ရန်ကုန်ပြည်သူ့ဆးရုံကြီးမှ အကျင့်ပျက်မှုများ

သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့ အသက်နှစ်ဆယ် ၀န်းကျင်ရှိ အမျိုးသမီးတစ်ဦးကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆိုတဲ့ သူတို့နှစ်ဦးဟာ အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြတယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ အခြားဘယ်သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆိုသူနှစ်ဦးကို အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။

လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့ လူနာကို ခွဲစိတ်မှု မပြုခင် ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်က အဲဒီငွေကျပ်သုံးသောင်း မပေးနိုင်တာကြောင့် ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံက ပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ ကိုပြောပြခဲ့ပါတယ်။

ဗီဒီယိုဖိုင်ကို ClicK ပါ

No comments: