ရွေးကောက်ပွဲ ဆန့်ကျင်ရေးပိုစတာနဲ့ ပြည်သူ့အစိုးရ ဖွဲ့စည်းရေး ကမ်ပိန်း ရန်ကုန်တိုင်းတချို့မှာ ဆက်တိုက်လုပ်

ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားစု အစုအဖွဲ့(၂၀) ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသော စစ်အာဏာရှင် တိုက်ဖျက်ရေး၏ ပြည်တွင်းလှုပ်ရှားမှုကို 19.9.2010 ရက်နေ့ နံနက်ပိုင်း ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်အတွင်း လမ်းများပေါ်တွင် ဖြန့်ဝေသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
ဖြန့်ဝေစာတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊2010 ရွေးကောက်ပွဲအား မဲမပေးရေး ပြည်သူ့အစိုးရ ဖွဲ့စည်းရေး ဟူသောစာသားများပါဝင်သည့် ဖြန့်ဝေစာနှင့် မြန်မာပြည်မြေပုံပေါ်တွင် Free Burma အမည်ပါ ရုပ်ပုံပါ စာရွက်များကို ရွက်ရေ ၃၀၀ခန့် ဖြန့်ဝေသော လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆက်တိုက် လုပ်ဆောင်သွားမည်ဟုလည်း လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတဦးက ပြောပြသွားပါသည်။

အညာနွေ တမာမြေမှ ကူးယူဖော်ပြသည်။

No comments: