မြန်မာမိန်းကလေးများ အထူးသတိထားရန်

နော်လည်း လွတ်မြောက်လာတဲ့ ဆော်လေးတဗွေနဲ့ ဆုံဖူးပါတယ်ဗျာ။ သူပြောပြတာလေး တွေကို ပြန်လည် မျှဝေတာပါနော်။ သူက ရန်ကုန်ဒလမှာ နေပါတယ်။ မူဆယ်ကနေ ကျွန်တော့ကားကို 80000 ပေးပြီး အမြန်မောင်းခိုင်းပါတယ်။ သူ့ပုံစန်က ကြောက်လန့်နေတဲ့ ပုံစံမျိုးလေးပါ၊ ကျွန်တော်လည်း အမြန်မောင်းပေးရတာပေါ့ဗျာ 80000 ပေးထားတာဆိုတော့။ ကွတ်ခိုင် ရောက်တော့ ထမင်းစားမယ်ဆိုပြီးပြောတော့ သူက လားရှိုးရောက်မှ စားပါတဲ့ ကျွန်မက ဒီလိုဒီလို ဖြစ်ခဲ့လို့ပါဆိုပြီး ပြောပြပါတယ်၊ လားရှိုးရောက်တော့လည်း သင့်တော်တဲ့ ဟိုတယ်ကို ရှာပေးပြီး ကျွန်တော်မေးကြည့်လိုက်ပါတယ်။ "ဘယ်လို ဖြစ်တာလည်းဗျ အမက" "ကျွန်မကို အလုပ်ရှိတယ်၊ လခများများ ရမယ်ဆိုပြီး အမကြီးတယောက်က လာခေါ်တယ်၊ မူဆယ်ရောက်တော့ တရုတ်ကောင်လေး ချောချောလေးနဲ့ တွေ့ပေးပြီး သူ့ကို ယူခိုင်းတယ်။

ကျွန်မကလည်း ကောင်လေးက ချောတော့ သဘောကျတာပေါ့၊ လက်မှတ်ထိုးပြီး ယူလိုက်တယ်။ ယူပြီး နောက်ရက်တော့ တရုတ်ပြည်ကို ခေါ်သွားတယ် ပြည်မကြီး ရောက်တော့ ခြေပြတ်နေတဲ့ အဖိုးကြီးဆီ ရောင်းစားတယ်။ ကျွန်မကို တရုတ်ငွေ 20000 နဲ့။ ပြီးတော့ သူက ပြန်သွားတယ်။ ကျွန်မကို အပြင်လည်း ပေးမထွက်ဘူး။ စားချင်တာ သောက်ချင်တာတွေတော့ အကုန်လုပ်ပေးတယ်။ ခိုင်းလည်းခိုင်းတယ်။ ပိုက်ဆံလည်း ပေးကိုင်ပါတယ်။ ဒါပေမယ့် အပြင်ကိုတော့ အစောင့်တွေနဲ့ လွှတ်တယ်။ ၀ယ်ချင်တာ အကုန် ၀ယ်ယူခွင့်ပြုတယ်။ ကျွန်မလည်း ဆွဲကြိုး၊ လက်စွပ်၊ နားကပ်တွေ ၀ယ်ခိုင်းတာပေါ့။ အကုန်ဝယ်ပေးပါတယ်။ 

ဒါပေမယ့် နေရတာက မသန်စွမ်းတဲ့ အဖိုးကြီးနဲ့ဆိုတော့ ထွက်ပြေးဖို့ စီစဉ်ရတာပေါ့။ အစောင့်ကောင်လေးကို ညုပြီး သူလုပ်ချင်တာတွေကို လုပ်ပေးပြီး စုထားတဲ့ ပိုက်ဆံတွေကို ယူပြီး သူ့အကူညီနဲ့ ခွေးမြင်ကားစီးပြီး ရွှေလီကို ပြန်ရောက်ပါတယ်။ ကံကောင်းချင်တော့ အစစ်ဆေးတွေကို ရှောင်နိုင်ခဲ့ပါတယ်။ ရွှေလီရောက်တော့ သူတို့တွေက ဖုန်းနဲ့ချိတ် ပုံပြပြီး လိုက်ရှာကြပါတယ်။ ကြောက်ကြောက်နဲ့ ကျယ်ဂေါင်ကို အမြန်လာပြီး ခိုးပေါက်ကနေ မူဆယ်ကို ပြေးလာရပါတယ်။ ကံကောင်းချင်တော့ ခိုးပေါက် ကျော်တာနဲ့ သူတို့က မလိုက်ရဲတော့ဘူး။ ဒါပေမယ့် ဖုန်းဆက်ပြီး မူဆယ်က သူ့လူတွေကို ရှာခိုင်းတာပေါ့။ ဒါကြောင့် အစ်ကို့ကို အမြန်မောင်းခိုင်းတာပေါ့။ ကျွန်မတော့ ကံကောင်းလို့ ပြန်ရောက်လာတာပါ။

ဟိုမှာ မြန်မာမလေးတွေ အများကြီးပဲ တွေ့ခဲ့ရပါတယ်။ တချို့ဆို ရာမတွေရှူ၊ ဘိန်းတွေရှူပြီး ကြေကွဲစွာနဲ့ပဲ သူတို့ဘ၀ကို ဇာတ်သိမ်းတဲ့ သူတွေလည်း ရှိသလို၊ တချို့ဆို အိမ်ကိုပဲ ပိုက်ဆံလှန်းထောက်ပြီး နာကျင်စွာနဲ့ ပြေးမလွတ်တာတွေလည်း ရှိပါတယ်။ ကျွန်မတို့ မိန်းကလေးတွေအတွက် အလုပ်ပေါတယ်ဆိုတာ ကျွန်မတော့ နားလည်သွားပါပြီ" လို့ သူကပြောပါတယ်။ ကျွန်တော်ကတော့ တရုတ်နယ်စပ်မှာ နေပြီး ကားမောင်းတာဆိုတော့ တွေ့ဆုံတာတွေတော့ များပါတယ်။ ကျွန်တော် အဓိက ပြောချင်တာကတော့ သူငယ်ချင်းများ ကျေးဇူးပြုပြီး ဒီဟာလေးကို မေးလ်ကနေ တဆင့် မျှဝေပေးကြပါလို့ပဲ တောင်းဆိုပါရစေဗျာ။ မိန်းမလှလေးများ သတိပြုနိုင်အောင်လို့ပါဗျာ။ လှလေ ဈေးပိုရလေပါပဲတဲ့။ ကောင်မလေးကိုတော့ ရန်ကုန်ကားဂိတ်ကို လက်မှတ်ဖြတ်ပေးပြီး ပို့ပေးလိုက်ပါပြီဗျာ။ သူ့လို မြန်မာမိန်းကလေးများ မဖြစ်ရလေအောင် တတ်စွမ်းနိုင်သလောက် ကူညီပေးကြပါလို့ တောင်းဆိုပါရစေဗျာ။ ဒီစာစုလေးကို မူမပျက် မေးလ်ကနေ သယ်ရင်းများ မျှဝေပေးပါနော်။ အားလုံးမျှဝေလိုက်ရင် တော်တော်လေး သိကုန်မယ်လို့ မျှော်လင့်ထားပါတယ်ဗျာ။ မျှဝေရင်လည်း မူမပျက် မျှဝေပေးကြပါလို့ တောင်းဆိုပါရစေဗျာ။ စာနာနားလည်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ ကြုံတာလေးတွေကိုလည်း ဆက်လက် မျှဝေပေးဖို့ ရှိပါတယ်ဗျာ။ အားလုံးသော မြန်မာမိန်းကလေးများ ထာဝရပျော်ရွင်စွာနဲ့ မြန်မာနိုင်ငံမှာပဲ မိဘတွေနဲ့ ပျော်ရွင်သော ဘ၀ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။
ချော့ကလက်မြို့တော်မှ ကူးယူပါသည်။

No comments: