ဘဝကိုအရှုံးမပေးတဲ့ဝက်

ဝက်ရဲ့ နာမည်ကတော့ Zhu Jianqiang ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပေါ်မှာ ရအောင်နေတတ်သူလို့အဓိပ္ပါယ်ရပါတယ်။ ထို ဝက်ကတော့ မွေးရာပါ ခြေနှစ်ချောင်းဘဲ ရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမဲ့လည်း အခြားဝက်များကဲ့သိုပင် လမ်းလျှောက်နိုင်ခဲ့ပါတယ်။ ဝက်ကလေး Zhu Jianqiang မှာတော့ အလွန်သန်မာတဲ့ မွေးခြင်း ကိုးကောင်ရှိပါတယ်။ မွေးစကတော့ ပါတ်ဝန်းကျင်က သခင်ဖြစ်သူကို လွင့်ပစ်ရင်လွင့်ပစ် မလွင့်ပစ်ခြင်လဲ ဖေါ်စားလိုက်လို့ ဝိုင်းပြောခဲ့ကြာပါတယ်။ သို့ပေမဲ့လဲ သခင်ဖြစ်သူ လယ်သမားကြီး Wang Xihai က ထိုကဲ့သို့ပြောဆိုမှုတွေကို နားမယောင်ခဲ့တဲ့အပြင် ဇနီးဖြစ်သူက လွင့်ပစ်ဖို့ ပြောခဲ့တာကိုတောင် ငြင်းဆန်ခဲ့ပါတယ်။ လယ်သမားကြီးဟာ သက်ရှိအားလုံးဟာ ရှင်သန်နိုင်ဖို့ အခွင့်အရေးအတွက် ကြိုးစားရပ်တည်နိုင်ကြတယ်ဆိုတာကို ယုံကြည်ထားသူတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့်ဘဲ ဖြစ်ပါတယ်။ 
အခုတော့ ဝက်ကလေး Zhu Jianqiang အားလုံးအတွက် အထူးအဆန်းဖြစ်နေကို တွေ့ခဲ့ရပြီဖြစ်ပါတယ်။ ဝက်ကလေးဟာ သူ့ဘဝအတွက် အသက်ရှင်နိုင်ဖို့ ခက်ခဲ့စွာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာလဲ ဘယ်သမားကြီးကြောင့်ဘဲဖြစ်ပါတယ်။ လယ်သမားကြီး Wang Xihai ဟာ ထို ဝက်ကလေး မွေးပြီး ရက်အနည်းမှာပင် အရှေ့ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်တတ်အောင် လေ့ကျင့်သင်ကြားပေးခဲ့ရပါတယ်။ သိပ်တော့မကြာလိုက်ပါဘူး တစ်လ အကြာမှာတော့ ထိုဝက်ကလေးဟာ လမ်းလျှောက်တတ်သွားခဲ့ပါတယ်။ အခုဆို အလေးချိန် ကီလို ၅ဝ (အချိန် ၃၂ ပိသာ) ရှိပြီးဖြစ်သလို သူ့လုံးလကြောင့် ဇောက်ထိုးပုံစံနဲ့ လမ်းလျှောက် နိုင်နေပြီဖြစ်ပါတယ်။ ထို ခြေနှစ်ချောင်း ထောင်ပြီး လမ်းလျှောက်သွားနိုင်တဲ့ ဝက်ကလေး Zhu Jianqiang ရဲ့ သတင်းဟာ လျင်မြန်စွာ ပြန့်နံ့သွားခဲ့ပါတယ်။ Wang Xihai ကတော့ ကျွန်တော့်အိမ်ကို နေတိုင်း လူတွေ လာရောက်ပြီး ထိုဝက်ကို ကြည့်ကြပါတယ်။ ဘယ်လိုအကြေးကြီးကြီးနဲ့ တင်ပြီးတောင်းဝယ်ရင်လဲ ကျွန်တော်ကတော့ ရောင်းမှမဟုတ်ဘူး လယ်သမားကြီး Wang Xihai ကပြောခဲ့ပါတယ်။ 
ချောကလက်မြို့တော်မှ

No comments: