ဒေါက်တာ Jeffery D.Sachs နှင့် အန်ဂျလီနာဂျိုလီ |
ရဲမြင့်ကျော် ။ ။သဘာဝအလှ ယဉ်ကျေးမှုဓနတွေ ကြွယ်ဝတဲ့ ဟိမ၀န္တာ ဘုရင့်နိုင်ငံတော် ဘူတန်ကနေ မကြာခင်က ကျနော် ပြန်လာခဲ့သည်။ ယနေ့အချိန်တွင် ဘူတန် ဘုရင့်နိုင်ငံရဲ့ စီးပွားရေး လူမှုရေး ထူးထူး ခြားခြား အောင်မြင်မှုတွေအပေါ် တစ်ကမ္ဘာလုံး တစ်နေ့ထက် တစ်နေ့ ပိုစိတ်ဝင်စားကြ၊ မေးခွန်းထုတ်ကြ ဖြစ်နေကြရသည်။ ဘူတန်ရဲ့ ခက်ထန်ကြမ်းတမ်းတဲ့ ပထ၀ီ မြေမျက်နှာသွင်ပြင်က ကျန်းမာကြံခိုင်တဲ့ လယ်သမားများနဲ့ တိရိစ္ဆာန် မွေးမြူသူများ ပေါ်ထွက်လာစေသည်။ တိဘက်သမိုင်းနဲ့ ဆက်စပ်နေတဲ့ ဗုဒ္ဓယဉ်ကျေးမှုကလည်း အခိုင်အမာ အားကောင်းလျက်ရှိသည်။ ပြင်သစ်နိုင်ငံ အရွယ်အစားရှိတဲ့ နိုင်ငံမှာ လူဦးရေ ၇၀၀၀၀၀ က ကျိုးတိုးကျဲတဲ နေထိုင်ကြပြီး၊ နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းတွေထဲမှာ စိုက်ပျိုးရေးလုပ်ကိုင်ကြ၊ တောင်ကုန်းမြင့်မြင့်တွေပေါ် တိရိစ္ဆာန်တွေ မွေးမြူကြသည်။ ချိုင့်ဝှမ်းတစ်ခုချင်းစီကို ဘုန်းကြီးကျောင်းတွေ မြို့ရိုးခံတပ်ကြီး တွေနဲ့ဝိုင်းပတ်ထားပြီး၊ အဆောက်အဦအားလုံးက ရာစုနှစ်ပေါင်းများစွာရဲ့ ဆန်းပြားကြယ်ဝတဲ့ အနုပညာ ပိသုကာလက်ရာများကို အထင်းသားဖော်ပြနေသည်။
အရင်က ဘူတန်နိုင်ငံရဲ့ စိုက်ပျိုးရေး အခြေခံ စီးပွားရေး၊ ကုန်သွယ်မှုမရှိတဲ့ မိမိဖာသာဖူလုံရေးစနစ်နဲ့ ဘာသာရေး လူနေမှုဘ၀တို့က ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်မှုနဲ့ ဆင်းရဲမွဲတေမှုကို ဖြစ်စေခဲ့သည်။
သို့သော် နောက်ပိုင်း ဘုရင်အဆက်ဆက်က လမ်းတံတား၊ လျှပ်စစ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ နည်းပညာ ဖွံဖြိုးမှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေး (အထူးသဖြင့် အိန္ဒိယနှင့်)၊ ဒီမိုကရေစီ စတာတွေအတွက် တိုင်းပြည်ကို စတင် လမ်းဖွင့်ပေးခဲ့ကြသည်။ မယုံကြည်နိုင်လောက်အောင် အံအားသင့်စရာက မော်ဒန်နိုက်ဇေးရှင်း အပြောင်းအလဲအတွက် ဘူတန်တွေရဲ့ ချည်းကပ်နည်းက ဗုဒ္ဓ အသိပညာနဲ့ အကျင့်ကို အခြေခံပြီး တိုးတက်အောင် လုပ်ယူခြင်းပင်။
သို့သော် နောက်ပိုင်း ဘုရင်အဆက်ဆက်က လမ်းတံတား၊ လျှပ်စစ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ နည်းပညာ ဖွံဖြိုးမှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေး (အထူးသဖြင့် အိန္ဒိယနှင့်)၊ ဒီမိုကရေစီ စတာတွေအတွက် တိုင်းပြည်ကို စတင် လမ်းဖွင့်ပေးခဲ့ကြသည်။ မယုံကြည်နိုင်လောက်အောင် အံအားသင့်စရာက မော်ဒန်နိုက်ဇေးရှင်း အပြောင်းအလဲအတွက် ဘူတန်တွေရဲ့ ချည်းကပ်နည်းက ဗုဒ္ဓ အသိပညာနဲ့ အကျင့်ကို အခြေခံပြီး တိုးတက်အောင် လုပ်ယူခြင်းပင်။
ဘူတန်တွင် တိုင်းပြည်တိုးတက်မှုအတွက် စိန်ခေါ်ချက်က စုစုပေါင်း အမျိုးသား ထုတ်ကုန် (gross national product-GNP) မြင့်တက်ရေး မဟုတ်ဘဲ၊ စုစုပေါင်း အမျိုးသား ပျော်ရွှင်မှု (gross national hapiness-GNH) တွင် အခြေတည်ထားသည်။ ကျနော် ဘူတန်ကို သွားခဲ့ခြင်းကလည်း GNP ကို ဘူတန်တွေ ဘယ်လို အသုံးပြုနေသလဲဆိုတာ နားလည်ချင်လို့ ဖြစ်သည်။ စီးပွားရေးပညာအရ GNH အတွက် ဖော်မြူလာနှင့် သီအိုရီရယ်လို့တော့ ရှိမထားသေး။ အဲဒီ စိန်ခေါ်ချက်အတွက် ဘူတန်တို့က နက်နဲသိမ့်မွေ့တဲ့ အစဉ်အလာ ဗုဒ္ဓ အသိပညာမှ နှိုက်ယူရင်း၊ အရေးပါလွန်းသည့် အမျိုးသား တိုးတက်မှုနှင့် တည်ငြိမ်အေးဆေးမှုကို ရယူထားနိုင်သည်။ ဒီအချက်က အခြားနိုင်ငံများအားလုံးအတွက် အားကျလောက်တဲ့ စေ့ဆော် တိုက်တွန်းမှု ဖြစ်လာနေသည်။
တကယ်တော့ ဘူတန်ရဲ့ GNH လုပ်ငန်းပိုင်းတွင် အခြေခံလိုအပ်ချက် ဖြည့်ဆည်းမှုက အဓိကဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာစေရေး၊ မိခင်နှင့် ကလေး သေဆုံးမှုနှုန်း လျော့ကျရေး၊ အထက်တန်းဆင့်အထိ အခမဲ့ ပညာရေး၊ လျှပ်စစ်မီး သောက်သုံးရေ ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် ဆေးရုံ စသည့် အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေးတို့ ပါဝင်သည်။ ဘူတန်လို ၀င်ငွေအဆင့်နိမ့် နိုင်ငံတစ်နိုင်ငံတွင် အခြေခံလိုအပ်ချက်များအပေါ် ထိထိရောက်ရောက် ပစ်မှတ်ထား လုပ်ဆောင်ခြင်းမှာ အများကြီး အဓိပ္ပါယ်ရှိသည်။ တိုင်းပြည်ဘတ်ဂျက်ကို မလိုအပ်တာတွေမှာ မသုံး။
ဟုတ်သည်။ GNH အဓိပ္ပါယ်က ဆင်းရဲသားများ တိုးတက်လာစေရေး ဆိုတာထက် ပိုမိုကျယ်ပြန့် လေးနက်သည်။ ဘူတန်က စီးပွားရေးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် စဉ်ဆက်မပြတ်ထိန်းသိမ်းဖို့ကို ပေါင်းစပ်ဖို့ ကြိုးစားသည်။ တိုင်းပြည်တနံတလျားရှိ ကျယ်ပြောသော သစ်တောများနှင့် ဇီဝမျိုးစိတ်များ ကာကွယ်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြသည်။ တန်းတူညီမျှရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေများကို ထိန်းသိမ်းကြသည်။ မြို့ပြထွန်းကားမှု၊ သတင်းနည်းပညာထွန်းကားမှုစတဲ့ အလျင်အမြန်ပြောင်းလဲမှု ခေတ်အောက်တွင် တစ်ဦးချင်း စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့ အလေးပေး ဆောက်တည်ထားကြသည်။
အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ကျင်းပတဲ့ ၂၀၁၀ ‘စဉ်ဆက်မပြတ်ဖွံဖြိုးရေး’ (Sustainable Development) ထိပ်သီးအစည်းအဝေးတွင် ဘူတန် ၀န်ကြီးချုပ် ဂျစ်ဂ်မီ သင်းလေး ရဲ့ အားလုံးကို ဖမ်းစားထားတဲ့ မိန်းခွန်းကြားရပြီးနောက်၊ စိတ်ဝင်စားလွန်းလို့ ကျနော် ဘူတန်နိုင်ငံကို ရောက်သွားခြင်း ဖြစ်သည်။ သင်းလေးက အစည်းအဝေးတွင် အရေးကြီးတဲ့ အချက်နှစ်ချက်ကို ထောက်ပြသည်။
ပထမအချက်က အိန္ဒိယတိုက်တွင် မြေယာဆုံးရှုံးမှုများနှင့် ဂလက်ဆီများ ပျော်ကျမှုအပါဝင် သဘာပတ်ဝန်းကျင် ပျက်ဆီးမှုများအကြောင်း။ ဒုတိယအချက်က တစ်ဦးချင်းတန်ဖိုးနှင့် ပျော်ရွှင်မှု အဓိပ္ပါယ် ဖွင့်ဆိုချက်တို့ကို ပြောသွားသည်။ သင်းလေးက ရိုးရှင်းစွာ တင်ပြသည်။ ကျနော်တို့ တစ်ဦးချင်းစီမှာ အတိုင်းအတာမဲ့ တန်ဖိုးရှိသလောက် အထိအဆတ်လွယ်တဲ့ သတ္တ၀ါများ ဖြစ်တဲ့အကြောင်း။ တစ်ခါသုံး အစားအစာများ၊ တီဗွီ ကြော်ငြာများ၊ ဇိမ်ခံကားများ၊ သုံးစွဲစရာ နည်းပညာအသစ်များ၊ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းများတွေကို စိတ်ပိုင်းဆိုင်ရာ အလိုလိုက်ပြီး အထိန်းအကွပ်မဲ့ မသုံးသင့်တဲ့ အကြောင်း။
ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများအတွက် ဖက်ရှင်ဒီဇိုင်းအသစ်နဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေက အရေးမကြီး သော်လည်း၊ နိုင်ငံသားများအတွက် အခြေခံလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မှုက စိန်ခေါ်ချက်ဖြစ်လာနေသည်။ နေက်ဆုံးပေါ်ပင် အသစ်အသစ်တွေနောက် လိုက်ခြင်းက ပျော်ရွှင်ကျေမနပ်မှု တကယ်ပေးနိုင်မည်မဟုတ်။ တိုင်းပြည်တိုင်းရှိ အစိုးရတိုင်းက လူတိုင်းရဲ့ ကောင်းကျိုးချမ်းသာအတွက် အချိန်မှီမက အရေးပေါ် ဆောင်ရွက်သင့်ကြောင်း ဘူတန်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
အခုလည်း လူတိုင်း သိလောက်ပါပြီ။ အမေရိကန်စတိုင် တရားလွန် စားသုံးမှုဝါဒ (hyper-comsumerism) က လူမှုရေး မတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်။ ရန်လိုမှု၊ အတ္တလောဘကြီးမှု၊ အထီးကျန်မှု၊ အားအင်ကုန်ခန်းတဲ့အထိ အလုပ်လုပ်ကိုင်မှု၊ ငွေမှလွဲပြီး ဘယ်အရာကိုမှ တန်ဖိုးမထားနိုင်မှုတွေဆီ ဦးတည်လာစေသည်။ အမေရိကန်ပြည်ထောင်စုကို လွှတ်အထင်ကြီးနေသူများအဖို့ ယနေ့ အမေရိကန်တွေ ဘယ်လို ပြဿနာတွေရင်ဆိုင် နေထိုင်နေကြရသလဲဆိုတာ သတိထားကြဖို့လိုသည်။ မရပ်မနား ထိုးစစ်ဆင်နေသည့် ကြော်ငြာများအောက်တွင် လူထုအဖို့ လူးလူးလိမ့်လိမ့်။ ကမ္ဘာ့ ဆင်းရဲသူ ဆင်းရဲသားများအတွက် တစ်ဒေါ်လာ ပေးကမ်းစွန့်ကြဲဖို့ တွန့်တိုတတ်ပေမယ့်၊ သန်းပေါင်းများစွာ ဖြုန်းတီးကြော်ငြာပြီး လူတိုင်းဆီက နှိုက်ယူဖို့ ကုမ္ပဏီကြီးများအတွက် ၀န်မလေးလှ။
ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးချမ်းသာနှင့်အတူ လူသားကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု ပျောက်ပျက်မသွားရေး၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရှိရေးတို့ အတူပေါင်းစပ်ထားမယ့် ‘စဉ်ဆက်မပြတ် ပျော်ရွှင်မှု’ စနစ်တစ်ခုကို အားလုံးအတွက် ဘယ်လို ထုတ်လုပ်ကြမလဲ။
ဘူတန်မှာတော့ သူနည်းနဲ့သူ တစ်နိုင်ငံလုံး ပျော်ရွှင်ချမ်းသာဖို့ အတော် ခရီးရောက်နေသည်။ မြစ်ကိုဖြစ်ပြီး ရေအားလျှပ်စစ် အိန္ဒိယကို ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေ ပုံမှန်ရရှိပြီး ပညာရေး၊ ကျန်းမာရေး၊ အခြေခံလိုအပ်ချက်တွေကို ပုံမှန် ဖြည့်ဆည်းသွားသည်။ တိုးတက်မှု အသီးအပွင့်ကို မြို့ပြကျေးလက် ဒေသစုံ အလွှာစုံ ခံစားရအောင် အစိုးရက စီမံသည်။ သို့နှင့်တိုင် ဘူတန်အတွက် စွန့်စားရချက်တွေ ရှိနေဦးမည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အပြောင်းအလဲတွေက ဘူတန်ရဲ့ စီးပွားရေးနှင့် ဂေဟဗေဒကို ခြိမ်းခြောက်လာနိုင်သည်။ ရေရှည်တွင် GNH က တိုင်းပြည်တွင် ကျရောက်လာမည့် မမြင်နိုင်တဲ့ ဘေးဆိုး ကပ်ဆိုးတွေကို ကျော်လွှားနိုင်မည်လား။
ဘူတန်နိုင်ငံ ဆက်လက် အောင်မြင်ဖို့အတွက် သော့ချက်က လက်ရှိ GNH ကို ကျေနပ်ရောင့်ရဲမနေဘဲ ရေရှည်ခံပြီး ကျန်နိုင်ငံများအားလုံးအတွက် စံပြမော်ဒယ်တစ်ခုဖြစ်ဖို့ ကြိုးစားဖို့ပင်။ ဘူတန်ရဲ့ ဗုဒ္ဓဘာသာ အသိပညာအရ ပျော်ရွှင်မှုဆိုသည်မှာ ကုန်ပစ္စည်းများ ၀န်ဆောင်မှုလုပ်ငန်းများနှင့် သိပ်မဆိုင်။ တစ်ဦးချင်းစီရဲ့ အတွင်းစိတ် သန့်စင်အေးချမ်းဖို့၊ အခြားသူများအပေါ် အကြင်နာ မေတ္တာပွား စောင့်ရှောက်နိုင်ဖို့ပင်။
ဘူတန်နိုင်ငံသည် သူ့ခရီးရှည်ကို ဆက်လက်ချီတက်နေသည်။ ကျန်ကမ္ဘာ့နိုင်ငံများလည်း ဘူတန်ကနေ သင်ခန်းစာယူစရာတွေ ရှိနေပါလိမ့်မည်။
ရည်ညွှန်း Growth in a Buddhist Economy by Jeffery D. Sachs
(ဒေါက်တာ Jeffery D.Sachs မှာ ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ ဖြစ်ပြီး၊ ကုလသမ္မဂ ထောင်စုနှစ်ပန်းတိုင်များအတွက် အကြံပေး ဒါရိုက်တာဖြစ်သည်။)
ရဲမြင့်ကျော် ဘာသာပြန်ဆိုသည်
Freedom News Group မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment