လောလောဆယ်

လောလောဆယ်
ခက်ကျော်


ဝင်လာမစဲ တဖွဲဖွဲ
ထွက်သွားမစဲ တရွှဲရွှဲ
အိုးထဲကရေ ခပ်နဲနဲ...။

ပြောတဲ့စကား များများ
နားထောင်အား နည်းနည်း
ထမင်းရည် တယ်ပူသကိုး...။

ဘောင်းဘီတထည်
အသစ်မဝယ်မီစပ်ကြား
အသားဘဲကွဲကွဲ
အနားဘဲပြဲပြဲ
ဆွဲစပ်ဖာချုပ်
ငုတ်တုတ်ထိုင်ငေး
အခက်ကြုံဘေးထက်
အရှက်လုံရေးအတွက်
လိုအပ်နေတယ်မဟုတ်လား...။

ခက်ကျော်

1 comment:

Anonymous said...

အစ်ကို ခက်ကျော်။ ကောင်းလိုက်တဲ့ အမှန်တရားသံတွေ။
ဘောင်ဘီတထည်
အသစ်မဝယ်မီစပ်ကြား
အသားဘဲကွဲကွဲ
အနားဘဲပြဲပြဲ
ဆွဲစပ်ဖာချုပ်
ငုတ်တုတ်ထိုင်ငေး
အခက်ကြုံဘေးထက်
အရှက်လုံရေးအတွက်
လိုအပ်နေတယ်မဟုတ်လား....။
....ခင်မင်လျှက်...ခင်မာလာအောင်..