လာသမျှ ကားများကို တားဆီးပြီး ရခိုင်၊ သက်၊ မြို အမျိုးသားတို့ကို ဆွဲချပြီး ကုလားများက ဓါးနှင့်ခုတ်သတ်နေ

ယနေ့ ရခိုင်သက္ကရာဇ် ၁၃၇၃ ခုနှစ်ဆန်းတရက် ဘင်္ဂလာတောင်တန်းဒေသရှိ ဗိုလ်မင်းထောင် (Bandraban) သက်ထောင် (Rangamati) ဖလံထောင် (Khakrasari) ထောင်သုံးထောင်ရှိ ရခိုင်သားများ (တောင်ပေါ်ဒေသနေ) အတွင်း ခါခ်ခရာဆိုရီမြို့နယ် ဖလံမင်းနေထိုင်သော မာနိမ့်ဆိုရီ မင်တရားပေါက်စု (ရွာကိုပေါက်စုဟုခေါ်သည်) အနီး ဂွီးမားရွာ အုပ်စုတွင် နေ့လည် ၁၂ နာရီအချိန် လယ်ယာမြေကိစ္စကြောင့် ကုလားရခိုင် မရှင်းမလင်းဖြစ်နေသူများ ထိပ်တိုက် စကားများကြရာမှ နှစ်ဦးနှစ်ဖက် မူးယစ်နေပြီး အပြန်အလှန် ရိုက်ပွဲ ဖြစ်ပွါးကြရာ ကုလားလူမျိုး နှစ်ဦး သေဆုံးသွားသဖြင့် အနီးအနား နေထိုင်လျှက်ရှိသော ကုလားရွာများမှ ကုလားလူမျိုး များ တခဲနက် ဝိုင်းအုံလာကာ တွေ့သမျှရခိုင်သားများအား လိုက်လံသတ်ဖြတ်ရာ သက် အမျိုးသမီးနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒါဏ်ရာရခဲ့သည်။ 

၁၇ ရက် ည ၅ နာရီ ၆ နာရီလောက်မှာ ညမထွက်ရ အမိန့် ဘင်္ဂလာအစိုးရ ထုတ်ခဲ့သည်။ NGO တခုတွင် အမှုထမ်းဆောင်နေသော အမည်မဖေါ်လိုသူ ရခိုင်သားတဦး ပြောကြားချက်မှာ အရေအတွက် ခန်းမှန်းရခက်သော ကုလားလူအုပ်ကြီး ဓါးလှံတုတ်များ ကိုင်ဆောင်ပြီး ဇာတ်လီယာပါရာ ကါးလမ်းမထက်မှ လာသမျှ ကားများကို တားဆီးပြီး ရခိုင်၊ သက်၊ မြို ရရာကို ဆွဲချပြီး ဓါးနှင့် ခုတ်သတ်နေကြောင်း အခင်းဖြစ်ပွါးရာ နေရာမှ ထွက်ပြေး လွတ်မြောက်လာသူများထံမှ သိရပါသည်။ 

ဘင်္ဂါလီစစ်တပ်မှ အနီးအနား ရပ်ရွာများကို ဝိုင်းပြီး လုံခြုံရေးရှိတယ်ဟု ပြောကြားသည့်အတွက် လူအများစိုးရိမ်မှု မရှိတော့ဘဲ အိပ်ရာဝင်ကြရာ ည ၇ နာရီလောက်မှာ ကုလားလူအုပ်ကြီး မီးတုတ်များ ဆွဲကိုင်လျှက် ဟပ်(ဖ်)ဆိုရီ (ချတ်ဖ်ဆိုရီ) ရွာအား မီးစတင်ရှို့ ပါလေတော့သည်။ တချိန်တည်းမှာပင် ဖလံမင်းနေအိမ်သို့ ဝင်ရောက်စီးနင်းပြီး ဖြိုဖျက်ကာ အနီးရှိ မင်းကိုးကွယ်သော သမိုင်းဝင်ကျောင်းတော်ကြီးအား ဖျက်ဆီးကြရာ ကျောင်းထရံ ကွာကျပြီး ကျောင်းအောက် ခြင်္သေ့ရုပ်တုကြီးအားလည်း ဖျက်ဆီးခဲ့သည်ဟု သိရပါသည်။ ၎င်းကျောင်းအနီးရှိ တောင်ကုန်းပေါ်တွင် နေထိုင်လျှက်ရှိသော အိမ် ၁၂ ဆောင် ပြာကျသွားခဲ့ပါသည်။ ယခုသတင်းရေးနေသည့် အချိန်ထိ ၎င်းနေရာအား နေ့ည မထွက်ရ အမိန့်အား ပြန်လည်မရုပ်သိမ်းသည့်အတွက် မှတ်တမ်းဓါတ်ပုံ မတင်နိုင်ပါ၊ ဖုန်းဖြင့် စုံစမ်းရသမျှ လူ ၃၀ ကျော် သေဆုံးပြီဖြစ်ကြောင်း သေဆုံးသူများမှာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြကြောင်း လူ ၃၀၀ ကျော် ပျောက်ဆုံးနေကြောင်း ရဟန်းတော်များ ကိုလည်း ကိုယ်ထိလက်ရောက် ရိုက်ပုတ်ကန်ကျောက်ကာ ဘုန်တော်ကြီးကျောင်း ၄ ကျောင်း ပြာကျပြီး ယခုထက်ထိ တောတောင်ကြားတွင် ညထွက်ပြေးသူများ ပြန်မရောက်သေးကြောင်း စစ်တပ်မှ ရွာအနီးတဝိုက်တွင် ဝိုင်းရံလျှက် ရှိနေသေးကြောင်း ဘင်္ဂလားမီဒီယာများမှ အခင်းဖြစ်ပွါးရာ ကုလား ၃ ဦးသေဆုံးခဲ့ပုံကို အမည်နှင့်တကွ ဖေါ်ပြပြီး အိမ် ၆၀ မီးလောင်ခဲ့ကြောင်း အိမ်များမှာ ရခိုင်အိမ် (သို့) ကုလားအိမ် သေချာစွာ မဖေါ်ပြဘဲ သတင်းအမှောင်ချထားပါသည်။ အဖွဲ့ အစည်းများအားလုံး စည်းလုံးညီညွတ် ခိုင်မာစွာဖြင့်လူ့ အခွင့်အရေး ချိုးဖေါက်မှုများကို ဖြေရှင်းပေးပါရန် ပန်ကြားအပ်ပါသည်။

စိုးလင်းထွန်း
ဘင်္ဂလာဒေရှ့်
soeluntun@gmail.com
0088 01720453861

No comments: