မြန်မာကာတွန်းဆရာ တစ်ဦး၏ ကာတွန်းလက်ရာများအား ဥရောပနိုင်ငံများတွင် ပြုလုပ်သည့် ကာတွန်းပြပွဲများ၌ပြသ

ကာတွန်းပြပွဲများတွင် ရွေးချယ်ပြသခံရသော ကာတွန်းငယ်ဦး၏ လက်ရာတခု


မြန်မာကာတွန်းဆရာ တစ်ဦး၏ ကာတွန်းလက်ရာများအား ဥရောပနိုင်ငံများတွင် ပြုလုပ်သည့်ကာတွန်း ပြပွဲများ၌ ပြသလျက်ရှိသည်ဟု သိရသည်။ ပါဝင်ပြသလျက်ရှိသူမှာ မြန်မာနိုင်ငံမှ ကာတွန်းငယ်ဦး (ဦးဟန်ကြည်) ဖြစ်ပြီး ၎င်း၏ ရွေးချယ်ခံရသည့် ကာတွန်းလက်ရာများကို ဘယ်လ်ဂျီယံနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့တွင် ပြသနေခြင်းဖြစ်သည်ဟု သိရသည်။
ဘယ်လ်ဂျီယံနိုင်ငံတွင် ပါဝင်ပြသရာ၌ KNOKKE HEIST မှနှစ် စဉ်ကျင်းပသည့် ၄၉ 49th International Cartoon Festival တွင် 'Free' ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ပါဝင် ယှဉ်ပြိုင်ခဲ့သည့်အနက် ရွေးချယ်ခံရသည့် ကာတွန်းငယ်ဦး (ဦးဟန်ကြည်) ၏ ကာတွန်းလက်ရာများ အပါအ၀င် နိုင်ငံတကာ ကာတွန်းလက်ရာများ အား ဇွန်လ ၂၇ ရက်မှ စက်တင်ဘာ လ ၁၂ ရက်နေ့အထိ သုံးလခန့် ခင်း ကျင်းပြသလျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ဂျာမနီနိုင်ငံ Spreewald တွင် နှစ်နှစ်တစ်ကြိမ်ကျင်းပ သည့် နိုင်ငံတကာ ကာတွန်းပြိုင်ပွဲကို 'Money' ခေါင်းစဉ်ဖြင့် ဧပြီလတွင် ဖိတ်ခေါ်ပြုလုပ်ခဲ့ရာ မြန်မာကာတွန်း ဆရာငယ်ဦး၏ လက်ရာရွေးချယ်ခံခဲ့ ရကြောင်း၊ ရွေးချယ်ခံရသည့် ကာတွန်းလက်ရာများအား နိုဝင်ဘာလမှ ၃ ရက်နေ့မှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့အထိ နှစ်လကျော်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကာတွန်းငယ်ဦး (ဦးဟန်ကြည်)သည် နိုင်ငံတကာ ကာတွန်းပြိုင်ပွဲများအား နှစ်စဉ်ဝင် ရောက်ယှဉ်ပြိုင်လျက်ရှိသူ တစ်ဦးဖြစ်ပြီး ဆုများလည်းရရှိခဲ့ကာ နိုင်ငံတကာ ကာတွန်းပြပွဲများတွင်လည်း ပါဝင်ပြသခဲ့သည်ဟု သိရှိရသည်။

No comments: