အိန္ဒိယ နိုင်ငံတွင် ကုန်ရထားနှင့် ဆင်အုပ်စု တိုက်မိပြီး ဆင်များ သေဆုံး

ကလက္ကတား-September 23, 2010

အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလား ပြည်နယ်တွင် Jalpaiguri ခရိုင် အတွင်း Binnaguri ရွာ အနီးတွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ကုန်တင်ရထားနှင့် ဆင်အုပ်စု တိုက်မိရာ ဆင်အများအပြား ထိခိုက်ဒဏ်ရာရကာ သေဆုံးသွားကြောင်း အိန္ဒိယ သစ်တောဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကလက္ကတားမြို့တော် မြောက်ဘက်ပိုင်း Binnaguri ရွာ အနီး Moraghat လက်ဖက်ဥယျဉ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက အရှိန်ဖြင့် မောင်းနှင်လာသော ကုန်တင်ရထားက ရထားလမ်းကို ဖြတ်ကူးလာသော ဆင်အုပ်ကို တိုက်မိရာ ဆင် ၇ ကောင် သေဆုံးပြီး တစ်ကောင်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ဆင်အုပ်စုသည် ရထားသံလမ်းတွင် ညှိနေသော ဆင်ငယ်လေး နှစ်ကောင်အား ကယ်တင်ရန် ကြိုးပမ်းရင် ယခုကဲ့သို့ အုပ်စုလိုက် ရထားဖြင့် အတိုက်ခံရကြောင်း သစ်တောဌာနမှ အရာရှိတစ်ဦးက ဆိုပါသည်။




စက်တင်ဘာလ ၂၃ ရက်နေ့တွင် အိန္ဒိယ သစ်တောဌာနမှ တာဝန်ရှိသူများနှင့် ရွာသာများ ပူးပေါင်းပြီး ရထားလမ်းတွင် သေဆုံးနေသော ဆင်များကို ကရိန်းဖြင့် ဖယ်ယူခဲ့ကြောင်း သိရသည်။


Source : မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

No comments: