ဒါ မြန်မာလား |
ခေတ်ပျက်၊ စနစ်ပျက်ထဲတွင် မွေးဖွားပြီး အကျင့်ပျက်သူတွေကြား ကြီးပျင်းလာတဲ့ မိန်ကလေးတယောက် ဆိုတော့လည်း ပြစ်မတင်လိုတော့ပါ။ သြော်... ငါ့တို့နိုင်ငံကြီးဟာ ဖာနိုင်ငံကြီးဖြစ်နေပါကောလား။ ငါတို့နိုင်ငံရဲ့ အမျိုးသမီးတွေ ဟာလည်း ဖာတွေဖြစ်နေပါကောလားဟုသာ ရင်နာနာနဲ့ ပင့်သက်ကိုသာခါခါ ချမိတော့တယ်။
မြန်မာမိန်းကလေးတွေ ဒီလို ပုံပျက်ပန်းပျက် ဝတ်စားလာတာကို မြင်တော့ ဝမ်းနည်းစိတ်တွေ တရိပ်ရိပ် တက်လာပါတယ်။ ဘယ်လိုစံတွေနဲ့ တိုင်းတာပြီး ဘယ်သူ့ကိုများ နမူနာထားကြသလဲတော့မသိပါ။ လူစည်ကားရာ နေရာတွေ၊ ဂုဏ်သိက္ခာရှိတဲ့ အခမ်းအနားတွေမှာတောင် ဒီလို အတိုအပြတ်၊ ချက်ပေါ်၊ ပေါင်ပေါ်တွေကို ဝတ်ဆင်လာတွေကို တွေ့လာရတယ်။ မြန်မာတွေ ဝင့်ဝင့်ကြွားကြွားပြောတတ်တဲ့ အမျိုးကောင်းသမီးဆိုတာဟာ ဒီလို ရှက်ဖွယ်၊ ရွံရှာဖွယ် ပုံစံမျိုးလားလို့ ယုံမှား သံသယဝင်မိတယ်။ ကျုပ်ထင်မှတ်ထားတဲ့ အမျိုးကောင်းသမီးဆိုတာက ပိတုန်းရောင် ဆံရှည်နဲ့၊ အဝတ်အစား လုံလုံခြုံခြုံ၊ ပြေပြေပျစ်ပျစ်ဝတ်ပြီး၊ လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာ၊ ရှင်, ကျမ နှစ်လိုဖွယ် စကားတွေနဲ့ ရိုရိုကျိုးကျိုး ဒီလိုမျိုးထင်ခဲ့တာပါ။ ဘယ့်နှယ် အခုတော့ ဒါမြန်မာအမျိုးသမီးပါလို့ ဘယ်ပုံ၊ ဘယ်သဏ္ဍာန်ကို ကြည့်ပြီး ကြွားဝါရမလဲ။
သူ့မှာ စောင့်ထိန်းခြင်းဆို ဘယ်လိုမျိုးလဲ |
လူတွေက ကိုယ်မလိုက်နာ၊ မကျင့်သုံးနိုင်တာကို ဝန်မခံပဲ ခေတ်ဆိုတာကို ယိုးမယ်ဖွဲ့လာကြတယ်။ မှန်ကန် မြတ်နိုးဖွယ်ကောင်းတဲ့ သဘာဝဓမ္မ၊ ယဉ်ကျေးမှု၊ ဓလေ့ဆိုတာ ခေတ်ခါပြောင်းလဲသလို ရေစီးထဲမှာ မျောပါရိုးထုံးစံမရှိပါဘူး။ တိုးတက်တဲ့ နိုင်ငံကြီးတွေမှာလည်း အမျိုးကောင်းသမီးတွေဟာ စမတ်ကျကျ၊ လုံလုံခြုံခြုံ ဝတ်ဆင်ပြီး၊ ကာယိနြေ္ဒကို အစွမ်းကုန် ထိမ်းသိမ်းကြပါတယ်။ အပြောအဆိုတွေလည်း ချိုချိုသာသာ၊ ယဉ်ယဉ်ကျေးနဲ့ပါ။ မြန်မာမိန်းကလေးတွေက လော်လီဖောက်ပြားတဲ့ နိုင်ငံကြီးသူအမျိုးသမီး တွေကိုသာ ကြည့်ပြီး တုပလာကြတယ်။ ဒီလိုနဲ့ မြန်မာတနိုင်ငံလုံးမှာလည်း လော်လီတဲ့ အမျိုးသမီးတွေ များပြားလာတော့တာပဲ။ အမျိုးသမီးသိက္ခာဟာလည်း ကုန်းကောက်လို့မရအောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တာပဲ။ အားလုံးကိုတော့ မဆိုလိုပါဘူး။ ဒါပေမဲ့ သုံးပုံနှစ်ပုံက ပျက်စီးချင်တိုင်း ပျက်စီးနေတာပါပဲ။
ဒီလိုအမျိုးသမီးတွေမှာ ဘယ်လိုသိက္ခာများ ရှိမလဲ |
ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေက အလုပ်ငန်းမှာက ထမိန်ကြီးဝတ်ထားရင် အလုပ်မတွင်တဲ့အတွက် ဘာညာ သာဓကပြကြတယ်။ ပြည်တွင်းကအမျိုးသမီးတွေကလဲ လိုင်းကားကို တိုးဝှေ့ပြီးစီးနေကြရတာ၊ ကျော်လိုက်ရ၊ ခွလိုက်ရဆိုတော့ ထမိန်နဲ့ဆို ကိုးရိုးကားရိုးနိုင်တယ် အကြောင်းပြပါတယ်။ ရာခိုင်နှုန်းများစွာ မှန်ပါတယ်။ ဒါပေမဲ့ မာစီဒီးကားမှာ အမိန့်သားထိုင်ပြီး သွားလာတဲ့ အမျိုးသမီးတွေဟာ အတိုအပြတ်၊ ချက်ပေါ် ပေါင်ပေါ် ဝတ်နေပြန်ရော၊ အလုပ်မှာမဟုတ်ဘဲ အိမ်မှာလဲဒီလိုပဲ ဝတ်ကြပြန်ရော။ ဆိုတော့ကာ အထက်ကကြောင်းပြချက်တွေဟာ စာရိတ္တချွတ်ယွင်းမှုကို ဖုံးကွယ်ဖို့အတွက် အကြောင်းပြချက် သက်သက်တွေများ ဖြစ်နေမလားပဲ။ မြန်မာတွေဟာ စကားကြွယ်သလောက် တခြားလူမျိုးတွေထက် အကြာင်းပြချက်တွေ၊ ဆင်ခြေတွေများလွန်းပါတယ်။ ဒီဆင်ခြေတွေ၊ အကြောင်းပြချက်တွေကြောင့်ပဲ အောက်ကျနောက်ကျဖြစ်နေရတာပါ။
သူ့ကို မြန်မာပြည်ကပါလို့ ဘယ်သူ့ကိုမှ မပြောပါနဲ့ |
ကိုယ်ရဲ့အမူအရာ၊ အဝတ်အစားကို ကြည့်ရုံ၊ မြင်ရုံနဲ့ ထိုပုဂ္ဂိုလ်ရဲ့ စိတ်နေသဘောထား၊ အကျင့်စာရိတ္တကို ခန့်မှန်းလို့ ရပါတယ်။ ဒါကြောင့်လည်း အဝတ်အစာနဲ့ ပတ်သက်ပြီး လူမှာအဝတ်၊ တောင်းမှာအကွပ်ဆိုသလို ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လောက်အရေးပါတယ်၊ အဝတ်အစားကြောင့် ကိုယ့်သိက္ခာကို ထိခိုက်နိုင်တယ်ဆိုတာကို သာဓကပြတဲ့ စကားပါပဲ။ အခုတော့ ဒီအဝတ်အစားပြဿနာဟာ မြို့တင်မကတော့ဘူး။ တောရွာ ဇနပုဒ်တွေကိုပါ ကူးစက်သွားပါပြီ။ ဘာကြောင့်ဒီလောက်မြန်မြန် ကူးစက်သွားရတာလဲဆိုတော့ ရေပေါ်ဆီလူတန်းစား အနုပညာသမားအမည်ခံထားတဲ့ ဖောက်ပြန်ရေးသမားတွေကြောင့်ပါပဲ။ ရုပ်ရှင် ဗီဒီယိုဟာ လူထုအကြား လွယ်လွယ်ကူကူ ရောက်စေနိုင်တဲ့ မီဒီယာတမျိုးဆိုတော့ အနုပညာသမားလို့ အမည်ခံထားသူတို့ လော်လီဖောက်ပြားတဲ့ အဝတ်အစားတွေဟာ လူထုကြားကို မြန်မြန်ပဲ ရောက်သွားရတော့တာပေါ့။ ဆိုတော့ မြို့ပေါ်က အမျိုးသမီးတင် ပျက်စီးတာမဟုတ် တောခြေအမျိုးသမီးတွေရော ပျက်စီးနေတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာနိုင်ငံကြီးဆိုတဲ့စကားဟာ ရင်ထဲမှာ ပဲ့တင်ထပ်နေတော့တာပဲ။
ခေတ်ပျက်၊ စနစ်ပျက်၊ ပညာရေးပျက်၊ စီးပွားရေးပျက်၊ စာရိတ္တပျက် ဒီလိုအပျက်အစီးတွေကြားမှာ လူဖြစ်လာတဲ့ လူတွေကလည်း လူပျက်တွေဖြစ်နေတော့တာပေါ့။ တိုင်းပြည်တပြည်မှာ ပညာရေးပျက်၊ စီးပွားရေးပျက်၊ စာရိတ္တပျက်ရည် ဘယ်သူမှ ဖာမဖြစ်ရိုးထုံးစံမရှိဘူး။
ဓာတ်ပုံများကို Eleven Media Group မှ ကူးယူပါသည်။
No comments:
Post a Comment