လူငယ်များနှင့် သတိပြုဖွယ် HIV ရောဂါပိုး ကူးစက်မှု


အမေရိကန် ပြည်ထောင်စုတွင် လူငယ် ထက်ဝက်ကျော်သည် HIV ရောဂါပိုး ကူးစက်ခံနေရပြီး ၎င်းတို့သည် အဆိုပါ ရောဂါပိုး ကူး စက်ခံ နေရသည်ကို သတိမမူ မိကြပေ။ HIV ရောဂါပိုး ကူးစက်ခံရသည့် အသက် ၁၃ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် အရေအတွက် သည် ယင်းရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ပမာဏ၏ ၂၆ ရာခိုင်နှုန်းရှိကြောင်း အမေရိကန် နိုင်ငံ AIDS ရောဂါ တားဆီး ကာ ကွယ်ရေး မှ ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံတွင် လစဉ် လူငယ် ၁ဝဝဝ သည် HIV ရောဂါပိုး ကူးစက်ခံနေရပြီး ကုသမရသည့် အဆိုပါ ရောဂါပိုးအား အသက် ရှင်စဉ် အတောအတွင်း ကုသမည်ဆိုပါက အမေရိကန် ဒေါ်လာ ၄ဝဝ,ဝဝဝ ကုန်ကျဖွယ် ရှိသည်။ HIV ရောဂါပိုးအား မကုသပါက AIDS ရောဂါ အဖြစ်သို့ ရောက်ရှိသွားနိုင်ပြီး အဆောတလျင် အသက်ဆုံးရှုံးသွားနိုင်ဖွယ်ရှိကြောင်း AIDS ရောဂါတားဆီး ကာကွယ် ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသောမက်စ်ဖရိုင်ဒန်းက ပြောကြားထားသည်။

အဆိုပါ အချက်မှာ ကြောက်မက်ဖွယ်ကောင်းပြီး လူငယ်များအတွက် စိုးရိမ်ဖွယ်ရာ တစ်ခုပင်ဖြစ်သည်။ လူငယ်များအကြား HIV ရောဂါပိုး ကူးစက်ခံရမှုမှာ ယခုနှစ်အတွင်း ပိုမို တိုးမြင့်လာလျက်ရှိပြီး ကျန်းမာရေး အာဏာပိုင်များက HIV ရောဂါအကြောင်း သိ ကောင်းစရာအဖြစ် ပညာပေး ဟောပြော ပို့ချထားသည့် အထက်တန်းကျောင်းမှ ကျောင်းသား ၂၂ ရာခိုင်နှုန်းကို ယင်း ရောဂါပိုး ရှိ၊ မရှိ မကြာခဏ စစ်ဆေးပေးလျက်ရှိသည်ကို တွေ့ရသည်။

အလားတူ နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းမှ လူငယ် ၃၅ ရာခိုင်နှုန်းကိုလည်း HIV ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ် ဆေးလျက်ရှိကြောင်း ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ပြောကြားထားသည်။ HIV ရောဂါပိုး ကူးစက်မှုနှုန်းမြင့်မားလာရသည့် အကြောင်းအရင်းမှာ လူငယ်များအကြား လိင်တူ ဆက်ဆံမှုများပိုမို များပြားလာခြင်းအတွက်ဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦးဖြစ် သူ ဒေါက်တာဖန်တန်က ထောက်ပြထားသည်။

အထက်တန်း ကျောင်းများတွင်လည်း လိင်တူ ဆက်ဆံသူများ၊ လိင်မဆက်ဆံမီ မူးယစ် ဆေးဝါးသုံးစွဲမှုနှင့် ခန္ဓာကိုယ်အတွင်းသို့ မူး ယစ်ဆေးထိုး သွင်းသူများ များလာသည်ကို လေ့လာတွေ့ရှိရကြောင်း၊   လိင်ဆက်ဆံသူအများစုမှာ အကာအကွယ် ပစ္စည်းများကို  အသုံးမပြုကြသောကြောင့် HIV ရောဂါပိုး ကူးစက်မှုနှုန်းမြင့်လာခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လူငယ်များ အနေဖြင့် HIV ရောဂါပိုး ကူးစက်ခြင်း မခံရစေရန် အသိတရားဖြင့် ဆင်ခြင် ကျင့်ကြံသင့်ပြီး ရောဂါပိုး ကူး စက်ခံရသူများအနေဖြင့်လည်း မိမိကိုယ်ကို ဂရုတစိုက်နှင့် စားသောက် နေထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် စိတ် ဓာတ်ကြံ့ခိုင်မှု ရှိအောင် နေထိုင်ပါက ကူးစက်မှုအဆင့်ကို ထိန်းချုပ် ထားနိုင်ကြောင်း၊ မိမိ၏ဇနီးနှင့် ခင်ပွန်းထံသို့လည်း မကူးစက် နိုင်ကြောင်းဖြင့် ကြိုတင် ကာကွယ်မှု ပြုနိုင်ရန် ရေးသားလိုက်ရပေသည်။

No comments: