Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းအား နိုင်ငံခြားသားပညာရှင်က (ဖွတ် ပဲ လွှင့်ပစ်လိုက်) လို့ ဝေဖန်ခဲ့

ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အပြီးမှာတော့ အကယ်ဒမီဆု ရသင့်တယ်လို့ ပရိသတ်က မျှော်မှန်းထားတဲ့သူတွေ ရသွားလို့ ပရိသတ်များကျေနပ်ခဲ့ရသလို မျှော်မှန်းထား သော်လည်း မရခဲ့တဲ့အတွက် မချိတင်ကဲနဲ့ ဝေဖန်ပြောဆိုသံတွေဆူညံခဲ့ပါတယ်။ နောက်ပြီး အကယ်ဒမီပေး ပွဲရဲ့ အပြင်အဆင် တင်ဆက်မှုတွေအပေါ် ကြိုက်သူတွေရှိသလို မနှစ်သက်ကြတဲ့သူတွေလည်း အများအ ပြားပါပဲ။

မြန်မာ့ရုပ်ရှင်လောကဟာ အစိုးရသစ်လက်ထက်ကစပြီး ဆင်ဆာအဖွဲ့တွေဖျက်သိမ်း လွတ်လပ်တဲ့ မြန်မာ့ ရုပ်ရှင်အစည်းအရုံးတွေထူထောင်ပြီး ကိုယ့်လမ်းကိုလျှောက်ခဲ့ကြပေမဲ့ လက်တွေ့မှာ အောင်မြင်မှု မရရှိသေး သလို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲဟာ လူစိတ်ဝင်စားမှု အင်မတန်လျော့ကြလာတယ်လို့ မြန်မာရုပ်ရှင် ချစ်သူ ပရိသတ်ကြားမှာ ဝေဖန်မှုတွေ ဆူညံခဲ့ပါတယ်။

ဝန်ကြီးများခရီးစရိတ် များလွန်းကြောင်း လွှတ်တော်အမတ်များ ထောက်ပြ


လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သမ၀ါယမ ဝန်ကြီးဌာန ဝန်ကြီးတွေရဲ့ ခရီးသွားလာရေးစရိတ် ဓါတ်ဆီ စက်ဆီ အသုံးစရိတ် တင်ပြတောင်းခံငွေဟာ များပြားလွန်းနေကြောင်း ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ် တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။

နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာပါတဲ့ သမ၀ါယမဝန်ကြီးဌာနရဲ့ တင်ပြတောင်းခံငွေနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

"ဝန်ကြီး ဒုဝန်ကြီး နှစ်ပါးခရီးစဉ်တစ်ခုကြောင့် ၃ သန်းကျော်လောက်သုံးမယ်လို့ ညွှန်းပါတယ်၊ နောက်ဂျပန်နိုင်ငံကို သွားပြီးကာမှ သမဝါယမဖွံ့ဖြိုးနေတဲ့လုပ်ငန်းတွေကို လေ့လာဖို့အတွက် ၃ သန်းလောက် ထပ်လိုတယ်လို့ ကြည့်တဲ့အခါမှာ ဝန်ကြီး ဒုဝန်ကြီး နှစ်ပါးသုံးတဲ့ငွေဟာ ၇၄ သိန်းလောက်ဖြစ်သွားပြီ၊ ထပ်ပြီးတော့ ၉ သန်းလောက် တောင်းထားပါတယ်၊ ဆိုတော့ သမဝါယမ ဝန်ကြီးဌာန ရုံးအဖွဲ့အပါအဝင်က သုံးတဲ့ပမာဏ ၁ဝ၇ သန်းလောက်ရှိပါတယ်၊ အဲဒီထဲမှာ ခရီးသွားလာစရိတ်အပြင် ခုနက စက်ဆီ၊ ဓာတ်ဆီနဲ့ ပတ်သက်ပြီး ကဏ္ဍကိုကြည့်တဲ့အခါမှာ ပြန်တောင်းတာဆိုရင် ၇၄.၁၆ သန်းပါ၊ လစာရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ စက်ဆီ၊ ဓာတ်ဆီနဲ့ ချောဆီမှာ တောင်းထားတယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်"

ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်


ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင် မိန်းခလေး တစ်ဦးကို မ ကောင်းဆိုးဝါး စီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ် လိုက်သည့် မိသားစု တစ်စုကို ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးတော့ မည်ဖြစ်ကြောင်း သိရသည်။
ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင် ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ် ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။
မိသားစုလေးဦးအနက်မှ တစ်ဦးသည် အသက် ၂၁ နှစ်အ ရွယ်ရှိ နာလီယာ မမ်တက်ဇ်အား လည်ပင်းညှစ်နေချိန်တွင် အခြားသုံးဦးက နာလီယာကို ဖမ်းချုပ်ပေးထားကြသည်။ သူ တို့က နာလီယာကိုယ်ခန္ဓာထဲတွင် ဝင်ပူးနေသည့် မကောင်း ဆိုးဝါးကို ထိုနည်းဖြင့် ထွက်သွားစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။
နာလီယာကို သတ်ဖြတ်ရန် ကြိုးပမ်းနေသူများထဲတွင် ခင်ပွန်းသည် မိုဟာမက် တူဆစ် မမ်တက်ဇ် ကိုယ်တိုင် ပါဝင်ပြီး ဇနီးသည်ကို အသက်ရှူကျပ်ပြီးသေသည်ဟု ထွက်ဆိုခဲ့သူဖြစ်သည်။ အခြား မိသားစုဝင် သုံးဦးမှာ အသက် ၅၁ နှစ်အရွယ်ဖြစ်သည့် မိဘနှစ်ပါး ဗီယာ အူဟတ်နှင့် ဆလမာ အက်စ်လမ်အပြင် အကိုဖြစ်သူ ဟာမက် ဟတ်စန်တို့လည်း ပါဝင်ခဲ့သည်။

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့်ဆရာအား ဖမ်းဆီးအရေးယူ


ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံ ရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအ ရေးယူသည့် ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည် နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။
ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင် ဝက်ဘ်ဆိုက်ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်း သူလေးများမှာ အိစ်ကိုဝက်တာ အထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ်မ ရာ ပုံစံ အမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်း တွေ့ရသည်။ အမေရိ ကန် ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မ ဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြရန် ဥပဒေအရ တားမြစ်ပိတ်ပင်ထားသည်။
ထိုကျောင်းသူများသည် မည်သူတို့ ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအားကန့်ကွက်သည့် အီး မေးလ်များ ကျောင်းသို့ အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်းဆိုကြသည်။

မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုနှုန်း တစ်နေ့လျှင်၂၃ ဦးရှိ


မြန်မာနိုင်ငံတွင် ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် HIV ပိုး ကူးစက်မှုနှုန်း တစ်နေ့လျှင် အနည်းဆုံး ၂၃ ဦးခန့် ကူးစက်ခံ နေရကြောင်းကို Myanmar Positive Group (MPG) ၏ စစ်တမ်းများတွင် ထုတ်ပြန်ထား ကြောင်းကို ဧပြီ ၈ ရက်တွင် အမျိုးသမီး များ ကွန်ရက်မှ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံတွင်း ကျန်းမာရေး အသိအမြင် တစ်ပြေးညီဖြစ်လျှင် HIV/AIDS ရောဂါ လျော့ကျသွားနိုင်ကြောင်း၊ လူတိုင်းသည် မိမိတို့ ကျန်းမာရေးအရ သွေးစစ်ရန် အထူးလိုအပ်ကြောင်း၊ HIV ပိုး ရှိသူများသည် ကျန်းမာရေး အသိပြည့်ဝရန် လိုအပ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ခုခံကာကွယ်မှု ပြုလုပ်မှသာ HIV ပိုး ကူးစက်မှုနှုန်း လျော့ကျမည် ဖြစ်ကြောင်းတို့ကို “Sex Worker မှ ကူးတာ မဟုတ်ဘူး။ သာမန် အမျိုးသမီး ဘ၀နဲ့ ရပ်တည်နေရင်း ကူးစက်ခံရသူ အများကြီး ရှိတယ်။ တချို့ဆို အဖေ၊ အမေမှာရှိတဲ့အတွက် မွေးလာတဲ့ ကလေးတွေမှာ ဒီရောဂါပိုး ပါလာရော။ အဲဒီလိုဆိုရင် လောကထဲကို HIV ပိုးရှိသူ အလိုလို ရောက်လာတာပဲလေ။ ဒီလိုဖြစ်တာ ကျန်းမာရေး အသိပညာ အားနည်းလို့ပါပဲ” ဟု ဒေါ်စုစုလှိုင်က ပြောကြားခဲ့သည်။

မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အိမ်ထောင်စု ၁၀၀ ကျော်ရှိ


မန္တလေးမြို့တွင် ဧပြီ ၁၂ ရက် နံနက်ပိုင်းက မြို့နယ် နှစ်ခု တွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့ သွားသည့် အိမ်ထောင်စု ၁၃၅ စု ရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်း သတင်းရရှိသည်။
 
နံနက် (၂) နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ ၀တီရပ်ကွက်၊ ချီပါရပ်တွင် ပန်းပုလုပ်ငန်း အလုပ်ရုံအတွင်းရှိ ရေဘော်စာအနီး ခြင်ဆေးခွေ ထွန်းထားရာက မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ကြာမြင့်ချိန် နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်လုံး၊ နံကပ်နှစ်ထပ် တိုက် သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ်မိုး ၁၀ လုံး၊ သွပ်မိုး ထရံကာ အလုံးတစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။
 
မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင်များလည်း လာရောက် ငြှိမ်းသတ်ခဲ့ ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိ ရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင်ချမ်းသာ ဓမ္မာရုံ၊ မှန်ကင်း ကျောင်းတိုက်၊ မာန်အောင်ကျောင်းတိုက်တို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီဖြစ်သည်။ “ ညအိပ်ကောင်းနေချိန်လည်း ဖြစ် တယ်။ လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင်တာလေးတွေက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှ မရ လိုက်ဘူး” ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး ဦးသန့်စည်က ပြောသည်။ ထိခိုက်ဒဏ်ရာနှင့် အသေအပျောက် မရှိကြောင်း ရပ်ကွက် တာဝန်ရှိ သူများက ပြောသည်။

ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် အစိုးရစစ်တပ်များသာ နေရာယူ အခြေ ချ ထားလိုက်ခြင်းကြောင့် ဖားကန့်ပြည်သူများအတွက် တနိုင်တပိုင်ဝမ်းရေး ရှာဖွေစားသောက်ရန် အခက်အခဲဖြစ်လာကြောင်း ဖား ကန့်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင်း အစိုးရစစ်တပ်မှ အင်အားတိုးချ လာသောကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် တိုက်ပွဲ ဖြစ်ကာ KIA ဖက်မှ နောက်ဆုတ်ထားလိုက်ချိန်မှစ၍ ကျောက်စိမ်းတူးဖော်ရေးနယ်မြေများတွင် အစိုးရကုမ္ပဏီများ နေရာယူလာခြင်း ဖြစ်သည်ဟု သိရသည်။

လက်ပံတောင်းတောင် တန်ပြန်ဆန္ဒပြမှု (ဦးဆောင်သူတချို့မှ ဒေသခံတွေကို လိမ်လည်ခေါ်ဆောင် ဆန္ဒပြခိုင်းမှု)

လူငယ်များနှင့် သတိပြုဖွယ် HIV ရောဂါပိုး ကူးစက်မှု


အမေရိကန် ပြည်ထောင်စုတွင် လူငယ် ထက်ဝက်ကျော်သည် HIV ရောဂါပိုး ကူးစက်ခံနေရပြီး ၎င်းတို့သည် အဆိုပါ ရောဂါပိုး ကူး စက်ခံ နေရသည်ကို သတိမမူ မိကြပေ။ HIV ရောဂါပိုး ကူးစက်ခံရသည့် အသက် ၁၃ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် အရေအတွက် သည် ယင်းရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ပမာဏ၏ ၂၆ ရာခိုင်နှုန်းရှိကြောင်း အမေရိကန် နိုင်ငံ AIDS ရောဂါ တားဆီး ကာ ကွယ်ရေး မှ ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံတွင် လစဉ် လူငယ် ၁ဝဝဝ သည် HIV ရောဂါပိုး ကူးစက်ခံနေရပြီး ကုသမရသည့် အဆိုပါ ရောဂါပိုးအား အသက် ရှင်စဉ် အတောအတွင်း ကုသမည်ဆိုပါက အမေရိကန် ဒေါ်လာ ၄ဝဝ,ဝဝဝ ကုန်ကျဖွယ် ရှိသည်။ HIV ရောဂါပိုးအား မကုသပါက AIDS ရောဂါ အဖြစ်သို့ ရောက်ရှိသွားနိုင်ပြီး အဆောတလျင် အသက်ဆုံးရှုံးသွားနိုင်ဖွယ်ရှိကြောင်း AIDS ရောဂါတားဆီး ကာကွယ် ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသောမက်စ်ဖရိုင်ဒန်းက ပြောကြားထားသည်။

သင်္ကြန်တွင် မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်

မြန်မာ့ရိုးရာ သင်္ကြန်ရေ ကစားရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိ ပါက ပြစ်မှုပုဒ်မ၂၉၀/၂၉၄ အရ အရေးယူမည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ---

ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌ တွေ့ရှိ

တူရကီနိုင်ငံ အနောက်တောင်ပိုင်း ဒီနစ်ဇလီပြည်နယ်ပါ မို့ခ်ခါလီမြို့တွင် ဂရိနှင့် ရော မ ဒဏ္ဍာရီများထဲမှ ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခုကို အီတလီ ရှေးဟောင်း သုတေသန ပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ရ ကြောင်း Daily Mail သတင်း တစ်ရပ်တွင် ဖော်ပြ သွားခဲ့သည်။ 
 
ဘီစီ ၁၉၀ ခန့်က ဟိုရာပိုလစ်ဟု အမည်ရသော ယင်းဒေသတွင် ပါဂန်မစ် မျိုးနွယ်ဝင် အူမန်နက်စ် ဘုရင်က ပရိုင်ဂျီယန် ရှေးဟောင်း မြို့တော်ကို တည်ဆောက် ခဲ့ခြင်းဖြစ် ပြီး ထိုမြို့တွင် ငရဲပြည်ဟု မုခ်တံခါးဝဟု ယူဆရသော အဆောက်အအုံ တစ်ခုကို ဖရန်ဆစ်ကို ဒီအန်ဒရီယာ ဦးဆောင်သော အီတလီ ရှေးဟောင်း သုတေသန ပညာ ရှင် အဖွဲ့က တွေ့ရှိခဲ့သည်။ 
 
ထိုအဆောက် အအုံ၏ အောက်ခြေ လိုဏ်ခေါင်းအတွင်း၌ အပှုချိန် မြင့်မားပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါဝင်သော မြူခိုး များ ထူထပ်စွာ ဖုံးလွှမ်းနေသည်ကို တွေ့ရှိရသောကြောင့် သိပ္ပံပညာရှင်များက ငှက်များ စေလွှတ်၍ ပျံသန်းစေသောအခါ အဆိပ် ဓာတ်ငွေ့ သင့်၍ သေဆုံးသွားသည်ကို တွေ့ရသည်။
                                                                                                                                      
                                                                                                                                    ကိုစိုး 
 

လူ ၃၀၀ ကျော်ကို ဆေးထိုးသတ်ခဲ့ဖွယ်ရှိသည့် ဆရာဝန်အား အရေးယူရန် စီစဉ်


ဘရာဇီးလ် ရဲတပ်ဖွဲ့သည် လူပေါင်း (၃၀၀) ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရ သည့် ဆရာဝန် အမျိုးသမီးတစ်ဦး၏ ပြစ်ချက်ဟောင်းများကို ဖော်ထုတ်နိုင်ရန် ကြိုး စားနေကြောင်း သိရှိရသည်။ ဘရာဆီးလီးယား မြို့တော်ရှိ ဆရာဝန်တစ်ဦးသည် ဆေးရုံကုတင်များ အားလပ်စေလိုသဖြင့် လူ (၇) ဦးကို သတ်ဖြတ်ခဲ့ကြောင်း စွဲချက် နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ၎င်းသည် ဆေးရုံတွင် ကုတင်နေရာ လစ်လပ်စေရန် ဆိုသောစိတ်ဖြင့် လူပေါင်း (၃၀၀) မျှကို သတ်ဖြတ်ခဲ့ပြီးဟု ယူဆရကြောင်း နိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဌာန ထောက်လှမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

ဒေါက်တာ ဗာဂျီနီယာ ဆိုရက်စ်ဒီ ဆိုဇာနှင့် သူမ၏ ဆေးအဖွဲ့သည် လူနာများကို ကြွက်သားလျော့ရဲစေသည့် ဆေးဝါးများ ထိုးသွင်းပြီးနောက် အောက်စီဂျင် ဖြည့်သွင်း မှုကို လျှော့ချပစ်ကာ သေစေခဲ့ကြောင်း အစိုးရ ရှေ့နေများက စွပ်စွဲထားသည်။ အသက် (၅၄) နှစ်ရှိ ဒေါက်တာဒီဆိုဇာသည် ကူရီ တီဘာ တောင်ပိုင်းရှိ Evangelical ဆေးရုံတွင် လူသတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆရသည့်နောက် ယခုအခါ စွဲချက်တင် ခံထား ရပြီ ဖြစ်သည်။

သူမလက်အောက်တွင် အလုပ်လုပ်သည့် သူနာပြု (၃) ဦး၊ ဆရာဝန် (၃) ဦးနှင့် ရူပကုထုံး ပညာရှင် (၁) ဦးတို့သည်လည်း လူသတ် မှုတွင် ပါဝင်ကြောင်း စွပ်စွဲချက်များနှင့် အသီးသီး ရင်ဆိုင်နေရသည်။ ဒီဆိုဇာသည် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု တစ်ခုတွင် ဆေးရုံ ကုတင်များကို ရှင်းလင်းကာ နောက်ထပ် လူနာများကို နေရာပေးလိုသဖြင့် နာတာရှည် လူမမာများကို ပစ်မှတ်ထားကာ ယခုလို လုပ်ကြံသတ်ဖြတ်ခင်းဟု အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။

'Iron Lady' Margaret Thatcher Dies at 87


Most recent Thatcher obituary
 Margaret Thatcher, 
Iron Lady, dead at 87
By Gregory Katz and Robert Barr 

LONDON _ Love her or loathe her, one thing's beyond dispute: Margaret Thatcher transformed Britain. The Iron Lady who ruled for 11 remarkable years imposed her will on a fractious, rundown nation _ breaking the unions, triumphing in a far-off war, and selling off state industries at a record pace. She left behind a leaner government and more prosperous nation by the time a mutiny ousted her from No. 10 Downing Street.
Thatcher’s former spokesman, Tim Bell, said that the former prime minister had died Monday morning of a stroke. She was 87.
For admirers, Thatcher was a savior who rescued Britain from ruin and laid the groundwork for an extraordinary economic renaissance. For critics, she was a heartless tyrant who ushered in an era of greed that kicked the weak out onto the streets and let the rich become filthy rich.
"Let us not kid ourselves, she was a very divisive figure," said Bernard Ingham, Thatcher's press secretary for her entire term. "She was a real toughie. She was a patriot with a great love for this country, and she raised the standing of Britain abroad."
Thatcher was the first _ and still only _ female prime minister in Britain's history. But she often found feminists tiresome and was not above using her handbag as a prop to underline her swagger and power. A grocer's daughter, she rose to the top of Britain's snobbish hierarchy the hard way, and envisioned a classless society that rewarded hard work and determination. 

ခြစားမှုခင်းများနှင့် မြန်မာထိပ်တန်းအရာရှိကြီးများ - by Larry Jagan


ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း (ဗိုလ်မှုးချုပ်ဟောင်း) နေအိမ်အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ ၂ သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်း ဇော် (ယခု ကချင်ပြည်နယ်ဝန်ကြီး) လည်း စစ်ဆေးခံရသည်ဟု ဆိုသည်။ ထိပ်ပိုင်း လူကြီး ၆၀ အနက် ၂၀ မှာ ယာယီ ထိန်းသိမ်းခံ ထားရသည်။
 
တရုပ်ကုမ္ပဏီ Huawei and ZTE  တို့က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များ ရရန် ကြိုးစားနေကြ ပါသည်။ ၂၀၀၄ခုနှစ်က ZTE သည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း ၁၅၀ ချေးငှားပြီး ဆက်သွယ်ရေး ၀ါယာကြိုး များ ရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ ဆ ဈေးကြီးပြီးရောင်းခဲ့သည်။ ဆက်သွယ်ရေး ကန်ထရိုက်များအတွက် ထူးကုမ္ပဏီ အုပ်စု အီလိုက်နှင့် ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။

စု၊ စိန်နဲ့ အိတ်ပူးများ သိပါစေ

အစ္စလာမ်မစ် Long March တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ဘင်္ဂလားဒေခ်ျ့တွင် ဖမ်းဆီးခံရ

ဒက္ကားမြို့တော်သို့ ချီတက်ကြမည့် ဘင်္ဂလာဒေခ်ျ့မှ အစ္စလာမ်မစ် ဘာသာရေးအဖွဲ့တစ်ခု ဖြစ်သော Hefazate Islam Bangladesh (HIB) အဖွဲ့၏  Long March အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ကော့စ် ဘဇားခရိုင်တွင် ဖမ်းဆီးလိုက်သည်။

သူတို့အား အဆိုပါ ခရီးရှည် ချီတက်ပွဲတွင် ပူးပေါင်းပါဝင်ရန် လာရောက်စဉ် ကော့စ်ဘဇားခရိုင် အိုးကီးယားနှင့် တက်ကနက် အဝေးပြေးလမ်းပေါ်ရှိ နေရာအများအပြားမှ လွန်ခဲ့သောကြာသပတေး ညနေမှ သောကြာနေ့ နေ့လည်ပိုင်းအတွင်း ဖမ်းဆီးမိခဲ့ သည်ဟု ဘင်္ဂလာရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာတွင် ဖေါ်ပြသည်။

အစ္စလာမ်မစ် အဖွဲ့ HIB မှ အချက် (၁၃) ချက်ပါ တောင်းဆိုချက်များကို အစိုးရမှ လိုက်လျော ဆောင်ရွက်ပေးရန်အတွက် ဘင်္ဂလာ ဒေခ်ျ့ တနိုင်ငံလုံးရှိ မြို့ကြီးများမှ ဒက္ကားမြို့တော်သို့ ချီတက်ရန် အစီအစဉ် တစ်ခုအား ကျေညာပြီးနောက် ထောင်ပေါင်းများစွာ သော အဆိုပါအဖွဲ့ကို ထောက်ခံသူများသည် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြသည်။

The Silent Killer (Feature)

Two Myanmarese, three others held for drug trade


New Delhi, April 4 (IANS) Five people, including two Myanmarese nationals and a former Assam Rifles officer, have been arrested for smuggling pseudoephedrine tablets of worth Rs.15 crore to northeastern states of India and Myanmar, police said Thursday.
"Zel Khan Mong and Dongh Lian Kham, native of Burma, Lianza Daula and C. Zoram Thanga of Mizoram and Vikas Bathla of Delhi were held with 140 kg of loose pseudoephedrine tablets and 50 kilogram of pseudoephedrine powder," said Additional commissioner of Police Ravindra Singh Yadav.
Yadav said these tablets were in high demand in the international market and used for preparing other party drugs - ecstasy and ice.
On March 19, police arrested Thanga and his three associates near Peeragarhi flyover in west Delhi. On checking their vehicle, police recovered 10 boxes containing white tablets, while five boxes containing white powder weighting 100 kilogram.

မြန်မာနိုင်ငံအတွက် ရောဂါကြီး သုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၉.၅ သန်းခန့် ရရှိနိုင်


ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီး ဖြစ်တဲ့ Global Fun မှ နိုင်ငံအဆင့် အဖွဲ့ တစ်ဖွဲ့ဟာ ယခု ရက်သတ္တတစ်ပတ်အတွင်း ပြည်တွင်း သို့လာရောက်မှာ ဖြစ်တယ်လို့ UNICEF မှ ထုတ်ပြန်တဲ့ သတင်းများအရ သိရပါတယ်။ အဲ့ဒီလို လာရောက်ပြီး ရောဂါကြီး ၃ မျိုးဖြစ် တဲ့ အိတ်ခ်ျအိုင်ဗီ၊ တီဘီနဲ့ ငှက်ဖျား တိုက်ဖျက်ရေးအတွက် ထပ်မံ ထောက်ပံ့ရေးကို အကဲဖြတ် ဆန်းစစ်ဖို့ မိတ်ဖက် ဆိုင်ရာ အဖွဲ့အ စည်းများနဲ့ အကျိုးစီးပွား ပါဝင်ပတ်သက်မှုများ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပူးပေါင်း လုပ်ဆောင်မှုများ အောင်မြင်ပါက ပြည်တွင်းအတွက် ရှေ့လာမယ့် ၄ နှစ်တာကာလမှာ ရောဂါဆိုးကြီး သုံးမျိုး တိုက်ဖျက်ရေးကို မျှဝေသုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၈၉.၅ သန်းခန့် ရရှိလိမ့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ဆုံး အ တည်ပြုတဲ့ ထောက်ပံ့ ငွေပမာဏဟာလည်း အချက်အလက် အမျိုးမျိုးပေါ် မူတည်ပြီး ၂၀၁၃ ခုနှစ်၊ ဇွန်လမှာ ကမ္ဘာလုံး ဆိုင်ရာ ရန် ပုံငွေ အဖွဲ့ကြီးရဲ့ ဘုတ်အဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်တဲ့အခါ ရန်ပုံငွေဟာ ပိုမို ရရှိလာနိုင်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဒီလိုမျိုး ထောက်ပံ့ငွေများ မြင့်တက်လာပေမယ့် အိတ်ခ်ျအိုင်ဗီ၊ တီဘီနဲ့ ငှက်ဖျား ရောဂါများကို တိုက်ဖျက်ဖို့ ကမ္ဘာလုံး ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီး Global Fun မှတဆင့် ရရှိနိုင်တဲ့ ခန့်မှန်းငွေ ပမာဏဟာ ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး ပြည်တွင်းမှ ရော ဂါ အဓိကခံစားရတဲ့ ဝေဒနာရှင်ပြည်သူများရဲ့ ၈၅ ရာခိုင်နှုန်းခန့် ထံသာ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး အထောက်အပံ့များ ရောက်ရှိ နိုင်မှာ ဖြစ်ပြီး ထောက်ပံ့ငွေ ကွာဟချက်ဟာ ရှိနေဦးမှာ ဖြစ်တယ်လို့လည်း သတင်းရရှိပါတယ်။