ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်


ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင် မိန်းခလေး တစ်ဦးကို မ ကောင်းဆိုးဝါး စီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ် လိုက်သည့် မိသားစု တစ်စုကို ဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးတော့ မည်ဖြစ်ကြောင်း သိရသည်။
ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင် ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ် ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။
မိသားစုလေးဦးအနက်မှ တစ်ဦးသည် အသက် ၂၁ နှစ်အ ရွယ်ရှိ နာလီယာ မမ်တက်ဇ်အား လည်ပင်းညှစ်နေချိန်တွင် အခြားသုံးဦးက နာလီယာကို ဖမ်းချုပ်ပေးထားကြသည်။ သူ တို့က နာလီယာကိုယ်ခန္ဓာထဲတွင် ဝင်ပူးနေသည့် မကောင်း ဆိုးဝါးကို ထိုနည်းဖြင့် ထွက်သွားစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။
နာလီယာကို သတ်ဖြတ်ရန် ကြိုးပမ်းနေသူများထဲတွင် ခင်ပွန်းသည် မိုဟာမက် တူဆစ် မမ်တက်ဇ် ကိုယ်တိုင် ပါဝင်ပြီး ဇနီးသည်ကို အသက်ရှူကျပ်ပြီးသေသည်ဟု ထွက်ဆိုခဲ့သူဖြစ်သည်။ အခြား မိသားစုဝင် သုံးဦးမှာ အသက် ၅၁ နှစ်အရွယ်ဖြစ်သည့် မိဘနှစ်ပါး ဗီယာ အူဟတ်နှင့် ဆလမာ အက်စ်လမ်အပြင် အကိုဖြစ်သူ ဟာမက် ဟတ်စန်တို့လည်း ပါဝင်ခဲ့သည်။

တရားရုံးတွင် သုံးလအကြာ အမှုကို ကြားနာခဲ့ရာတွင် နာလီယာကို မိသားစုဝင်အားလုံးက မကြည်ဖြူ မနှစ် သက်ကြကြောင်း၊ ဇနီး သည်ကို မသေမချင်း လည်ပင်းညှစ်သတ်သည်မှာ ပေါ်လွင်ထင်ရှားကြောင်း သတ်မှတ် ဆုံးဖြတ်ကြသည်။
တရားသူကြီး ကိသ်က တရားခံများကို သေဒဏ်အထိချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အဘယ်ကြောင့် သတ်ရကြောင်း ခိုင်လုံ သည့် အထောက်အထားများ မရရှိသေးကြောင်း၊ စွဲချက်တင်ရာတွင်လည်း အမှုနောက်ကွယ်တွင် လူသတ်ရန် လှုံ့ဆော်သော မည် သည့်အကြောင်းအချက်များ ရှိနေကြောင်းကိုလည်း ရှေ့နေများက တင်ပြရန် အားနည်းနေသေးသောကြောင့် အမိန့်ချရန် ဆိုင်းငံ့ ထားလိုက်သည်။
တရားရုံးက ခင်ပွန်းဖြစ်သူ ကိုယ်ခန္ဓာ ပိုလီယိုဝေဒနာခံစားရပြီး အကြောဆွဲနေသည့် မမ်တက်ဇ်၏ ထွက်ဆို ချက်ကို ကြားနာရာတွင် သူနှင့် ဇနီးဖြစ်သူတို့သည် ဇာတိဖြစ်သော ပါကစ္စတန်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇနီးသည် မကွယ်လွန်မီ ၁၄ လအလွန်က လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူ၏ဇနီး ကွယ်လွန်ချိန်တွင် သူတို့၏ ပထမဆုံးကလေး ကိုယ်ဝန် ၆ လကိုလွယ်ထားကြောင်း သိရ သည်။
လက်ရှိ သူတို့မိသားစုသည် ဘာမင်ဟန်မြို့တွင် နေထိုင်နေကြခြင်းဖြစ်ပြီး ဘာမင်ဟန်ဘုရင့်တရားရုံး၏ အမှုရင်ဆိုင်နေခဲ့ရသည်။ အိမ်နီ;ချင်းများ၏ အပြောအရ ကွယ်လွန်သူ နာလီယာသည် ပါကစ္စတန်သို့ ခေတ္တ ပြန်သွားပြီးနောက် ပြန်ရောက်လာသည့်အခါတွင် ကိုယ်ဝန်ရှိသည်ဟုပြောသဖြင့် သံသယဖြစ်နေကြသည် ဆိုသည့်စကားမှာလည်း စဉ်းစားစရာဖြစ်သည်။
သို့သော် မိသားစုများက နာလီယာတွင် ကိုရမ်ကျမ်းတွင် ပြဆိုထားသည့် မကောင်းဆိုးဝါး ပူးကပ်နေကြောင်း ထို့ကြောင့် ထိုမ ကောင်းဆိုးဝါးထွက်သွားစေရန် လည်ပင်းညှစ်ရခြင်းဖြစ်ကြောင်း  ထွက်ဆိုချက်မှာလည်း လက်ခံနိုင်စရာ မရှိကြောင်း တရားရုံးက သုံးသပ်သည်။
အရှေ့တိုင်းအတွေးအခေါ်များကို မိမိတို့ အနောက်တိုင်း အနေဖြင့် နားလည်ရန်ခက်ခဲကြောင်း၊ သူတို့ နေထိုင်သည့် အဖွဲ့အစည်း အတွင်း မကောင်းဆိုးဝါးများရှိသည်ဟု ယုံကြည်လက်ခံမှုများရှိနေသည်မှာ ထင်ရှားကြောင်း၊ မိသားစုဝင်တစ်ဦးသည် နာလီယာ မကွယ်လွန်မီက မကောင်းဆိုးဝါးများကိုနှင်ထုတ်ရန် အိမ်တွင်း၌ ဆုတောင်း ဝတ်ရွတ်ပွဲများလုပ်ခဲ့သေးကြောင်း ရှေ့နေ ခရစ်တိုဖာ ဟော့တန်ကပြောကြားသည်။

No comments: