Showing posts with label ဗွီဒီယို. Show all posts
Showing posts with label ဗွီဒီယို. Show all posts

တမျိုးသားလုံး ပြန်လည် အမှတ်ရစေဖို့ (၃)

ရန်ကုန်ပြည်သူ့ဆးရုံကြီးမှ အကျင့်ပျက်မှုများ

သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့ အသက်နှစ်ဆယ် ၀န်းကျင်ရှိ အမျိုးသမီးတစ်ဦးကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆိုတဲ့ သူတို့နှစ်ဦးဟာ အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြတယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ အခြားဘယ်သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆိုသူနှစ်ဦးကို အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။

လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့ လူနာကို ခွဲစိတ်မှု မပြုခင် ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်က အဲဒီငွေကျပ်သုံးသောင်း မပေးနိုင်တာကြောင့် ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံက ပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ ကိုပြောပြခဲ့ပါတယ်။

ဗီဒီယိုဖိုင်ကို ClicK ပါ

တမျိုးသားလုံး ပြန်လည် အမှတ်ရစေဖို့ (၁)

ပြင်ဦးလွင် လယ်သမားတွေရဲ့ ဆုတောင်းပွဲ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့အတွက် လယ်သမားတွေ တနင်္ဂနွေနေ့က ဆုတောင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။ အသေးစိတ်ကို ကိုကျော်မင်းထွန်းက တင်ပြပေးမှာပါ။

ကျုံပျော်က လယ်သမားတဦးရဲ့ ရင်ဖွင့်ချက် ဖြစ်ပါတယ်

တောင်သူလယ်သမားဟူသည်မှာ တနိုင်ငံလုံး၊ တမျိုးသားလုံး၏ ကျေးဇူးရှင်ကြီးများဖြစ်ပါတယ်။ ယခုအချိန်တွင် ထိုကျေးဇူးရှင် တောင်သူလယ်သမားများမှာ အရင်းရှင်များ၊ အခွင့်ထူးခံ လူတန်းစားများ၏ လူသားမဆန်ဘဲ တရားမျှတကင်းမဲ့မှု၊ လက်ဝါးကြီးအုပ်မှုတွေကြောင့် အခက်ခဲအမျိုးစုံကို အလူးအလဲ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ထိုကြောင့် တာဝန်ရှိ လူကြီးမင်းမှ ထိုကျေးဇူးရှုင်ကြီးများကို သနားညှာတာသောအားဖြင့် အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုအပ်ပါတယ်။

ဗီဒိုဖိုင်ကို ဧရာဝတီ ဘလော့ဂ်မှ ကူးယူပါသည်။

ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်



DVB အထိပ်ပိုင်း တာဝန်ရှိသူများအတွင်းမှာ အကျင့်ပျက်ချစားမှုတွေ ဖြစ်ပေါ်နေပြီး ပရောပရောက် မြန်မာအားလုံး ကန့်ကွက်ရှုတ်ချရသည်အထိ စိတ်ပျက်စရာ ဖြစ်ပေါ်နေတဲ့ DVB သတင်းဌာနကို စိတ်ပျက်၊ ရွံရှာခဲ့တာ ကြာပါပြီ။ ဒီလို စုတ်ချာ အရှက်မဲ့နေတဲ့ DVB သတင်းဌာနရဲက ထုတ်လွှင့်ချက် အားလုံးနီးပါးကို မကြည့်ဖြစ်၊ နားမထောင်ဖြစ်ခဲ့ တာလည်း ကြာပါပြီ။ အခုတော့ ဒီဗီဒီယိုဖိုင်လေးကို ကြည့်ဖြစ်ပါတယ်။ အဘိုးတန်တဲ့ သမိုင်းမှတ်တမ်းလေးဖြစ်တာကြောင့် ရှေ့မျက်နှာနောက်ထား၊ ရွံရှာမုန်းတီးမှုကို နောက် ထားပြီး ဘလော့ဂ်ပရိတ်သတ်များ ရှုစားနိုင်ကြစေဖို့ တင်ပေးလိုက်ပါတယ်။