိုင် ရွှေမြရီကုမ္ပ္ပဏီက လုပ်ကွက် ၈ ကွက်မှာ အခုလို ရွှေရှာဖွေနေတာ ဖြစ်ပြီး ဘိုးဘွားပိုင် လယ်ယာမြေတွေ ပျက်စီးကုန်တဲ့ အဲဒီ တောင်သူဦးကြီးတွေနဲ့ ရင်းနှီးသူ ဗန်းမောက်မြို့ခံတဦးက အခုလို ပြောပြပါတယ်၊

“ဦးဝင်းမောင်၊ ဦးကျော်ဖေ ပိုင်ဆိုင်သော ဂရန်ပေါက်ပြီး လယ်မြေတွေကို SBM 263 အနေနဲ့ ရွှေမြရီ ကုမ္ပဏီကနေပြီးတော့မှ နိုင်ငံတော်မှာ လျှောက်ပြီးမှ လယ်သမားရဲ့ ခွင့်ပြုချက် မရပဲနဲ့ ရွှေတူးဖော်ရေး လုပ်နေတာ။ လယ်ယာမြေပါရင် နိုင်ငံတော်ကနေ ခွင့်မပြုဘူးလို့ ပြောတာကို အခု အဲဒီ ရွှေမြရီ ကုမ္ပဏီကို ဘယ်လိုလုပ် ခွင့်ပြုလဲ ကျွန်တော်တို့လည်း မပြောတတ်ဖူး။ ဘာဖြစ်လဲ ဆိုတဲ့အခါကျတော့ အဲဒီ ဒေသမှာ ရှိတဲ့ ကျွန်တော်တို့ လယ်ယာမြေတွေဟာ တောင်သူတွေဟာပေါ့လေ၊ ဒီတိုင်းသာ သွားမယ်ဆိုရင် ၂၀၁၂ ခုနှစ် ကုန်ပိုင်းလောက်မှာ ကျွန်တော်တို့ အဲဒီက လယ်ယာမြေတွေက အကုန်လုံး ကုန်သွားမဲ့ သဘောရှိတယ်။ ကျွန်တော်တို့ ရွှေတူးတဲ့အခါကျတော့ ဒီ လယ်ယာမြေတွေ အကုန် ပျက်စီးသွားလိမ့်မယ်ပေါ့ဗျာ။”

ကျောက်ဖြူ ကွေ့ဂန် ဓါတ်ငွေ့ပိုက်လိုင်း


ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်ပြည်ကွေ့ဂန်မြို့ အထိ ကီလိုမီတာ (၂၅၀၀) ရှည်လျားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းကြီး အောက်တိုဘာ (၂၀) ရက်နေ့ကစပြီး ရာနှုန်းပြည့်အသုံးပြုနိုင်တာကို တရုတ်စာနယ်ဇင်းတွေက ကြိုဆိုကြပါတယ်။ ဗိုလ် ချုပ်ကြီးမင်းအောင်လှိုင်ရဲ့  တရုတ်ပြည်ခရီးစဉ်နဲ့ တိုက်ဆိုင်သွားတာကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရေး ပိုက်လိုင်း အဖြစ်နဲ့လည်း ဖော်ပြကြပါတယ်။ ပိုက်လိုင်းကီလိုမီတာ (၈၀၀) က မြန်မာပြည်ထဲမှာရှိပြီး တရုတ်ပြည်ထဲမှာ ကီလိုမီတာ (၁၇၀၀) ရှိတာကိုကြည့်ရင် အနောက်တောင်ပိုင်း တရုတ်ပြည်နယ်တွေ အကျိုးခံစားရဖို့ ရည်ရွယ်တာ ထင်ရှားနေပါတယ်။

ရွှေဓါတ်ငွေ့ကြောင့် ကျောက်မီးသွေးအသုံးပြုမှု နည်းပါးလာမှာမို့ လေထုညစ်ညမ်းမှုသက်သာပြီး လောင်စာစရိတ် သက် သာမယ်လို့ တရုတ်ကွန်မြူနစ်ပါတီပိုင် Global Times မှာ အောက်တိုဘာ (၂၁) ရက်နေ့က ဖော်ပြပါတယ်။ ဓါတ်ငွေ့ ရောင်းတဲ့အတွက် မြန်မာအစိုးရပိုင် ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းဟာ နှစ်စဉ်ဒေါ်လာ သန်းတစ်ထောင်ကျော် ရရှိမယ်လို့ ခန့်မှန်းပါတယ်။ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေကို ဆန္ဒပြကန့်ကွက်လို့ ထောင်ကျသွားသူလည်းရှိပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ ရခိုင်ပြည်သူတွေ ဆုံးရှုံးနစ်နာပြီး တရုတ်နဲ့ ဗမာအစိုးရ အမြတ်ရတယ်လို့ ဒေသခံအဖွဲ့တွေ က မြင်ပါတယ်။

ဝန်ကြီးများခရီးစရိတ် များလွန်းကြောင်း လွှတ်တော်အမတ်များ ထောက်ပြ


လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သမ၀ါယမ ဝန်ကြီးဌာန ဝန်ကြီးတွေရဲ့ ခရီးသွားလာရေးစရိတ် ဓါတ်ဆီ စက်ဆီ အသုံးစရိတ် တင်ပြတောင်းခံငွေဟာ များပြားလွန်းနေကြောင်း ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ် တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။

နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာပါတဲ့ သမ၀ါယမဝန်ကြီးဌာနရဲ့ တင်ပြတောင်းခံငွေနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

"ဝန်ကြီး ဒုဝန်ကြီး နှစ်ပါးခရီးစဉ်တစ်ခုကြောင့် ၃ သန်းကျော်လောက်သုံးမယ်လို့ ညွှန်းပါတယ်၊ နောက်ဂျပန်နိုင်ငံကို သွားပြီးကာမှ သမဝါယမဖွံ့ဖြိုးနေတဲ့လုပ်ငန်းတွေကို လေ့လာဖို့အတွက် ၃ သန်းလောက် ထပ်လိုတယ်လို့ ကြည့်တဲ့အခါမှာ ဝန်ကြီး ဒုဝန်ကြီး နှစ်ပါးသုံးတဲ့ငွေဟာ ၇၄ သိန်းလောက်ဖြစ်သွားပြီ၊ ထပ်ပြီးတော့ ၉ သန်းလောက် တောင်းထားပါတယ်၊ ဆိုတော့ သမဝါယမ ဝန်ကြီးဌာန ရုံးအဖွဲ့အပါအဝင်က သုံးတဲ့ပမာဏ ၁ဝ၇ သန်းလောက်ရှိပါတယ်၊ အဲဒီထဲမှာ ခရီးသွားလာစရိတ်အပြင် ခုနက စက်ဆီ၊ ဓာတ်ဆီနဲ့ ပတ်သက်ပြီး ကဏ္ဍကိုကြည့်တဲ့အခါမှာ ပြန်တောင်းတာဆိုရင် ၇၄.၁၆ သန်းပါ၊ လစာရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ စက်ဆီ၊ ဓာတ်ဆီနဲ့ ချောဆီမှာ တောင်းထားတယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်"

လားရှိုးမြို့သို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦး၏ မှတ်ချက်နှင့် ကိုယ်တွေ့ဖြစ်ရပ်


လားရှိုးမြို့၊ ဘာသားရေ ပြဿနာတွင် ကျွန်တော် သွားရောက်လေ့လာလို့ရသလောက် လုံခြုံရေးယူသော စစ်တပ်နှင့်ရဲ အလွန် အင်မ တန် ညံ့တယ်ဟု မြင်မိတယ်ဗျာ၊ ဘာလို့လဲဆိုတော့ လူငယ်တွေ ဆိုင်ကယ်ကိုယ်ဆီ (၅ဝ) ဦးဝန်ကျင်လောက် ဒုတ်တွေ ဓါးတွေ ကိုင်ပြီး မြို့လျှောက်ပတ်နေတာကို ဒီအတိုင်းကြည့်နေတယ်ဗျာ။ ဒီလောက်ရမ်းကား တုတ်ကိုင်ဓါးကိုင် လမ်းပေါ် ထွက်နေတဲ့ ကောင် ကို ပစ်ပါ့လား၊ ဖမ်းပါ့လား ဘာလုပ်နေလဲ မသိဘူး သူတို့ကြည့်ပြီး ကိုယ်တောင်လက်ယားလာတယ်..။ ဘယ်မှာလဲ တရား ဥပဒေစိုးမိုးရေး...၊ဘယ်မှာလဲ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေး။ ဒီလိုကောင်တွေကို ညှာနေရင် တိုင်းပြည်ကမ္ဘာ့အလယ်မှာ မျက် နှာပျက်မှာတော့ မြင်ယောင်မိတယ်ဗျာ။

ကိုယ်တွေ့ဖြစ်ရပ်

အဓိကရုဏ်း ကိုင်တယ်ဖြေရှင်းပုံကို သိချင်၊ လေ့လာချင်လို့ ကင်မရာလေးဌားပြီး၊ လားရှိုးမြိုကို ထွက်လာခဲ့တယ် (ကိုယ်စရိတ်ကိုယ် စား) ပေါ့ဗျာ ၊ တွေ့လိုက်ရတဲ့မြင်ကွင်းတွေ က အားရစရာ တစက်ကလေးမှ မရှိဘူး။ လက်ထဲမှာ သေနတ်တွေကိုင်ထားတဲ့ စစ်တပ်နဲ့ ရဲက လမ်းပေါ် ဓါးတရမ်းရမ်း တုတ်တရမ်းရမ်း ဆိုင်ကယ်တဝီဝီသွားလာနေတဲ့ လူရမ်းကား ၅၀ယောက် တအုပ်၊ ၂၀ ယောက် လောက်တစ်အုပ် အုပ်စုလိုက် အုပ်စုလိုက် ရမ်းကားနေတဲ့ အကြမ်းဖက် လူရမ်းကားလို့ပဲ ခေါင်းစဉ်တပ်လိုက်တော့မယ် ဒီကောင် တွေက အမျိုးဘာသာကို ကာကွယ်တာမှမဟုတ်တာ လမ်းပေါ်ထွက် ရမ်းကားနေတာပဲ လူရမ်းကားပေါ့ဗျာ။ ကျွန်တော် ကတော့ ဒီလိုပဲမြင်တယ်၊ အဲ့ဒီလိုကောင်တွေကို ဘာလို့ မတားဆီး ၊

သမ္မတကြီး တောသွား တောင်သွား လယ်သမားကို တနပ်စားခိုင်းမယ်မထင်


သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။

သမ္မတနဲ့ အဖွဲ့ ချင်းတောင်သွားသတဲ့။ ရေကိစ္စ၊ မီးကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုလားပဲ။ ကောင်းတယ်ဗျာ။ လူထုဒုက္ခပဲဗျာ။ အစိုးရ ဆိုတာ သိရမှာပေါ့။ ဆင်းရဲတွင်းနက်ကြီးထဲ ခေါင်းမြုပ်အောင်နစ်နေတဲ့ ချင်းလူထုကြီးကို ကယ်တင်နိုင်တဲ့အထိ ကြိုးစားသွားကြ လိမ့်မယ်လို့ ထင်မိတယ်ဗျာ။

လယ်သမားကြီးတွေနဲ့လည်း တွေ့ဦးမယ်တဲ့ဗျ။ ဂျာနယ်သတင်းတွေမှာ တွေ့လိုက်ရတာပဲ။ ဟုတ်ပါလိမ့်ထင်ရဲ့။ တွေ့ရင်တော့ ကောင်းသပေါ့ဗျာ။ လယ်သမားတွေဆိုတာက ကျုပ်တို့တိုင်းပြည်မှာ အဆင်းရဲဆုံး မွဲချာတူးလန် ခရုဆန်ကျွတ်တွေ မဟုတ်လား။ တွေ့တဲ့အချိန်မှာ မွဲစော်နံတယ် ပြန်ဦးမယ်ဆိုပြီး ဂွတ်ဘိုင်တော့ မလုပ်တန်ရာဘူး ထင်ပါရဲ့။ 

ကတ္တီပါ ကန့်လန့်ကာ


ပွဲဦး ကရန် ခုနစ် သံချီကို ဆွယ်... ဆိုတဲ့ သီချင်း ကို အမယ် ကြီး  ကောင်း ကောင်း ကြား ခဲ့ ဖူးတယ်။
အသက် ၇၀ မကျော်ခင် အပျိုပေါက် ဘ၀ ကတည်းက ကြားခဲ့ ဖူးတာ။ ရှေးတုန်း ကတော့ အဲဒီ သီချင်းကို ပွဲမထွက် ခင် ည ၉ နာရီ ထိုးခါနီး မှာ ဇာတ်စင်က လော်စပီကာ ကြီးတွေ ဆီကနေ ကြားရ တာရယ်။ ခေတ်နဲ့ တွက်ရင် လှည်းခေတ် ပေါ့။ ခုလို တရုတ် ဆိုင်ကယ် ခေတ်၊ ဂွင်ဒေါင်း ထော်လာ ဂျီခေတ် မဟုတ်ဘူး။ သူ့ရွာ ကိုယ့်ရွာ ဘုရားပွဲ တွေမှာ ထည့်တဲ့ ဇာတ်တွေကို လှည်းတန်း ကြီးတွေနဲ့ သွားကြည့် ကြရတာ။ ရွာအနီး အဝေး ဇာတ် အကောင်း အညံ့ ချိန်ပြီး နေမ၀င် ခင်က သွားကြသလို နေ၀င်ပြီးမှ သွားကြ ရတာလည်း ရှိတယ်။ လည်ပင်း သိမ် ဖင်ပိုင်း ကြီး မြေအိုး ရေဘူး ကြီးတွေထဲ သောက်ရေထည့်၊ ထမင်း ဟင်းတွေ ဒန်အိုး ကြီးတွေထဲ ခူးခပ် ထည့် ပြီး တော့ကို သွားကြည့် ခဲ့ကြ ရတာ။

လှည်းဝိုင်း ကြီးတွေက အကြီးကြီး တွေ၊ စောစော ရောက်မှ လှည်းထိုး ရတာ ဇာတ်ခုံနဲ့ နီးတယ်။ ဇာတ်စင် ရှေ့တည့် တည့် မြေကြီးမှာ ဖျာစုတ်၊ ပုတ်စုတ် တွေ ခင်း ထားတဲ့ မြေ၀ိုင်း၊ ပြီးမှ တစ် ထွာ လောက်မြင့် တဲ့ ၀ါးကွပ် ပျစ် ၀ိုင်း၊ အဲဒီနောက် ကမှ အနိမ့် အမြင့် အလိုက် ခုတင် တွေ၊ အဲဒီ ခုတင်တွေ နောက် ကမှ လှည်းဝိုင်း က ကပ်ထိုး ရတာ။ နောက်များ ကျလို့ ကတော့ ဇာတ်ခုံ ပေါ်က မင်းသမီး မင်းသား တွေကို မှုန်မှုန်ပဲ မြင်ကြ ရတယ်။

အဲဒီတုန်း ကတော့ ပခုက္ကူ မြို့ခံ ဇာတ်တွေ ထဲက  ရွှေမန်း အောင်ဝင်းပဲ ခဏ ခဏ ကြည့်ရတာ။ တခြား ရွာကြီး တွေက ထည့်တဲ့ ရွှေနန်းတင် တို့လို မုံရွာ ဇာတ်၊ မန္တလေး ဇာတ်ကြီး တွေကိုတော့ ကြိုး ကြား ကြိုးကြား မှ ကြည့်ကြ ရတာ ပေါ့။ ဇာတ်ကြီး တွေ ဆိုတော့ အိမ်ခြေ များတဲ့ ရွာကြီး တွေမှ ထည့်နိုင် တာ ကလား၊ အဲဒီ ဇာတ်တွေ များ ပါလို့ ကတော့ နေမ၀င်ခင် ရောက်အောင် သွားနိုင်ရင် သွား၊ မသွား နိုင်လို့ ကတော့ လှည်းဝိုင်း နောက်မြီး ကနေ ဇာတ်သမီး ဇာတ်သားကို ရုပ်သေး ရုပ်လောက် ပဲမြင် ရတယ်။

မွေးကင်းစလေး၏ မွေးရာပါ ရန်သူ (နောက်ဆက်တွဲ)


“ကျွန်တော်တို့ လင်မယားလည်း ဆေးသောက်ရင်တော့ ပျောက်မှာပါ။ ဆေးရမှ ကလေး ထပ်ယူတော့မယ်” ဟု သားဦး ဆုံးရှုံးခဲ့ရ သော ဦးလနော့လထိန် က ပြောသည်။ ဇိုင်းအောင် (Zai Awng)နှင့် မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းမှ ဆရာဝန်များသည် လည်း ယင်းတို့၏ လူနာအတွက် ဆေးအမြန် ရရှိလိုကြောင်း ပြောသည်။

“HIV ရှိတဲ့ လင်မယားဆို ကလေးလိုချင်လို့ ဆေးမရောက်သေးဘူးလားလို့ ခဏခဏ လာမေးတယ်။ ကျွန်တော်တို့လည်း မတတ် နိုင်ဘူး။ ဆေးမှ မရှိတာ။ ဆေးအမြန်ရစေချင်ပြီ။ ဒီနှစ်အတွင်း ဆေးမရောက် လာရင်တော့ အခြေအနေ ဒီထက် ပိုဆိုးလာနိုင်တယ်” ဟု ဇိုင်းအောင် ဆေးရုံးမှ ဆရာမထုလွမ်က ပြောပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစကာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ AZG မှ HIV/AIDS ရောဂါရှိသူများနှင့် တီဘီ ရောဂါရှိသူများ၏ စာရင်းကောက်ခံထားရန် စခန်းတာဝန်ခံများအား ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော် စာရင်းများ ကောက်ခံပြီး ၁ လ ကျော်ကြာ သော်လည်း AZG မှ ဆေးဝါးထောက်ပံ့ ရန် ပြန်လည်အကြောင်း ပြန်ခြင်း မရှိသေးကြောင်းသိရသည်။ မဂါးယန် ဒုက္ခသည်စခန်း တွင်လည်း HIV ပိုးလာစစ်သူ ၁၀ ဦးရှိလျှင် ၇ ဦးက မူရောဂါလက္ခဏာပြနေကြောင်း ဆရာဝန် မကော့မိုင် (Doctor Kaw Mai) က ပြောသည်။

သစ်ထူးလွင်သတင်း


New York Post's Boston 'Bag Men' Front Page Called 'A New Low,' 'Appalling'


The New York Post once again found itself in trouble after it published front-page photos of two men on Thursday who it said were being searched for in connection with the Boston bombings. The problem? They were completely innocent.
The Post had already been intensely criticized for both saying that many more people had died in the attacks than turned out to be true, and for pointing the finger at a Saudi man who turned out to have nothing to do with them.
"BAG MEN: Feds seek these two pictured at Boston Marathon," the Post's front page headline blared. A clear photo of two men could be seen underneath. The Post's story said that the pictures are being circulated by investigators "in an attempt to identify the individuals highlighted therein."
The article continued, "Meanwhile, officials have identified two potential suspects who were captured on surveillance videos taken shortly before the deadly blasts, law-enforcement sources told The Post yesterday ... It was not immediately clear if the men in the law-enforcement photos are the same men in the surveillance videos."

သစ်ထူးလွင်

New Zealand Legalizes Gay Marriage; Spectators Sing Love Song "Pokarekare Ana" For Lesbian Lawmaker


The world can be a dark and scary place sometimes, but this video of spectators bursting into song after New Zealand legalized gay marriage has restored our faith in humanity (at least for today).

Malala Yousafzai


MARK SELIGER FOR TIME
People whose courage has been met by violence populate history. Few, though, are as young as Malala was when, at 15, a Taliban gunman boarded her school bus in northwestern Pakistan and shot her and two other girls, attempting to both kill Malala and, as the Taliban later said, teach a “lesson” to anyone who had the courage to stand up for education, freedom and self-determination, particularly for girls and women. Or as young as 11, when Malala began blogging for the BBC’s Urdu site, writing about her ambition to become a doctor, her fears of the Taliban and her determination to not allow the Taliban — or her fear — to prevent her from getting the education she needed to realize her dreams.