လူလား၊ ဘီလူးလား၊ အရူးလား


နိုင်ငံကြီးသူ Lady Gaga ရဲ့ ဝတ်စုံဒီဇိုင်းနဲ့ သုံးပြုထားတဲ့ နီရဲရဲကြီးတွေကို ကြည့်လိုက်ပါအုံး...။ ဘယ်အရူးကမြှောက်ပေးလို့ ဘယ်အရူးကချုပ်ပေးတယ်မသိပါဘူး၊ Lady Gaga ဆိုတဲ့ အရူးမကလဲ ဆင်ရဲတယ်။ ဒီလောက် အော်ဂလီဆန်စရာ၊ စိုဖတ်ဖတ်၊ သွေးညီနံ့တွေနဲ့ အသားတွေကို ကပ်ရပ်ပတ်ချုပ်ဆင်ထားလိုက်တာ။ ဒီခေတ်ကြီးကတော့ တကယ်ပါပဲ။ ထင်ရှားကျော်ကြားဖို့ဆိုရင် အရှက်၊ အကြောက်၊ ကိုယ့်ကျင့်တရား၊ ခန္တီ၊ မေတ္တာ ဒီတရားတွေကို နင်းချေဖျက်ဆီးပြီး အကုန်လုပ်နေကြတော့တာပဲ။  သင့် မသင့်၊ ကောင်းမကောင်း မစဉ်းစားကြတော့ဘူး။ လူသားအချင်းချင်းတောင် တန်ဘိုးမထားကြဘူး။ လူသတ်ဖို့လည်း ဝန်မလေး၊ ဘာသာတရားကို စော်ကားဖို့ ဝန်မလေး၊ မိဘဆရာကို ကျေးဇူးကန်းဖို့ဝန်မလေး၊ ခန္ဓာကိုယ်ကို ချရောင်း၊ လူကုန်ကူး၊ မူးယစ်ဆေးဝါးတွေဖြန့်၊ အော်လူတွေ ဘီလူးစင်စစ်ဖြစ်နေပါကောလား။ စွယ်မပြူးလို့သာ မသိသာတာပါ။




အရင်ကတော့ ဒီကလေးမလေး အချိန်တိုလေးအတွင်းမှာ ပရိတ်သန်းပေါင်းများကို ဆွဲဆောင်နိုင်တယ်လို့ သိရတော့ သြော် ... ပါရမီရှင်တယောက်၊ အဆိုပိုင်၊ အသံကောင်းလို့ ကြော်ကြားလာတာနေမှာပဲလို့ ထင်မိတယ်။ ဘယ့်နှယ်ဗျာ သူ့သီချင်း ဗွီဒီယိုဖိုင်လေးကို ဒေါင်းပြီးကြည့်လိုက်တော့ ရုပ်ကလည်း ရွက်ကြမ်းရေကြိုအဆင့်ပါပဲ။ အသံကလည်း ကြော်ကြားသလောက် မကောင်းပါဘူး။  အဆိုကလည်း သူလိုကိုယ်ပါပဲ။ ဂျမ်းပုံတို့၊ ဂွက်ထော်တို့လည်း အဲလောက်တော့ရပါတယ်။ တခုထူးတာတော့ ရှိတယ်ဗျာ။ ဒီခန္ဓာကိုယ် အတ္တဘောကြီးကို အကုန်ချွတ်ပြ၊ လှန်ပြ၊ ကော့ပြ၊ ရွဲ့ပြ၊ မဲ့ပြ၊ ပြူးပြ၊ ပြောင်ပြ  အရှက်တရားမရှိ၊ အကြောက်တရားမသိတဲ့ သွက်သွက်ခါရူးနေတဲ့ အရူးမကြီးတယောက်ပါလားလို့...။

တကယ်တော့ ဒီလို လူတွေဟာ ရေပေါ်ဆီ၊ လူ့မလိုင်၊ လူ့လွယ်အိတ်လူတန်းစားတွေသာဖြစ်တယ်။ သာပေါင်းညာစား၊ ထက်ဖားအောက်ဖိ ဖေါက်ဖေါက်ပြားပြားအမြဲလုပ်တတ်ကြတယ်။ ဒီလိုလူတွေမှာ လူ့သိက္ခာဆိုတာမရှိပါဘူး။ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဆိုတာတွေလည်းမရှိပါဘူး။ လူတိုင်းနဲ့အိပ်ဖို့ဝန်မလေး၊ ခန်းတိုင်းကို ဝင်ဖို့ ဝန်မလေး။ လူလစ်ရင် ခွေးနဲ့တောင် ဖြစ်ချင်တိုင်းဖြစ်ကြတဲ့ လူစားမျိုးတွေပါ။ ဒီလိုလူမျိုးတွေ လူ့လောကထဲကို ရောက်လာတာဟာ လူသူတော်ကောင်းတွေအတွက် တကယ်ပဲ စိတ်နှလုံးညှိုးနွမ်းရပါတယ်။ ယိုသူမရှက်၊ မြင်သူရှက်ဆိုတော့ ခက်လှတယ်။ ဒီလို လော်လီသော့သွမ်း ဟော့ရမ်း ဖောက်ပြားနေတဲ့ သူတွေကို လူ့ပြည်ကနေ အမြန်ဆုံးရှင်းပစ်ဖို့လိုပါတယ်။ လူ့ဂုဏ်သိက္ခာအတွက် ကြီးမားတဲ့ ခလုတ်ကန်သင်းပါပဲ။ မြန်မာပြည်မှာလည်း ထိုနည်း၎င်းတွေ အများကြီးဖြစ်နေပါပြီ။ ပုပ်ပွ ရွံရှာ၊ မသတီ အော်ဂလီဆန်စရာ ဒီလို အမှိုက်လူစားမျိုးတွေကို တွေ့တဲ့လူတိုင်း ရှင်းပစ်ပါ။ ဒါဟာ သဘာဝကပေးတာတဲ့ တာဝန်၊ သမိုင်းကပေးတဲ့ တာဝန်၊ ယဉ်ကျေးနယ်ပယ်ကပေးတဲ့ လူတိုင်းထမ်းဆောင်ရမယ့် တာဝန်တွေပါ။ အမှိုက်ရှင်းတာဟာ ပတ်ဝန်းကျင် သန့်ရှင်းဖို့ပါ၊ ကုသိုလ်ရပါတယ်။

ဖိုးပါ

No comments: