ဘိုဘိုကျော်ငြိမ်းအတွက် ဦးညွန့်ရွှေ၏ သင်္ခန်းစာ

ဒီစာကို မတ်လ ၆ ရက်နေ့က ရေးထားတာပါ၊
ဦးဘိုဘိုကျော်ငြိမ်း၊
         ခင်ဗျားရေးလိုက်တဲ့ သံဝေဂကထာကို ဖတ်ပြီး ချက်ခြင်းရေးသင့်၊ ရေးချင်ခဲ့ပေမဲ့ ရေးရလောက်အောင် တန်ဖိုးမရှိဘူးထင်ပြီး အချိန်ဖင့်သွားတယ်ဗျာ။ ခု ပြန်စဉ်းစားမိတာက ဘာပဲဖြစ်ဖြစ်၊ တန်တန် မတန်တန် ခင်ဗျားအတွက် အကျိုးရှိနိုင်တာပဲလို့ သုံးသပ်ပြီး ရေးလိုက်ပါတယ်။ ဒါပေမဲ့၊ ဒီစာကို ခင်ဗျား ဖတ်သွားဖို့ မီမှ မှီပါ့မလားလို့လဲ မတင်မကျဖြစ်မိပါတယ်ဗျာ။ ခင်ဗျားကလဲ လူကောင်က ခပ်ကြီးကြီး ဗိုက်ကလဲ ပူပူ ဆိုတော့ နှလုံးရောဂါကို လက်ယပ်ခေါ်နေသလိုကိုး။ အေးဗျာ၊ ဘယ်တတ်နိုင်မှာလဲ၊ တကယ်လို့ ဒီစာ အချိန်မီမရောက်ခဲ့ရင် ခင်ဗျား နောက်ရောက်မဲ့နေရာမှာ ဗွေဆော်ဦးဖတ်ရအောင် ခင်ဗျားရဲ့ကလောင်ခွဲ ဆရာကြီး သခင်သန်းထွန်း အီး-လိပ်စာနဲ့ အ၀ီစိကိုလဲ မိတ္တူ ပီဒီအက်ဖ်ဖိုင်နဲ့ ပို့လိုက်ပါတယ်။ ဒယ်အိုးထဲမှာ ဖတ်ပေါ့ဗျာ၊ နော်။

         ကျနော်က တိုကျိုကပါ။ ခင်ဗျားနဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ တိုက်တွန်းချက်အရ ကျနော် တစ်ခါတွေ့ဖူး၊ စကားပြောဖူးခဲ့တယ်၊ ကြာတော့ ကြာပါပြီ။ အဲဒီတုန်းက ခင်ဗျားအဖေရဲ့သမိုင်းနဲ့ ပတ်သက်လို့ ကျနော် သိကြားထားတာကတော့ အနံ့တထောင်းထောင်းပဲ၊ အတိအကျ ဟုတ်မဟုတ်တော့ ကျနော်လဲ မသိသေးဘူး။ ခင်ဗျားအနေနဲ့ သိသလောက် ပြန်ရေးသင့်တယ်လို့ ကျနော် ချွန်ပေးခဲ့ဖူးတယ်။ ခင်ဗျားကတော့ ဒီလက်ဝဲသမားတွေကို သောက်ဂရုမစိုက်ဘူး လို့ပဲ ပြန်ဖြေခဲ့တယ်။ အဲဒီတုန်းက ကျနော် အမေရိကားကိုလာချင်ရင် ခင်ဗျားကူညီနိုင်ပါတယ်လို့ လက်ကမ်းခဲ့တာကိုတော့ ကျေးဇူးတင်ပါတယ်။

         ကျနော်ကိုယ်တိုင်လဲ တစ်ချိန်က လက်ဝဲယောင်ယောင်မို့ ခင်ဗျားအဖေကို မြန်မာပြည်ရဲ့ သမိုင်းတရားခံလို့ပဲ တောက်လျောက် မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုဏ်းဂဏဆန်တဲ့အမြင်နဲ့ မြင်ခဲ့တာမျိုးပါ။ ခင်ဗျာ့အဖေရဲ့သမိုင်းကို တိတိပပသိလို့တော့ မဟုတ်ပါဘူး။ သိရသလောက်ကလဲ လက်ဝဲသမားတွေ စွပ်စွဲမယ်ဆို စွပ်စွဲလောက်တဲ့ ဖျံကြမှုတွေ၊ ကလိန်ကကျစ်မှုတွေ၊ ကောက်ကျစ်မှုတွေချည်းလိုလိုဆိုတော့ သူတို့ကိုလဲ ဒီကိစ္စမှာ လွန်တယ်လို့ပြောမရပြန်ဘူး။ ဒီလိုပြောလိုက်လို့ လက်ဝဲသမားတွေ တိုင်းပြည်အတွက် ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီနေ့ မြန်မာပြည်ရဲ့ ပြဿနာတွေ၊ ဒုက္ခတွေဟာ ဦးကျော်ငြိမ်းနဲ့ သူ့ရန်ဖက် လက်ဝဲသမားတွေ ဖန်တည်းထားရစ်ခဲ့တဲ့အမွေတွေလို့ ကျနော် သဘောပေါက်ပါတယ်။ ဦးနုလဲ ပါတာပေါ့ဗျာ။

         ဦးကျော်ငြိမ်းအကြောင်းဆိုလို့ ဟိုစာအုပ် ဒီစာအုပ်က တစ်စွန်းတစ်စလေးတွေကနေ သိရတာ များပါတယ်။ လုံးချင်းဆိုလို့ ဆရာသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်းပဲ ဖတ်ဖူးတယ်ဗျာ။ ဒါ့ကြောင့် ဦးကျော်ငြိမ်း တော်တာဆိုရင် မတော်မတရားတဲ့ဖက်မှာတော်တာပဲ သိပါတယ်။ ဝေါဟာရအမှန်ကို သုံးရမယ်ဆိုရင် တော်တာအစား မိုက်တယ်လို့ သုံးရမှာပေါ့ဗျာ။ အဲဒါကို မျက်စေ့စုံမှိတ်ပြီး၊ တစ်နည်းအားဖြင့် ရှာကြံပြီး ငါ့အဖေ အမြဲတရားတယ်၊ ငါ့အဖေ အမြဲမှန်တယ်၊ ငါ့အဖေမှ ငါ့အဖေလို့ ချေပခဲ့ ရပ်တည်ခဲ့တဲ့ ခင်ဗျားလို သားမျိုးကိုတော့ မိဖတိုင်းက အလိုရှိမယ်လို့ထင်ပါတယ်။ ဗကပ ဖြုတ်ထုတ်သတ်ပွဲစဉ်တွေက ဖိုးထူးတို့တတွေ၊ နောင်တစ်ချိန်မှာ သူတို့ကို ကျနော်ကိုယ်တိုင် စွဲချက်တင်ပြီး သတ်မယ်လို့ မအေနဲ့ဖအေကို ကြိမ်းခဲ့တဲ့ ရဲဘော်စိုးဝင်းတို့တတွေနဲ့တော့ ကွာချင်တိုင်း ကွာပါတယ်။ 

         အေးဗျာ၊ ချီးကျူးစရာ နောက်တစ်ခုလဲ ရှိသေးတယ်၊ ခင်ဗျားရေးတဲ့ သရော်စာတွေဟာ အတော်ပဲ ရယ်ရပါတယ်။ မဟုတ်တာအပထားပေါ့ဗျာ။ အရယ္ရဆံုးကေတာ့ ေ-းေ-း (တိုက်ိဳ)နဲ့တွေ့မှပဲ ရသစာပေ ဂန္ထ၀င်စာပေတွေကို ခံစားရကောင်းမှန်း သိလာတယ်ဆိုတာပါပဲ။ ပုတ်ခတ်ဝေဖန်တာ မဟုတ်တဲ့၊ အချက်အလက်တွေပေါ်မှာ အခြေခံတဲ့ ဆောင်းပါးတစ်ချို့ဆိုရင်လဲ ပညာရှင်တွေအတွက် သိပ်တန်ဖိုးမရှိပေမဲ့၊ အများဖတ်ပျော်ပါတယ်။ 

         တစ်ခုတော့ ရှိတယ်ဗျာ။ အခု ဘီဘီစီမှာ အပတ်စဉ်တင်ဆက်နေတဲ့ မြန်မာစာ ပုလဲပန်း အစီအစဉ်မှာ အဓိကပြောနေတဲ့ မြန်မာစကား အရွတ်အဖတ်မမှန်တာတွေများလွန်းလို့ နားမချမ်းသာဖြစ်ရတာ ကြာပါပြီဆိုတဲ့ ကိုလေး(အင်းဝဂုဏ်ရည်) တို့များ ခင်ဗျားရေးတာတွေ ဖတ်ရရင် အာရုံကြား နားတင်မက မျက်စေ့ပါ မချမ်းသာပဲ ဖြစ်လောက်အောင်ကိုပဲ သတ်ပုံအမှားတွေကို ဗြောင်းဆန်အောင် တွေ့ရမှာပါပဲ။ ခင်ဗျားဟာ အသက် ၆၀ တန်းဆိုတော့ကာ၊ ပညာရေးခေတ်ကောင်းကို ကျနော်တို့လိုပဲ မီလိုက်သူ ဖြစ်ပါလျက်၊ ခင်ဗျားရဲ့မြန်မာစာအခြေအနေက အတော်ပဲ ချာတာတွေ့ရလို့ ခင်ဗျားပညာရအောင် အခု အမှားအချို့ကို အမှန်ပြင်ပေးလိုက်တယ်။ နောင် မမှားအောင်၊ ဒါမှမဟုတ် အမှားနည်းအောင် ကြိုးစား၊ ဟုတ်လား။ 

၁။ အသိသတိ..နှင့် …. ယုံကြည်မှု (အသိ)                          အသိ၊ သတိနှင့် ယုံကြည်မှု (အသိ)
မြန်မာစာရေးထုံးမှာ အစက်အစက် (ဖူးလ်စတော့ပ်)ချတာ မပါဘူး။ မလိုတဲ့ နေရာမှာ မထွင်ပါနဲ့။ ဖတ်တဲ့သူက နားလည်ပါတယ်။ အစက်တွေ များလွန်းတော့ မျက်စေ့နောက်လာတယ်။
၂။ အမေရိကန်မ ကလေးသည်..စိတ်နှလုံးဖြူစင်သော်လည်းအလှပျက်မှာစိုး၍ အစာမစားပါ 
…. ထို့ကြောင့် သူ့ခွေးကြီးများခမြာ ညသန်းကောင်.. မနက် () နာရီခန့် 
..သိပ်စာမှာအစာခြောက်များကို ကကျွပ် ကကျွပ်နှင့် ၀ါးနေရရှာပါသည်။ 
စာ အဆက်အစပ်မကောင်း၊ သူ မစားသလို ခွေးကြီးကိုလဲ အစာဝအောင် မကြွေးဆိုတာ မပေါ်။ ဒါထက်၊ သိပ်စာမှာ မဟုတ် သိပ်ဆာမှ 
ကကျွပ် ကကျွပ်မဟုတ် တကျွတ်ကျွတ် (တဂျွတ်ဂျွတ် လို့ အသံထွက်ပါ) (မြန်မာစာလောကတွင် ကကျွပ်ကကျွပ်လို့ ဘယ်သူမှမရေး)
၃။ ကျနော်စီ..ရောက်ကာစ က …. အလာစကာ မှာ ပိုင်ရှင်ကစွန့်ပြစ်ခံရရာ 
ကျနော့် ဆီ            (စီ ဆိုတာ သူသူ၊ ကိုယ်ကိုယ် အားလုံးမှာ လူတိုင်း၊ ကျောင်းသားတိုင်း၊ စသဖြင့်၊ ဥပမာ၊ ကိုယ်စီကိုယ်ငှ။ အစီအစဉ်၊ တန်းစီ၊ အစီအရီ၊ နောက်အဓိပ်ပါယ်တစ်ခုက စီကနဲဆို ဘိုဘို)
စွန့်ပြစ် ဆိုတာ မရှိ၊ ပြစ်ဆိုတာ ပြစ်မှု၊ အပြစ်၊ ပစ်ဆိုတာက စွန့်ပစ် ခဲနှင့် ပစ်သည်၊ သေနတ်ဖြင့် ပစ်သည်။ အသံထွက် တူတယ်။
၎။ သြော်..အသိဥါဏ်မမှီတာကလွဲ..လို့..ခံစားမှု..ရှိတာ..လက်တွေ့..သိလာရသည်။
သြော်၊ အသိဥာဏ် (မောက်ချမဟုတ်၊ ၀ိုက်ချ)
(ဖြစ်နိုင်လျှင် အစား ညကလေးနှင့် ရေးသင့်၊ ကျနော့် ပန်းသီးမှာ ညကလေး ဘယ်လို ရိုက်ရမှန်း မသိလို့ နဲ့ပဲ ရေးတယ်၊ စကားချပ်)
၅။ အလာစကားကို မန်ကြသည် 
မန် မဟုတ် မာန် (မာနက သက်တဲ့ ကြိယာ) (အမှန်က မာန်ဖီတာ မဟုတ်လောက် အမေရိကန်မလေးကို ဂေါ်တာ ပိုဖြစ်နိုင်၊ စကားချပ်) (ဘိုဘို အိမ်နေရာရွေးတာလဲပဲ ဟဲဟဲ)။ 
၆။ တအိမ်လုံး သက်သတ်လွပ်စားကြသည်။ 
သက်သတ်လွတ် (တသတ်၊ သတ်မဟုတ်) လွတ်ဆိုတာ လွတ်လပ်တဲ့ သဘော။ လွပ် အသုံး  မသိ၊ မရှိ။
၇။ ကျီးကန်းတောင်မှောက် 
ကျီးကန်းတောင်းမှောက် လို့သာ ကြားဖူးပါတယ်၊ စစ်ကြည့်ပါ။ အနည်းအကျဉ်း စာရိုက်တုန်း လက်ကွက်ဖော့လိုက်မိလို့ ၀စ္စပေါက်ကျတာဆိုရင် ဘွာ နော်။
၈။ တက်လာပြီးပွပ်သီးပွပ်သပ် လုပ်နေရာက
ပွတ်သီး ပွတ်သပ် (ပွတ်ကို တသတ်နဲ့ ပွတ်ပါတယ်
။ကျနော်ငယ်စဉ်က..အဖေကို..ဦးနေ၀င်း ..က
ကျနော်ငယ်စဉ်က အဖေ့ကို ဦးနေ၀င်းက
၁၀။ ဦးပန္ဓိတကတရားပြဆရာတော်…. ငယ်ဆရာ….
ဦးပဏ္ဍိတ ဖြစ်မယ်ထင်တယ်။ ပဌ်ဆင့် မပေါင်းတတ်ရင် ဦးပဏ်ဍိတ လို့ပေါင်းတာက ပိုပြီး လက်ခံနိုင်ဖွယ် ရှိတယ်။
၁၁။ လွန်ခဲ့တဲ့.... က..လူတချို့..နှင့်..စုံမိသည် 
ဆုံမိသည်လို့ ပေါင်းမှ မှန်တယ်။ စုံတယ်ဆိုတာ အားလုံးပါတယ် ဆိုတဲ့ အဓိပ်ပါယ်။ ဆုံ ဆိုတာက တွေ့တဲ့ အဓိပ်ပါယ်။ (ပန်းသီးကွန်ပျူတာမှာ ပဌ်ဆင့် အောက်က ရှာမရသေးလို့ ခွဲပေါင်းထားတာ။
၁၂။ ဦးကျော်ငြိမ်း ကို ထောက်လျောက်
တောက်လျှောက် လို့ ပေါင်းပါ။ ထောက်က အခုအခံလုပ်ပေးတာ၊ မပေးတာ၊ ဖေးပေးတာ။ လျှောက် ဆိုတာက ဆက်နေတဲ့သဘော။
၁၃။ (အသိ) …ချင်း မတူတာတွေရှိ
အသိခြင်း မတူတာတွေ ရှိ၊ ချင်းက ချင်းလူမျိုး၊ တစ်ချို့က ဂျင်း လို့ခေါ်တဲ့ ဟင်းချက်ဥ တစ်မျိုးကို မြန်မာစာမှာ ချင်း လို့ပေါင်းတယ်။ ချင်းစိမ်းနဲ့ မိတ်သလင် သူကြင်မှ ကိုယ်ကြင် တဲ့။ သူငယ်ချင်း
၁၄။ ရင်ထဲမှာ.
ဦးညွန့်ရွှေ (မင်းကျောင်း)

No comments: