ကုသိုလ်တတ်အား နည်းများမဆို

မနေ့ညက ကိစ္စတခုရှိလို့ မြောက်ဥက္ကလာ အ၀ိုင်ြးဲကီးကို သွားပြီး ပြန်ဖို့ မှတ်တိုင်ရှေ့မှာ ကားရပ် စောင့်နေတုံး အလွန်ဆူညံစွာ အော်ဟစ်နေတဲ့ အသံကို သတိပြုမိတယ်။ Phone ပြောနေတုံးမို့ လှည့်မကြည့်မိပေမဲ့ မျက်စိရှေ့တည့်တည့်ကို ၀င်လာတာက အသက် ၁၇ နဲ့ ၁၈ ကြားလောက်မှာ ရှိမယ်လို့ ထင်ရတဲ့ ယောဂီဝတ်စုံ ၀တ်ထားတဲ့ ကောင်မလေးနှစ်ယောက်။
ကျုပ်ရပ်နေတဲ့ နေရာနဲ့ ခြေလှမ်း ၅ လှမ်းလောက်ကွာတဲ့ နေရာမှာ ရပ်ထားတဲ့ တက္ကဆီနဲ့ ကျုပ်ရဲ့ မြင်ကွင်းထဲကို ၀င်လာတာပေါ့။ နှစ်ယောက်ထဲက တယောက်က  နောက်တယောက် ရဲ့ အလှူခံတဲ့ ဒန်ဖလားကို ကိုင်ပေးဖို့ ယူလိုက်တယ်။
ကျန်တဲ့ တယောက်က ဒန်ဖလားကို ပေးပြီးတဲ့ နောက်မှာ-- အားရပါရ ထမီကို ပြင်ဝတ်ဖို့ ဆွဲဖြန့်လိုက်ပါတယ်။   ဘယ်ဖက်လက်နဲ့ ထမီ အထပ်ဆင် နေရာကို ကိုင်ထားပါတယ်။ ညာဖက်လက်က ထမီစကို လွှတ်ချလိုက်ပါတယ်။  
ထင်ထင်ရှားရှားကို ညာဖက်အခြမ်းရဲ့ အတွင်းခံဘောင်းဘီ အပါအ၀င် ဖင်တခြမ်းလုံးရဲ့ ရှုခင်းကို တွေ့ရပါတယ်။ ထမီကို လွှတ်လိုက်တဲ့  ညာဖက်လက်က မြောက်တက်လာပါတယ်။
တခြား တယောက်က ကိုင်ပေးထားတဲ့ ဒန်ဖလား အထဲကို ညာဖက်လက်က ၀င်သွားပါတယ်။ လက်ကပြန် မြောက်တက်လာပါတယ်။  ပိုက်ဆံ လက်တဆုပ် ပါလာပါတယ်။ လက်က တဖြည်းဖြည်း အောက်ဖက်အရပ်ကို ဦးတည်နေပါတယ်။
ညာဖက်လက်ဟာ ထမီစလွတ်ပြီး  ဖင်တခြမ်းပေါ်နေတဲ့ အနေအထားမှ လက်ကို အရှေ့ဖက်သို့ ဦးတည်နေပါတယ်။ တဖြည်းဖြည်းနဲ့ ညာဖက်လက်ဟာ  အတွင်းခံ ဘောင်းဘီ အတွင်းသို့ ၀င်သွားပါတယ်။
ညာဖက်လက် ပြန်ထွက်လာပါတယ်။  မျက်လှည့်ပွဲက ပြီးသွားပါပြီ။
ဖင်တခြမ်းပေါ်နေတဲ့ ထမီကို ပြန်ဝတ်ရင်း ကောင်မလေး နှစ်ယောက်စလုံးက ကျုပ်ကို ငါးသလဲထိုး အပြုံးဖြင့် နှုတ်ဆက်ခါ ထွက်ခွာသွားလေသတတ်။
သတိ ၀င်လာပြီး  ဓါတ်ပုံ လိုက်ရိုက်သော်လည်း ကောင်မလေးနှစ်ယောက် လူကြားထဲ လှည့်ပတ်ပြီး အလှူခံနေသောကြောင့် မရိုက်လိုက်ရပါ။ ယောက်ျားများ မိန်းမများ  ၉ ယောက်ထက် မနည်းဟု ထင်ရသည်။
မျက်စိရှေ့တွင်ပင် လှူသွားသူတွေ မနည်း။
အလှူခံသူများမှာ သနားစရာ …။
လူတွေက လှူလေ  သူတို့က ထမီတွေ ပုဆိုးတွေ ပြန်ပြင်ဝတ်ရနှင့် နွမ်းရိ စုတ်ပြတ်လုနီး  အတွင်ခံ ဘောင်းဘီတို့လည်း ဖောင်းကားလှချေပြီ။
သာဓု သာဓု သာဓု။ ယခုကဲ့သို့ လှူတန်းရသော.-.-.-. ။

Mandalay Gazette (nigimi77) မှ ကူးယူးဖော်ပြပါသည်။

No comments: