ပြင်ဦးလွင်ကရက်ရက်စက်စက် လူသက်မှုကြီး

ပြင်ဦးလွင်မှ ရက်ရက်စက်စက်လူသက် အနုကြမ်းစီးတဲ့အမှုကြီးပါ လွန်ခဲ့တဲ့ ၂၅.၉.၂၀၁၀ ည ၇း၀၀ လောက်မှာဖြစ်ခဲ့တာပါ။ ဖြစ်ပုံမှာ အသက် (၅၂) အရွယ်အမျိုးသမီးကြီး တစ်ယောက်ကို ရက်ရက်စက်စက် ဓားနှင့်အချက်ပေါင်းများစွာ ထိုးပြီးတော့ ပစ္စည်းများကို ယူသွားတာပါ။ ပြင်ဦးလွင်ရဲ့မြို့လယ်ခေါင် မြို့ပတ်လမ်းနံဘေး စာပန်းအိမ် ဘော်ဒါဆောင် ရုံးချုပ်နားက အိမ်ကြီးတစ်အိမ်မှာပါ။ အသက် (၅၂) အရွယ်အမျိုးသမီး တစ်ဦးတည်းနေထိုင်တဲ့ အိမ်ကြီးမှာဖြစ်ပျက်ခဲ့တာပါ အမျိုးသမီးဟာ ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခံခဲ့ရပါတယ် ထိုမိန်းမကြီးကို သတ်သွားတဲ့တရားခံဟာ အသက်က (၃၂) အရပ်ရှည်ရှည်နဲ့ဖြစ်ပါတယ်။
 တရားခံ၏ထွက်ဆိုချက်အရ ည ၇း၀၀ လောက်အချိန်တွင်ဖြစ်ပါသည်၊ သူသည် အုတ်နံရံကို ကျော်တက်ပြီး အိမ်ထဲကို ၀င်ရောက်ခဲ့ခြင်းဖြစ်ပါတယ်၊ သေဆုံးသူ အမျိုးသမီး သည် အိမ်တံခါး များကိုပိတ်ပြီးတော့ တီဗီကြည့်နေတာပါ၊ အိမ်ရဲ့နောက်ဖေးအပေါက်မှာ အသံကြားလို့ ထပြီးတံခါးဖွင့်ပြီး ကြည့်လိုက်ရာ တရားခံကအမျိုးသမီးကိုဆောင့်ထွန်းလိုက်ရာ လှဲကြသွားပါ သည် အမျိုးသမီးက ကယ်ကြပါဦး ဟုအော်ဟစ်အကူအညီတောင်းရာ တရားခံ သည် အသင့်ပါ လာသည့် ဓားဖြင့်ထိုးသတ်လိုက်ပါသည်၊ အဘယ်ကြောင့် အချက်ပေါင်း များစွာ ထိုးသတ်သွား သည်ကိုတော့ မေးမြန်းဆဲဖြစ်ပါတယ်၊ တရားခံသည် အိမ်အတွင်း မှာရှိတဲ့ သေတ္တာများကို တစ်လုံးခြင်းလိုက်လံဖွင့်ပြီး ပစ္စည်းများကို လိုက်လံရှာပါတယ် ဘာပစ္စည်းမှရှာလို့မတွေ့တော့ တရားခံသည် လက်ကိုင်ဖုန်းတစ်လုံးနှင့် အိမ်ရှိဆိုင်ကယ်အား ယူပြီး မိထ္ထီလာဘက်ကိုသွားပြီး လက်ကိုင်ဖုန်းကို လိုက်လဲရောင်းချနေရာ ဖုန်းနံပါတ်အား မသိသဖြင့် နယ်မြေခံရဲများက မသင်္ကာသဖြင့် ဖမ်းဆီးထားပြီး ဖုန်းနံပါတ်များကို ဆက်သွယ် ကြည့်ရာ အမှုမှန် ပေါ်ပေါက် ခဲ့ပါတယ်။
သေဆုံးသူအမျိုးသမီးသည် ပြင်ဦးလွင်ကော်ဖီခြံတွင် အရာရှိတစ်ယောက်ဖြစ်ပါသည်။ သူသည် သားကောင်းမိခင် တစ်ယောက်လည်းဖြစ်ပါသည်၊ သူ့တွင် သားသုံးယောက်ရှိပါသည် အကြီးဆုံးသားသည် စစ်ဗိုလ်တစ်ယောက်ဖြစ်ပါသည်၊ နိုင်ငံတော်မှ ဗီယက်နမ်သို့ ပညာတော် သင် စေလွှက်ခြင်းကို ခံထားရသူဖြစ်ပါသည်၊ သားအလတ်သည်လည်း စစ်ဗိုလ် တစ်ယောက် ပင်ဖြစ်ပါသည်၊ တိုက်ကြီးမြို့နယ် အမြှောက်တပ်တွင် တာဝန်ထမ်းဆောင်နေပါသည်၊ သားအငယ်ကတော့ မန်းတလေး အိုင်စီကျောင်းမှာ တက်နေပါတယ် ထိုအမျိုးသမီးကို ရက်ရက်စက်စက် သတ်သွားတဲ့ တရားခံဟာ အမျိုးသမီးအား ဓားဖြင့် (၁၂) ချက်ထိုး သတ်ခဲ့ပါသည် သေလောက်သည့်ဓားချက်မှာ (၉)ချက်ပါဝင်နေပါသည်။
သူသည် ပိုက်ဆံနှင့် ရတနာများထားရှိ သေတ္တာကို မတွေ့သဖြင့် တွေ့ရာကိုယူကာ ထွက်ပြေးသွားခြင်း ဖြစ်ပါသည်၊ သေဆုံးသူအမျိုးသမီးအား ၂၇.၉.၂၀၁၀ ရက်နေ့တွင် ဂူသွင်းသဂြိုလ်လိုက်ပါသည်။
မှတ်ချက်။   ။ လူမျိုးရေး၊ဘာသာရေးထိခိုက်နိုင်သည့် အချက်အလက်တချို့အယ်ဒီတာမှ ဖြတ်တောက်ထားသည်။ ( 9/29/2010 8:00pm PST)
Written by: thihayarzar On September 29, 2010.

ရတနာပုံနေပြည်တော်သတင်းစာမှ ကူးယူဖော်ပြသည်။


4 comments:

ei ko said...

သတ်ဖြတ်သူမှာမူဆလိမ်အမျိုးသားတဦးဖြစ်သည်။ဖြတ်တောက်ထားခြင်း
အားဖြည်.စွက်ပါသည်။

Unknown said...

စစ်ဗိုလ်ရဲ့အမေအသတ်ခံရတာကိုသတင်းလုပ်ဖေါ်ပြနေတဲ့ စစ်ခွေးတွေရဲ့စောက်ကျင့် ကိုယ့်လူတွေဆီမကူးပါစေနဲ့ကွာ ၊
စစ်ခွေးတွေလွှင့်တဲ့အတိုင်း ဖြစ်စဉ်အမှန်ပါလို့ ဘယ်သူအာမခံနိုင်လို့လဲ ၊ တကယ်ရော ပစ္စည်းလုချင်လို့ဟုတ်ရဲ့လား ၊ စစ်ဗိုလ်အမေဖြစ်တာနဲ့ သားကောင်းမခင်လို့သုံးတဲ့အသုံးအနှုန်းကိုရော လက်ခံနိုင်ပါ့မလား ၊ သတင်းတင်ရပြီးရောဆိုတဲ့
မီဒီယာများမဖြစ်ကြစေချင်ပါ။

Anonymous said...

That woman was a dealer of heroin (No 4). She did such job secretly for a two decades. Her husband is also a colonel in military too. She was very greedy woman. She did such selling No.4 with her underground contacts and get rich. Her husband and sons covered and protected all her No.4 business. They are abusing military power. There are many such cases in the country. The murder was actually a person who was substituted her during a case in which the woman was supposed to caught and kept in jail for years. This woman and family persuaded this murder to serve for her instead and promised to give huge amount of money. Eventually, the murder did not get nothing and jailed for years. When he was released, he went to the town that she lives and killed her to revenge. This is from Wiki leaks news.

Anonymous said...

ဟုတ်ပါတယ် အဲ့ဒါ တကယ်ဖြစ်တာပါ ဒါပေမယ့် စာပန်းအိမ် ရုံးချုပ်ဘေးမှာမဟုတ်ပါဘူး သုမင်္ဂလာ ရပ်ကွက်ထဲမှာပါ စာပန်းအိမ် ရုံးချုပ်နဲ့ လဲ ၃ ဖာလုံ လောက်ဝေးပါတယ်