မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်

“အရင်တုန်းက ငှက်ဖျားဆိုရင် ကိုယ့်ဘာသာကိုယ် အပြင်မှာကုသကြတာ များတယ်။ အခုတော့ ကျန်းမာရေးဌာနတွေသာမက အဖွဲ့အစည်းတွေကပါ ကုသပေးနေတော့ လာကုသတဲ့သူတွေ များလာတဲ့အတွက် အဲဒီစာရင်းတွေကြည့်ပြီး ထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံက အဖြစ်အများဆုံး ဖြစ်လာတာထင်ပါတယ်” 

“အရင်တုန်းက ငှက်ဖျားဆိုရင် ကိုယ့်ဘာသာကိုယ် အပြင်မှာကုသကြတာ များတယ်။ အခုတော့ ကျန်းမာရေးဌာနတွေသာမက အဖွဲ့အစည်းတွေကပါ ကုသပေးနေတော့ လာကုသတဲ့သူတွေ များလာတဲ့အတွက် အဲဒီစာရင်းတွေကြည့်ပြီး ထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံက အဖြစ်အများဆုံး ဖြစ်လာတာထင်ပါတယ်” ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်သော စာရင်းများအရ အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ငှက်ဖျားရောဂါ ဖြစ်ပွားမှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။၂၀၁၀ ပြည့်နှစ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး ယခင်က အဖြစ်အများဆုံးဖြစ်သည့် အရှေ့တီမောနိုင်ငံကိုပါ ကျော်လွန်၍ တွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခတစ်ဦးကပြောသည်။ “အရင်တုန်းက ငှက်ဖျားဆိုရင် ကိုယ့်ဘာသာကိုယ် အပြင်မှာကုသကြတာ များတယ်။ အခုတော့ ကျန်းမာရေးဌာနတွေသာမက အဖွဲ့အစည်းတွေကပါ ကုသပေးနေတော့ လာကုသတဲ့သူတွေ များလာတဲ့အတွက် အဲဒီစာရင်းတွေကြည့်ပြီး ထုတ်ပြန်တဲ့အခါ မြန်မာနိုင်ငံက အဖြစ်အများဆုံး ဖြစ်လာတာထင်ပါတယ်”ဟု အဆိုပါ ဆရာဝန်ကပြောသည်။

ယခုနှစ်အတွက် WHO က ထုတ်ပြန်သော စာရင်းများတွင် ဘူတန်နိုင်ငံသည် ၂၀၀၀ ပြည့်နှစ်မှစ၍ ငှက်ဖျားဖြစ်ပွားနှုန်း တဖြည်းဖြည်း ကျဆင်းလာပြီး၊ ၂၀၀၈ ခုနှစ်တွင် မဖြစ်သလောက် အခြေအနေ၊ ထိုင်းနိုင်ငံ၌ ၂၀၀၄ ခုနှစ်တွင် လူတစ်သိန်းလျှင်တစ်ရာ ဖြစ်ပွားရာမှ ၂၀၀၈ ခုနှစ်တွင် ခြောက်ဆယ်ဦးအထိ ကျဆင်းခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်တွင် လူတစ်သိန်းလျှင် ၁၀၀ ဦး ဖြစ်ပွားရာမှ ၂၀၀၈ ခုနှစ်တွင် ၃၅၀ အထိ မြင့်တက်လာကြောင်း ထိုထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါ ပါမောက္ခက 7Day News သို့ပြောသည်။ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံ၏ ဦးစားပေးစောင့်ကြည့်သည့် ရောဂါများ စာရင်းတွင် နံပါတ်တစ်ရောဂါဖြစ်ပြီး ယခင်က ရန်ကုန်၊ မန္တလေးနေရာများသည် ငှက်ဖျားရောဂါ ဖြစ်ပွားမှုမရှိသည့် နေရာများအဖြစ် ကြေညာထားရာမှ ယခုတစ်နှစ်၊ နှစ်နှစ်အတွင်း ပြောင်းလဲလာသော လူနေမှုပုံစံများကြောင့် ထိုနေရာများတွင်ပါ ငှက်ဖျား ရောဂါဖြစ်ပွားလာကြောင်း သိရသည်။

နိုင်ငံတကာမှ ပံ့ပိုးသော ရန်ပုံငွေများကလည်း ငှက်ဖျားရောဂါ ကုသရာတွင် အထောက်အကူများစွာရကြောင်း အဆိုပါဆရာဝန်က ပြောသည်။ “အရင်က ငှက်ဖျားကို ရောဂါဖြစ်တဲ့ပုံစံနဲ့ စမ်းသပ်ချက်တွေအရ မှန်းပြီးကုသခဲ့ရတာ။ အခုတော့ ၁၅ မိနစ်နဲ့ အဖြေသိနိုင်မယ့်စက်တွေ ရှိနေပါပြီ။ အရင် မှန်းပြီးကုခဲ့ရတုန်းကဆိုရင် လေးယောက်မှာ တစ်ယောက်လောက်ပဲ မှန်ခဲ့တာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ဆေးယဉ်ခြင်းတွေလည်း ဖြစ်ပွားကြတယ်”ဟု အဆိုပါ ဆရာဝန်ကပြောသည်။ ယခင်က ရက်ရှည်ကုသခဲ့ရာမှ ယခုအခါ ဆေးပေါင်းကုထုံးဖြင့် ကုသချိန်သုံးရက်သာ ကြာမြင့်ပြီး ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးမှူးများအထိနှင့် အင်န်ဂျီအို အဖွဲ့အစည်းများတွင်ပါ ငှက်ဖျားရောဂါကို အခမဲ့ ကုသနိုင်ကြောင်း သိရသည်။ ငှက်ဖျားရောဂါအား သတိပြုရန် နေ့စဉ် နိုင်ငံပိုင် ရုပ်သံမီဒီယာများတွင် နှိုးဆော်လျက်ရှိပြီး ထိရောက်သောကုသမှု မရှိပါက အသက်ပါ သေစေနိုင်သော ရောဂါဖြစ်သည်။ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သော ငှက်ဖျားရောဂါဖြစ်ပွားမှု စာရင်းမှာ ဆေးရုံဆေးခန်းသို့ လာရောက်ကုသသော လူနာအရေအတွက်ဖြစ်ပြီး WHO မှ ထုတ်ပြန်သောစာရင်းမှာ ဆေးရုံဆေးခန်းသို့ လာရောက်ကုသသော လူနာများသာမက လူမှုရေးအဖွဲ့အစည်းများ၊ NGO များမှ ကုသပေးသော စာရင်းများပါဖြစ်၍ လူနာအရေအတွက် ကွာခြားကြောင်း အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။

Credit: ဝတ်ရည် (7Day News Journal)

No comments: