လားရှိုးမြို့သို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦး၏ မှတ်ချက်နှင့် ကိုယ်တွေ့ဖြစ်ရပ်


လားရှိုးမြို့၊ ဘာသားရေ ပြဿနာတွင် ကျွန်တော် သွားရောက်လေ့လာလို့ရသလောက် လုံခြုံရေးယူသော စစ်တပ်နှင့်ရဲ အလွန် အင်မ တန် ညံ့တယ်ဟု မြင်မိတယ်ဗျာ၊ ဘာလို့လဲဆိုတော့ လူငယ်တွေ ဆိုင်ကယ်ကိုယ်ဆီ (၅ဝ) ဦးဝန်ကျင်လောက် ဒုတ်တွေ ဓါးတွေ ကိုင်ပြီး မြို့လျှောက်ပတ်နေတာကို ဒီအတိုင်းကြည့်နေတယ်ဗျာ။ ဒီလောက်ရမ်းကား တုတ်ကိုင်ဓါးကိုင် လမ်းပေါ် ထွက်နေတဲ့ ကောင် ကို ပစ်ပါ့လား၊ ဖမ်းပါ့လား ဘာလုပ်နေလဲ မသိဘူး သူတို့ကြည့်ပြီး ကိုယ်တောင်လက်ယားလာတယ်..။ ဘယ်မှာလဲ တရား ဥပဒေစိုးမိုးရေး...၊ဘယ်မှာလဲ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေး။ ဒီလိုကောင်တွေကို ညှာနေရင် တိုင်းပြည်ကမ္ဘာ့အလယ်မှာ မျက် နှာပျက်မှာတော့ မြင်ယောင်မိတယ်ဗျာ။

ကိုယ်တွေ့ဖြစ်ရပ်

အဓိကရုဏ်း ကိုင်တယ်ဖြေရှင်းပုံကို သိချင်၊ လေ့လာချင်လို့ ကင်မရာလေးဌားပြီး၊ လားရှိုးမြိုကို ထွက်လာခဲ့တယ် (ကိုယ်စရိတ်ကိုယ် စား) ပေါ့ဗျာ ၊ တွေ့လိုက်ရတဲ့မြင်ကွင်းတွေ က အားရစရာ တစက်ကလေးမှ မရှိဘူး။ လက်ထဲမှာ သေနတ်တွေကိုင်ထားတဲ့ စစ်တပ်နဲ့ ရဲက လမ်းပေါ် ဓါးတရမ်းရမ်း တုတ်တရမ်းရမ်း ဆိုင်ကယ်တဝီဝီသွားလာနေတဲ့ လူရမ်းကား ၅၀ယောက် တအုပ်၊ ၂၀ ယောက် လောက်တစ်အုပ် အုပ်စုလိုက် အုပ်စုလိုက် ရမ်းကားနေတဲ့ အကြမ်းဖက် လူရမ်းကားလို့ပဲ ခေါင်းစဉ်တပ်လိုက်တော့မယ် ဒီကောင် တွေက အမျိုးဘာသာကို ကာကွယ်တာမှမဟုတ်တာ လမ်းပေါ်ထွက် ရမ်းကားနေတာပဲ လူရမ်းကားပေါ့ဗျာ။ ကျွန်တော် ကတော့ ဒီလိုပဲမြင်တယ်၊ အဲ့ဒီလိုကောင်တွေကို ဘာလို့ မတားဆီး ၊ မဟန့်တားတာလဲ လက်ထဲကိုင်ထားတဲ့ သေနတ်တွေမှ အားမနာဗျာ ဘာလဲ ကျည်ဆံမရှိလို့လား မဖြစ်နိုင်ပါဘူး။ ဒီအတိုင်း ရပ်ကြည့်နေတယ် ဒီလိုသာရပ်ကြည့်နေရင် ကြာလာရင်တော့ လားရှိုးလည်း ဒုတိယ မိတ္ထီလာဖြစ်မှာ မြေကြီးလက်ခတ်မလွှဲပဲ။ တပ်အင်အား၊ ရဲအင်အား ကျွန်တော့် အမြင်ပြောရရင် အတော်များပါတယ် ဒက်ဗယ် ကတ် ကားတွေနဲ့ လယ်စီး အနီတွေနဲ့တော့ လှည့်ပတ်နေတာပဲ ၊ လုံခြုံရေးဆောင်ရွက်တဲ့ အာဏာပိုင် တွေကလည်းပတ်တယ်၊ အကြမ်းဖက်ဖျက်စီး နေတဲ့ လူငယ်တွေကလည်း လျှောက်ပတ်သွားနေတာပဲ။ ဒါပေမဲ့ မင်းမဲ့စ၇ိုက်ဆန်ဆန် သွားလာနေတဲ့ လူရမ်း ကား လူငယ်တွေ (မူယစ်ဆေးဝါးများလည်းသုံးစွဲထားနိုင်ခြေများ၏) ကို ဘယ်လုံခြုံရေးမှ ထိထိရောက်ရောက် တားဆီး၊ ဖမ်းဆီးတာ မရှိသေးဘူး၊ မကြားမိသေးဘူး။

ဒါဟာ မြို့အတွက် လုံခြုံရေး စိတ်ချ၇တဲ့ အခြေအနေ မဟုတ်သေးဘူး ၁၄၄ ထုတ်တယ်ပြောတယ် ၊ဒါပေမဲ့ ကျွန်တော်က ဆေးရုံရှေ့ မှာ လုံခြုံရေးတာဝန်ယူဆောင်ရွက်နေတဲ့ တပ်မတော်က ဗိုလ်မှူး တစ်ဦးကို မေးမြန်းကြည့်တော့ သူကလည်း ၁၄၄ ထုတ်သလား ? မထုတ်သလား? တောင် သေချာမပြောနိုင်ဘူး ဒါဟာဘာသဘောလဲ..? မဖြစ်သင့်ဘူးလေ သူ့လို ဗိုလ်မှူးအဆင့်ကြီးနဲ့ ကျွန်တော့်လို ပြည်သူတစ်ယောက်ကိုရှင်းမပြနိုင်တာ အလုပ်မဟုတ်သေးဘူးလေ..။ ဒါဟာ ကိုယ်လုပ်ကိုင်နေရတဲ့ အလုပ်တာဝန်မသိတာနဲ့ အတူ တူပဲလို့ ကျွန်တော် တွေးမြင်မိပါတယ်။ ကြည့်ရတာ သူတို့ လည်း ၊ ဘာလုပ်လို့ ဘာကိုင်ရမလဲ ဆိုတာကို မဝေခွဲနိုင်သေးဘူး ထင်ပါ ၏။ ဒီလိုသာ နဝေတိမ်တောင် လုပ်နေရင် မြို့ပျက်လိမ့်မယ်ထင်တယ်ဗျာ..။

ကုလားတွေနဲ့ တရုတ်လူမျိုးတွေကတော့ သူတို့အိုးအိမ်တွေကို ပစ်ထားပြီး ဘေးလွတ်ရာအရပ်ဒေသသို့ ပြောင်းရွှေ့သွားကြတယ်လို့ တော့ ကျွန်တော်ငှားစီးတဲ့ သုံးဘီးဆိုင်ကယ် သမားလေးကပြောပြလို့ သိခဲ့ရတယ်။ မြို့ထဲမှာရှိတဲ့ ရှမ်း၊ ဗမာ အချို့ကတော့ အလွန် အင်မတန် စိုးရိမ်နေကြပါတယ်..။ နောက်တစ်ခုက သတင်းလိုက်ယူနေတဲ့ သတင်းသမား အချို့ကိုတော့ အကြမ်းဖက်လူငယ်တစုက ရိုက်နှက်လိုက်ကြပါတယ်။ ဒါကိုအရိုက်ခံရတဲ့ ကိုခွန်ဇော်ဦးနဲ့ ကျွန်တော် တွေ့ဆုံစဉ် ၎င်းမှပြောပြသဖြင့်သိရှိခဲ့ရပါတယ်၊ ကိုခွန်ဇော် ဦးနှင့် ၄င်း၏ အဖော်မှာ သံတုတ်များနှင့်နောက်ကျောများကိုရိုက်နှက်ခံရပါတယ် ကိုခွန်ဦး၏ဦးခေါင်းမှာလဲ ပေါက်ပြဲဒဏ်ရာ ရရှိလျှက် ရှိနေပြီး ဒဏ်ရာမှာ ကျွန်တော်ကြည့်နေစဉ် သွေးတိတ်လျှက်ရှိပြီး ခန့်မှန်းခြေ ၃ ချက်လောက်တော့အချုပ်ခံရနိုင်ပါတယ်။

ကိုခွန်ဇော်ဦးမှာ ဒဏ်ရာရနေသည့်ကြားမှ သတင်းဆက်လက်လိုက်ယူလျှက်ရှိနေပါတယ်။ အခုဖြစ်စဉ်တွင် ကျွန်တော် စုံစမ်း သိရှိရ သလောက် ဒဏ်ရာရသူ (၄) ဦး လားရှိုးပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိလျှက်ရှိပြီး။ ၃ ဦးမှာ ပြင်ပ ထိခိုက်ဒဏ်ရာရရှိလျှက် (မစိုးရိမ်ရ) ကျန်တစ်ဦး၏ ဒဏ်ရာအခြေအနေမှာ အနည်းငယ်စိုးရိမ်ရပါသည်။

အခုချိန်များတွင် သွေးထိုးလှုံ့ဆော်သူများသည် မိမိတို့ ရပ်ကွက် ပတ်ဝန်းကျင်တွင် ရှိနေနိုင်ပါသည်။ အချို့ လှုံ့ဆော်သူများမှာလည်း အွန်လိုင်းမှ နည်းလမ်းအမျိုးမျိုနှင့် သွေးထိုးလျှက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ခင်ဗျားတို့ ကျွန်တော်တို့ အွန်လိုင်းပေါ် တွင် တတ်လာသော သတင်းများကို စဉ်းစားချင့်ချိန်ပြီးမှ ယုံကြပါရန် ကျွန်တော်မှ တိုက်တွန်းအပ်ပါသည်။

အကြမ်းဖက်လူတစုကို တပ်နှင့် ရဲမှ ပူးပေါင်းလျှက် အမြန်ဆုံး သုတ်သင်ရှင်းလင်းနိုင်ပါစေဟုဆုတောင်းရင် ကျွန်တော်၏ လားရှိုးမြို့ ပဋိပက္ခအား အာဏာပိုင်များမှ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းပုံကို လေ့လာရင်း ကျွန်တော်၏ ထင်မြင်ယူဆချက်များအား သူငယ် ချင်းတို့ထံ မျှဝေလိုက်ပါတယ် 

(Sanay Ninetwofive ဖေ့စ်ဘွခ် စာမျက်နှာမှ ကူးယူဖေါ်ပြသည်)

No comments: