Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

နိုင်ငံရေးသမား ရောင်းရန်ရှိသည် - အပိုင်း (၃)


ငွေကြေး၊ အာဏာနဲ့ OSI
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုံးက ဗြိတိသျှသံရုံး ဧည့်ခန်းမှာ ထားလေ့ရှိတဲ့ စာအုပ်တအုပ်ကို အမှတ်ရမိတယ်။ အဲဒီစာအုပ်ကတော့ အရပ်ဘက် အဖွဲ့အစည်း /လူထုအခြေပြုအဖွဲ့အစည်းလို့ခေါ်တဲ့ Civil Society Organization တွေကို မြန်မာနိုင်ငံမှာ အများအပြား ထူထောင်ပြီး အဲဒီအဖွဲ့အစည်းတွေရဲ့ ကြပ်မတ်ထိန်းချုပ်မှုနဲ့ အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရထူထောင်ရေး ဆိုတဲ့ အတွေးအခေါ်ကို မလေးရှား စာရေး ဆရာ တယောက်ရေးထားတဲ့ စာအုပ်ပါ။ ထူးခြားတာကတော့ မူရင်းက အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ စာအုပ်ဖြစ်ပေမဲ့ သံရုံးဧည့်ခန်းမှာ ရှိတာက မြန်မာဘာသာပြန်စာအုပ်ဖြစ်နေတဲ့ အချက်ပါ။ မြန်မာ ဘာသာပြန်ဆိုပေမဲ့ မြန်မာ နိုင်ငံက စာရေးဆရာ တယောက်ယောက် ဘာသာပြန်တာလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ဝေတဲ့ စာအုပ်လည်း မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီစာအုပ်ကို ဗြိတိသျှ သံရုံးဧည့်ခန်းမှာ အမြဲတွေ့ရတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရကို ဖြုတ်ချရေး အကြံဥာဏ်ပေးတဲ့ စာအုပ်တအုပ်ကို ဗြိတိသျှ သံရုံးမှာ တွေ့ရတော့ စိတ်ထဲမှာ နည်းနည်း ထူးဆန်းမိတယ်။ လူထုအခြေပြုအဖွဲ့အစည်းလို့ ခေါ်တဲ့ အဖွဲ့အစည်းတွေအသုံးပြုပြီး ဖြုတ်ချရေး နည်းလမ်းကို အကြံပေးထားတော့ အတွေးအခေါ်သစ်တရပ် လို့လည်း ထင်မှတ်မှားစရာ ဖြစ်တယ်။

ဒါပေမဲ့ နောက်တော့ ဒီစာအုပ်ကို ရန်ကုန်က လူငယ်တချို့ရဲ့ အိမ်တွေမှာ မိတ္တူစာအုပ်အဖြစ် တွေ့လာရ တယ်။ ဒီတော့မှ ဒီစာအုပ်ရဲ့ မူလလမ်းကြောင်း ရေသောက်မြစ်ကို သိလာရတယ်။ တကယ်တော့ အဲဒီစာ အုပ်ကို ဘာသာပြန်ထုတ်ဝေတာက လူငယ်တွေကြားမှာ အေစီလို့ ရေပန်းစားခေါ်ဝေါ်ကြတဲ့ အမေရိကန် သံရုံးရဲ့ ပြန်ကြားရေးဌာနကပါ။ အဲဒီ အမေရိကန် စင်တာကနေ လူငယ်တွေကို သင်တန်းပေါင်းများစွာ တိုးတိုးတိတ်တိတ်ပေးခဲ့တာဟာ မဝေးသေးတဲ့ ကာလတခုမို့ အားလုံးမှတ်မိကြမှာပါ။ အဲဒီသင်တန်းတွေထဲ က သင်တန်းတခုကနေ ထုတ်ဝေဖြန့်ချိတဲ့ စာအုပ်ပါ။ စာအုပ်ကို ထုတ်ဝေ ဖြန့်ချိရုံတွင် မကဘူး။ အဲဒီစာအုပ် ရေးတဲ့ စာရေးဆရာပါ မြန်မာနိုင်ငံကို အရောက်လာပြီး အဲဒီ အမေရိကန် စင်တာမှာပဲ အရပ်ဖက် အဖွဲ့အစည်းတွေကို အသုံးပြုပြီး အစိုးရဖြုတ်ချရေးနည်းလမ်းကို ဆွေးနွေးပို့ချခဲ့ဖူးပါတယ်။ သင်တန်းတက်ဖူး တဲ့ လူငယ်တွေ မှတ်မိကြပါလိမ့်မယ်။

နိုင်ငံရေးသမား ရောင်းရန်ရှိသည် - အပိုင်း (၂)


အစိုးရနဲ့ ခရိုနီတို့က ငွေပေးဖျက်ဆီးခြင်း
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

နိုင်ငံရေး သမားတွေ ငွေကြေးနဲ့ အခွင့်အရေးယူကြတာကို ဝေဖန်ကြတဲ့ အထဲမှာ ကျယ်ကျယ် လောင်လောင် အဝေဖန်ခံရပြီး တုန့်ပြန် ငြင်းခုန်မှုလည်း တော်တော်များတဲ့ ဖြစ်ရပ်တခုကတော့ မကဒတ ခေါ် ABSDF ခေါ် ကျောင်းသားတပ်မတော်ရဲ့ ကားအစီး ၆၀ ကိစ္စဖြစ်ပါတယ်။

တကယ်တော့ အစိုးရက ကားပေးသတ်တာကို ပျော်ပျော်ကြီး ခံသွားကြသူတွေဟာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနီးနီး ဖြစ်ပါတယ်။ အပစ်မရပ်နိုင်သေးတဲ့ ကချင်၊ တအာင်း၊ လားဟူ အဖွဲ့တွေလောက်ပဲ ကျန်ပါတယ်။

ကားယူသူတို့ရဲ့ ကျင့်ဝတ်သိက္ခာ

အားမနာတမ်း ဝေဖန်ရရင် အဲဒီအဖွဲ့တွေဟာ မော်တော်ကားနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာလဲလှယ် လိုက်ကြတာပါပဲ။

ဒီလို အဖွဲ့အစည်းအားလုံး အနက်မှာ မကဒတ ကျောင်းသားတပ်မတော်ကို တော်တော်လေး ပိုပြီး ဝေဖန်ကြတာကိုတွေ့ရတယ်။ ဘာ့ကြောင့် သူတို့ကို ပိုပြီး ဝေဖန်ကြသလဲ။

ဖြစ်နိုင်တာကတော့ မကဒတ အပေါ်လူတွေက ပိုပြီး မျှော်လင့်ချက်ထားကြလို့ ဖြစ်မယ်ထင်ပါတယ်။ မကဒတကိုတော့ ဒီလိုမျိုးကားနဲ့ လာဘ်ထိုးလို့ ရမှာမဟုတ်ဘူးလို့ လူတွေက ထင်ထားကြလို့ ဖြစ်မယ် ထင်ပါတယ်။ ဖိနှိပ်တဲ့ အစိုးရတရပ်ကို လက်နက်နဲ့ အံတုပုန်ကန်တဲ့ ကျောင်းသားတပ်မတော်ဆိုတာ ကမ္ဘာ့ သမိုင်းမှာတောင် ရှာမှရှားမဟုတ်လား။ မကဒတဟာ ပြည်သူ့ရန်သူကို ပြတ်ပြတ်သားသား လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရဲတယ်၊ တိုင်းပြည်အတွက် သက်စွန့်ဆံဖျား ဆောင်ရွက်ဝံ့တယ်ဆိုတဲ့ သမိုင်း အစဉ်အလာရှိခဲ့တယ်။ အသက်စွန့်သွားတဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်။ ဒါ့ကြောင့်လည်း လေးစား အထင်ကြီး ကြတာ မျှော်လင့်ချက်ထားကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ဒီလိုမျှော်လင့်မိလို့လည်း ပိုပြီး စိတ်ပျက်ကြပုံရပါတယ်။

နိုင်ငံရေးသမား ရောင်းရန်ရှိသည်



နိုင်ငံရေးဈေးသစ်ကြီးနဲ့ ငွေရှင်ကြေးရှင် အာဏာရှင်များ
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)


ဒီနေ့ မြန်မာနိုင်ငံမှာ ဈေးကွက်ကို ဘုရားသဖွယ် ကိုးကွယ်လာနေလိုက်ကြတာ ခုတော့ အားလုံးဟာ ရောင်းကုန် ဖြစ်ကုန် တော့တာပဲ။

လုပ်အားကလည်းရောင်းကုန်၊ လုပ်ပိုင်ခွင့်ပါမစ်ကလည်း ရောင်းကုန်၊ ပညာရေးကလည်း ရောင်းကုန်၊ မိန်းကလေးတွေ ကလည်း ရောင်းကုန်ဖြစ်လာတယ်။ ကုန်ကုန်ပြောရရင် နာမည်ကြီး ဓမ္မကထိက ဘုန်းတော်ကြီးတချို့ရဲ့ တရားပွဲတွေကို တောင် ရောင်းကုန်လို့ သဘောထားပြီး လုပ်စားသူ တွေ ရှိလာတယ်။

အဲသလို ပေါ်ထွက်လာတဲ့ ရောင်းကုန်တွေ အနက်မှာ ဈေးအပေါဆုံး နောက်ဆုံးပေါ် ရောင်းကုန်ကတော့ နိုင်ငံရေးသမား ဆိုတဲ့ ရောင်းကုန်ပဲ။

နိုင်ငံရေးသမားတွေကို ရောင်းနေဝယ်နေလိုက်ကြတာ တော်တော်များများလည်း ဈေးတည့်ကုန်ပါပြီ။ ဝယ်လို့ မရတဲ့ နိုင်ငံရေးသမားဆိုတာ နည်းနည်းပါးပါးပဲ ကျန်လိမ့်မယ်။ တော်တော်နည်းပါတယ်။

သမ္မတကြီး တောသွား တောင်သွား လယ်သမားကို တနပ်စားခိုင်းမယ်မထင်


သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။

သမ္မတနဲ့ အဖွဲ့ ချင်းတောင်သွားသတဲ့။ ရေကိစ္စ၊ မီးကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုလားပဲ။ ကောင်းတယ်ဗျာ။ လူထုဒုက္ခပဲဗျာ။ အစိုးရ ဆိုတာ သိရမှာပေါ့။ ဆင်းရဲတွင်းနက်ကြီးထဲ ခေါင်းမြုပ်အောင်နစ်နေတဲ့ ချင်းလူထုကြီးကို ကယ်တင်နိုင်တဲ့အထိ ကြိုးစားသွားကြ လိမ့်မယ်လို့ ထင်မိတယ်ဗျာ။

လယ်သမားကြီးတွေနဲ့လည်း တွေ့ဦးမယ်တဲ့ဗျ။ ဂျာနယ်သတင်းတွေမှာ တွေ့လိုက်ရတာပဲ။ ဟုတ်ပါလိမ့်ထင်ရဲ့။ တွေ့ရင်တော့ ကောင်းသပေါ့ဗျာ။ လယ်သမားတွေဆိုတာက ကျုပ်တို့တိုင်းပြည်မှာ အဆင်းရဲဆုံး မွဲချာတူးလန် ခရုဆန်ကျွတ်တွေ မဟုတ်လား။ တွေ့တဲ့အချိန်မှာ မွဲစော်နံတယ် ပြန်ဦးမယ်ဆိုပြီး ဂွတ်ဘိုင်တော့ မလုပ်တန်ရာဘူး ထင်ပါရဲ့။ 

၂၁ ရာစု မန္တလေး


ဓမ္မာရုံဘုရားပွဲနှင့် ဘုန်းကြီးပျံ၊ အလှူမင်္ဂလာဆောင်နှင့် က လေး ပုခက်တင်ပါမကျန် ဇာတ်ပွဲ၊ အငြိမ့်ပွဲများ အပြိုင်အဆိုင် ထည့်သွင်းကာ ၁၂ ရာသီပွဲလမ်းမပျက် လမ်းပိတ်အောင် စည် ကားခဲ့ သောမြို့၊ နံနက်အရုဏ်တက် ဆွမ်းထချက်ကာ ထိုင် ကိုယ်တော် တစ်မျိုး၊ ရပ်ကိုယ်တော် တစ်သွယ် ဆွမ်းခဲဖွယ် များ လောင်းလှူခဲ့သောမြို့၊ ထောင့်ကျကျ လေးထောင့်ကွက် ၀င်းတွေမှာ နှစ်အိမ့်တစ်အိမ် ဆွေမျိုးတွေလို နေထိုင်ခဲ့ကြ သော မြို့၊ မြန်မာဘုရင် နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ မြန် မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိခဲ့သောမြို့၊ ရှည် လျား ထည်ဝါသော သမိုင်းရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ၀ံ့ ကြွားခဲ့သော ထိုမြို့မှာ ၂၁ ရာစု အရောက်တွင် အပြောင်း အလဲများ၊ အရွေ့ များစွာဖြစ်ပေါ်ခဲ့လေပြီ။

အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများဘက်မှ နံနက်ခင်း နေ ရောင်ခြည်သန်းလာတော့ မန္တလေးမြို့က သံဃာတော်တွေ ဆွမ်းခံထွက်လာကြသည်။ သံဃာတော်များ၏ ကြွချီဦးတည်ရာမှာလည်း နေထွက်ရာမြို့အရှေ့ခြမ်း မန္တလေး မြို့သစ်ဘက်ဖြစ်သည်။ ယခင်လို မြို့တွင်းမဟုတ်တော့ဘဲ အနည်း ငယ်အလှမ်းဝေးသော မန္တလေးမြို့ သစ်ဘက်ခြမ်း ဖြစ်လာခဲ့သည်မှာ နှစ်အနည်းငယ်ကြာ ခဲ့လေပြီ။ တစ်နေကုန် ရုန်းကန်စီးပွားရှာပင်ပန်းခဲ့သော မန္တလေးမြို့ပေါ်လူထုအတွက် နေ့စဉ် နံနက်စောစောထကာ ဆွမ်းထချက်ရ မည့် အလုပ်က မလွယ်ကူတော့ပေ။ 

ထို့ကြောင့် ဝေးလံလှသည့် မြို့သစ်သို့ သွားရောက် အလှူခံရမည့်အရေး အဆင်ပြေစေရန် ယာနဒါန ဆွမ်းခံကြိုပို့ယာဉ်များ ပေါ် ထွက်လာခဲ့သည်။ အလှူအတန်း ၀ါသနာပါသူများ စုစည်းကာ တစ်ပတ်တစ်ခါ စုပေါင်းဘုံဆွမ်းလောင်းအသင်းများ ဖွဲ့စည်းလာခဲ့ကြ သည်။ လမ်း ၈၀ ယူနန်ဘုံကျောင်းမှလည်း ၀ါတွင်းဥပုသ်များတွင် ဆွမ်းခဲဖွယ်များ လောင်းလှူပေးခဲ့ကြလေသည်။ 

ငရဲပန်းများဆီသို့


အားလုံးသိကြတဲ့အတိုင်း ကျွန်မဟာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ်။ ဖားကန့်ဆိုတာ နာမည် ကျော် ကျောက်စိမ်းတွေ ထွက်တာကြောင့် လူသိများထင်ရှားပြီး ငွေရှာလို့ ကောင်းတယ်ဆိုပြီး ပြောကြဆိုကြတဲ့ နေရာဖြစ်ပါတယ်။ ကောင်းတာတွေနဲ့ ကျော်ကြားသလို မကောင်းတာတွေနဲ့ ကျော်ကြားတာလည်း ဖားကန့်ဘဲ ဖြစ်ပါတယ်။ ဘယ်လို မကောင်းတာနဲ့ ကျော်ကြားတာလဲဆိုတော့ ဥပမာ ပြောရရင် မူးယစ်ဆေးဝါးတွေ ပေါများတာ၊ လူငယ်တွေ အကျင့်စာရိတ္တ ပျက်စီးကုန်တာ၊ ငွေ လွယ်လွယ်ရှာလို့ ရတာကြောင့် ငွေကြေးကို တန်ဖိုးမထားတတ်တာ၊ ငွေကြောင့် မကောင်းတာမှန်သမျှ နယ်မြေအတွင်း အလွယ်တ ကူရနိုင်တာ စသဖြင့် မကောင်းတဲ့ ကျော်ကြားမှုတွေက များပြားလှပါတယ်။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါး ပြဿနာဟာ အလွန် ကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ ငယ်စဉ်ကတည်းက ဖားကန့်ဒေသဟာ မူးယစ်ဆေးဝါး အလွန်ပေါများပြီး မူးယစ်ဆေး ကြောင့် ဘဝပျက်ရသူ၊ စီးပွားပျက်ရသူ၊ အိမ်ထောင်ပျက်စီးရသူ စသဖြင့် မရေတွက်နိုင်အောင် များပြားလှပါတယ်။ ဖားကန့်နယ်မြေ ရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အရင်ကတည်းက စာရေးဖို့ ရည်ရွယ်ခဲ့ပါတယ်။

အန္တရာယ်ကြီးလှတဲ့ မူးယစ်ဆေးဝါးဟာ ကျွန်မတို့ ဖားကန့် နယ်မြေမှာ အလွယ်တကူ ဝယ်ယူရောင်းချ ကြပါတယ်။ အလွယ်တကူ သုံးစွဲနိုင်ကြပါတယ်။ မျက်စိရှေ့မှာတွင် သွေးကြောထဲကို အဖြူရောင် မူးယစ်ဆေးတွေ ထိုးသွင်းနေတာ၊ မူးယစ်ဆေး သုံးစွဲနေရင်း အသက်ပျောက်သွားတာ၊ အကြောထဲ ဆေးသွင်းနေရင်းတန်းလန်း သွေးစက်စက်ယိုကျနေတဲ့ သူတွေ၊ မူးယစ်ဆေးကြောင့် ဘဝ ပျက်ပြီး သွားစရာမရှိ၊ နေစရာမရှိ  လမ်းဘေးမှာ စုတ်ပြတ်ဆင်းရဲစွာ နေနေကြရတာတွေဆိုတာ မမြင်ချင်မှအဆုံး အမြဲတမ်းလိုလို မြင်နေခဲ့ရပါတယ်။ ခုချိန်ထိလည်း ရှိဆဲဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေးပြား) စသည်တို့ဟာ နေရာတော်တော်များများမှာ အလွယ်တကူ ရောင်းချနေကြပါတယ်။ အဲဒီလို ရောင်းချနေတဲ့ နေရာတွေ၊ အိမ်တွေကို လည်း အဲဒီအရပ်ဒေသမှာ နေထိုင်သူအားလုံး သိရှိကြပါတယ်။ ထူးဆန်းတာက လူတိုင်းက အဲဒီရောင်းချတဲ့ အိမ်တွေကို သိကြပေ မယ့် အဖမ်းအဆီး မခံကြရဘဲ ရောင်းချမြဲ ရောင်းချနေကြတာပါပဲ။

Yellow Sea, red herring?


The rising tension between the Democratic Republic of Korea, or North Korea, and its southern neighbour the Republic of Korea, or South Korea, amounts to the latest among many standoffs over 60 years, but this one involves certain new factors in addition to several older ones. Among the more familiar reasons are the annual United States-South Korean naval exercises, which last two months and this year are to conclude at the end of April; they always cause ill-feeling between Pyongyang and Seoul. Another reason is the DPRK’s wish to be recognised as a nuclear-weapon power, not least because Supreme Leader Kim Jong-un is only following his father and grandfather, the country’s previous two leaders, in seeing nuclear weapons as “the nation’s life,” the phrase the ruling Workers’ Party used in a March 31 resolution. The third familiar factor is that North Korea has never accepted the maritime boundary the South drew in the Yellow Sea at the time of the 1953 armistice which ended the Korean War.
The current contretemps, however, contains potentially dangerous new elements. The U.S. has flown B-2 stealth bombers across the Korean Peninsula, and has placed missile interceptors on the Pacific island of Guam, in apparent response to South Korean reports that Pyongyang had placed missiles near the border between the two countries. Secondly, the North has ended the armistice, and its military says it has been authorised to attack the U.S. with nuclear weapons. This might be technically implausible, but one of the greatest risks of destabilisation lies in the DPRK’s withdrawal from a hotline network; there also seem to be no direct links between Pyongyang and Washington, and the DPRK has made no response to U.S. contacts through senior envoys. Yet that is not rejection, because Mr. Kim wants direct contact with President Barack Obama. Although the U.N. Security Council has repeatedly condemned North Korea’s nuclear and missile tests and demanded the immediate revocation of its withdrawal from the Nuclear Non-proliferation Treaty, the utility of such an approach some seven years after the DPRK first went nuclear perhaps needs to be examined. North Korea will not give up its nuclear weapons and will ratchet up its rhetoric and force posture whenever the calls for it to do so are stridently repeated. The country, nevertheless, appears not to want war, and even the ROK’s defence minister Kim Kwan-jin says there is no sign of Northern troop mobilisation. If there is a clear message in the situation, it is that the sooner the U.S. starts talking directly with the DPRK the better the chances will be of lasting détente in the region.

A dangerous connivance

It is worrying that West Bengal’s political class remai ned tactical spectators to the Kolkata rally organised by Muslim groups in support of Bangladeshi war criminals

West Bengal looked to the Shahbag protests in Dhaka with hope. In 1971, a massive relief and solidarity effort was undertaken in West Bengal for the millions trying to escape a veritable genocide. The then leaders of the Jamaat-e-Islami in East Bengal and its students wing organised murder and rape squads in collaboration with the Pakistani forces. Their crimes included mass murder, rape as a weapon of war, arson and forced conversions. Post-1975, generals used them to cast an Islamic veneer of legitimacy over their illegal capture of power. Their immunity lasted until the present Bangladesh government restarted the legal proceedings in the War Crimes tribunal. The Shahbag protests demanded maximum punishment for the guilty.

SHOCKING

In West Bengal, a few meetings have happened around Shahbag, mostly expressing support. But, shockingly, the largest was a massive rally held in Kolkata on March 30, explicitly against the Shahbag protests and in support of the war criminals already convicted. Various Muslim groups, including the All Bengal Minority Council, the All Bengal Minority Youth Federation, the Madrassa Students Union, the Muslim Think Tank and the All Bengal Imam Muazzin Association, organised the rally. People arrived in buses from distant districts of Murshidabad and Nadia, as well as from neighbouring districts. Students of madrassas and the new Aliah Madrassa University were conspicuous at the gathering.

ယုံကြည်မြတ်နိုး ၉၆၉ နှင့် ၎င်း၏ ဂယက်များ


ပဋိပက္ခ ဂရုပြု သတင်းစာပညာ သင်တန်းသားများ စုပေါင်းရေးသားသည်။
အသက် ၃၀ အရွယ် မဝေဝေက သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကစပြီး တက္ကစီငှား ရမ်းသည့်အခါ ၉၆၉ အမှတ်တံဆိပ်ပါတဲ့ တက္ကစီကိုသာ ငှားရမ်းစီးနင်းတဲ့အကြောင်း ပြောသည်။
သူ့အနေနဲ့ ဘာကြောင့် ၉၆၉ အမှတ်တံဆိပ်ပါသည့် ကားကိုရွေးချယ်ရ သလဲ ဆိုသည် နှင့် ပတ်သက်၍တော့ “ဘာလို့ အဲ့ဒီတံဆိပ်ပါတဲ့ကားကို စီးရတာလဲဆိုတော့ ကိုယ့်လူ မျိုးဆိုတော့ ပိုလုံခြုံမယ်ထင်လို့ပါ။ ဗုဒ္ဓဘာသာဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း ပါ တာပေါ့” ဟု ပြောသည်။
သူမသည် နိုက်ကလပ် တခုမှာ ကိုယ်ခန္ဒာကိုရင်းပြီး စီးပွားရှာနေတဲ့ မိသားစုတာဝန်အား တစ်ဦးတည်း ထမ်းဆောင်နေရသူလည်း ဖြစ်သည်။
၎င်းသည် အမျိုးသားနှင့် လင်မယားအဖြစ်မှ ပြတ်စဲသည်မှာ ၃ နှစ် ရှိပြီဖြစ်ပြီး ကလေး ငယ် ၃ ဦးနှင့် အိမ်စရိတ်များအတွက် ညစဉ် အလုပ်တာဝန်မှာ ရပ်နား၍ မရကြောင်းသူမက ဆက်လက်ပြောသည်။
၉၆၉ အမှတ်တံဆိပ်၏ အဓိပ္ပါယ်မှာ ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာဂုဏ်တော် (၉) ပါးတို့ စုပေါင်းထား သည့်အတွက် ထိုအမှတ်တံဆိပ်အား ဆောင်ထားပါက ဘေးအန္တရာယ်ကင်းခြင်း၊ လာဘ်လာဘပေါများခြင်းစသော ကောင်းကျိုးတ ရားများ ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းအမှတ်တံဆိပ် ဆောင်ထားသူ မဝေေ၀ ၏ မိတ်ဆွေတက္ကစီသမားက ဆိုသည်။
၎င်းက “ကျွန်တော့် ကားမှာ ၉၆၉ အမှတ်တံဆိပ် တပ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကားဆိုတာ သိပြီး လူတွေများများ တင်ရအောင် လို့ပါ။ဒါပေမဲ့ မွတ်စလင်တွေ ငှားတာ၊ မွတ်စလင်တွေ စုပြီးနေတဲ့ နေရာတွေတော့ မသွားရဲဘူး”ပာု ပြောသည်။

အိမ်ပြင်ထွက်ရင် ဒါလေးကို သတိရပါ


Wikipedia blog ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်တွင် HIV ရောဂါကြောင့် သေဆုံးသူ ၂၅၀၀၀ ဦးရှိကြောင်း ဖေါ် ပြထားသည့်အတွက် ( ၁ ) နာရီလျင် ၂ ဦးကျော်ခန့် HIV ရောဂါဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိ ရပါသည်။ ယနေ့ခေတ် ယဉ် ကျေးမှုသည်လည်း ယဉ်ကျေးမှုပြောင်းကာစ မြန်မာနိုင်ငံကို သက်တမ်းတိုအောင် သေဆုံးမှုများအောင် လုပ်လာ နိုင်ပါသည်။

အာဖဂန်နစ်စတန်သည် HIV ရောဂါမဖြစ် သလောက်နည်းပါးပြီး ဘူတန်နိုင်ငံသည်လည်း ဖြစ်ပွားမူ အနည်းဆုံးဖြစ်ြပီး ဖြစ်ပွားမူ အများဆုံးမှာ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ အိန္ဒိယတို့ဖြစ်သည့် အတွက် နိုင်ငံ ရပ်ခြား သွားကလည်း ထိုနိုင်ငံများတွင် ဆင်ခြင် နေထိုင်သင့်ပါသည်။

လက်ရှိ ကမ္ဘာတွင် HIV ရောဂါဖြစ်နေသူ ၃၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်ခန့်မှန်း (၂၄၀၀၀၀) ရှိနိုင်သည်ဟု UNAI DS မှ ခန့်မှန်းထားသည့် အတွက် ၁.၃ ရာနူန်းသာ ဖြစ်ပွားလျှက် ရှိသော်လည်း နောင်ပွင့်လင်းလာမည့် ယဉ်ကျေးမှုအတွက် ကြို တင် ကာကွယ်တားဆီးမူများ လိုအပ်မည်ဟု ထင်ပါသည်။ ကမ္ဘာတွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံ ၁၆၆ နိုင်ငံရှိသည့်အနက် မြန် မာနိုင်ငံ ဖြစ်ပွားမူ အဆင့်သည် ၅၁ အဆင့်တွင် ရှိနေပါသည်။

ယနေ့ လူငယ်တွေရည်းစားဖြစ်ပြီး ဘာဆက်ဖြစ်တာ များလာလည်း၊ အနှိပ်ခန်း၊ ခေါင်းလျော်ဆိုင် တစ်ချို့၊ နိုက်ကလပ်၊ ရေချိုခန်း တစ်ချို့၊ မူးယစ်ဆေး၊ ကာမအားတိုးဆေးတွေကြောင့် ဘယ်အမှောင်ထဲကို ရောက်နေလည်း ဒါတွေကြောင့် AIDS ရောဂါ အ ကြောင်း အရွယ်ရောက်သူတိုင်း သိသင့်လာတယ်လို့ မြင်ပါတယ်။

ဆီးနှင့် ကျောက်ကပ် ရောဂါ


ဆီးနှင့်ကျောက်ကပ်ရောဂါ ကင်းဝေးလိုလျှင် ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း ခါးကျောရိုး ၏ တစ်ဘက်တစ်ချက်တွင်ရှိသော ကျောက်ကပ်တစ်စုံသည် သွေးထဲရှိ ဓာတ်ပစ္စည်း များစွာ အနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ်သည်များကို ဆီးနှင့် အတူ ဖယ်ထုတ်ပစ်ခြင်းတို့ကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည့် အင်္ဂါတစ်စုံ ဖြစ်ပါသည်။ ကျောက်ကပ်တစ်ခုသည် ၅ အောင်စခန့်သာ လေးသော်လည်း ၎င်းအ တွင်း၌ သွေးများကို သန့်စင် စစ်ထုတ်ပေးသည့် စစ်ထုတ်ပြွန်ကလေးပေါင်း တစ်သန်း ကျော် ပါရှိလေသည်။
 
ကျောက်ကပ် တစ်စုံသည် တစ်နာရီလျှင် ကိုယ်ခန္ဓာရှိ သွေးစုစုပေါင်း၏ နှစ်ဆခန့် (ဂလူး ကိုစ့် ပုလင်း ၁၀ ပုလင်းခန့်) ကို စစ်ထုတ် သန့်စင်ပေးလျက် ရှိပါသည်၊ ထိုသို့ ၂၄ နာရီပတ်လုံး သွေးများကို စစ်ထုတ် သန့်စင် ပေးပြီး ထွက်ပေါ်လာသည့် ခန္ဓာကိုယ်အတွက် မလိုအပ်သည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်အတူ ဆီးအိမ်မှတဆင့် ပြင်ပသို့ စွန့်ထုတ် ပစ်စေပါသည်။
 
ခန္ဓာကိုယ်အတွက် လိုအပ်သည့် သကြားဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်နှင့် မဂ္ဂနီဆီယမ်တို့ကိုမူ ပြန်လည် စစ်ယူပြီး သွေးထဲသို့ ပြန်ပို့ပေးပါသည်၊ ယူရီးယား၊ ယူရစ်အက်စစ်၊ ဆာလဖိတ်နှင့် ဖော့စဖိတ် ဓာတ်များကိုမူ ခန္ဓာကိုယ်အတွက် လိုအပ်သည် ထက် ပိုနေပါက ပိုသည့် ပမာဏကို ဆီးနှင့်အတူ ပြင်ပသို့ စွန့်ထုတ်ပစ်ပါသည်၊ ထို့ပြင် ကိုယ်ခန္ဓာအတွင်း ရှိနေသည့် ရေပမာဏကို လည်း ကျောက်ကပ်ကပင် လိုအပ်သည့် ပမာဏ အတိုင်းရှိရန် ထိန်းသိမ်းပေးပါသည်၊ အကယ်၍ ရေဓာတ်များ ခန္ဓာကိုယ်အတွင်း လိုသည်ထက် များလာပါက ဆီးများများ ဖြစ်ပေါ်စေပြီး စွန့်ထုတ် ပစ်လိုက်ပါသည်။
 
ရေဓာတ်များ ခန္ဓာကိုယ်အတွက် လိုအပ်နေပါမူ ဆီးဖြစ်ပေါ်မှုကို နည်းပါးစေကာ ခန္ဓာကိုယ်အတွင်း လိုအပ်သည့် ပမာဏသို့ ရောက် ရှိစေရန် ထိန်းညှိ ပေးပါသည်။ ထိုကဲ့သို့သော လုပ်ငန်းများကို လုပ်ဆောင်ပေးသည့် ကျောက်ကပ်သည် လုပ်ငန်းများ ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်အတွက် သွေးများကို ၎င်းထံ ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်မည့် သွေးဖိအားမျိုး ကိုယ်တွင်း၌ ရှိနေရန် လို အပ်ပါသည်၊ အကယ်၍ သွေးထွက် လွန်ခြင်းကြောင့်သော်၎င်း၊ ရှော့ဖြစ်ခြင်းကြောင့်သော်၎င်း၊ သွေးပေါင်ချိန် အရမ်းကျ ဆင်းသွား ပါက ကျောက်ကပ်သည် မိမိ၏ လုပ်ငန်းများကို ပြည့်ဝစွာ ပြုလုပ်ပေးရန် ခက်ခဲလာပြီး ခန္ဓာကိုယ်အတွင်း ဓာတ်ပစ္စည်းများ စုပုံလာ ၍ အန္တရာယ် ရှိနိုင်ပါသည်။

ကျောက်ကပ်အကြောင်း


ကျောက်ကပ်သည် ခန္ဓာကိုယ်တွင် ညာဘက်နှင့် ဘယ်ဘက် နှစ်ဘက်စလုံးတွင် ရှိ သော စုံတွဲအင်္ဂါများထဲမှ တစ်စုံဖြစ်သည်။ ကျောက်ကပ်တစ်လုံးနှင့်လည်း အသက် ရှင်သန်နိုင်သည်။ ကျောက်ကပ်တို့သည် ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ ကျောရိုးရှိ ခါးနေရာ၌ ဘေး တစ်ဖက် တစ်ချက်စီတွင် နေရာယူ ထားကြသည်။

ကျောက်ကပ် တစ်လုံးစီသည် ပဲကြီးစေ့ ပုံသဏ္ဍာန် ရှိသည်။ ၄င်းတို့သည် ဒေါင်လိုက် အနေအထားဖြင့် ကျောရိုးနှင့် အပြိုင် ရှိနေကြသည်။ အတွင်းဖက်သည် ပဲကြီးစေ့၏ အခွက်ကဲ့သို့ ဖြစ်ပြီး အပြင်ဖက်သည် ပဲကြီးစေ့၏ အခုံးကဲ့သို့ ဖြစ်သည်။ အတွင်း ဘက်၏ အလယ်တွင် ကျောက်ကပ်၏ ရိုးတံ အညှာရှိသည်။ ၄င်း အညှာအတွင်းမှ ကျောက်ကပ် သွေးလွှတ်ကြော၊ သွေးပြန်ကြောနှင့် ဆီးပို့ပြွန်တို့ ဖြတ်သန်းသွားကြသည်။ ဆီးပို့ ပြွန်မှ တဆင့် ကျောက်ကပ်မှ စွန့် ထုတ်သော ဆီးများကို ဆီးအိမ် အတွင်းသို့ ရောက်စေသည်။ ကျောက်ကပ်တစ်လုံး စီသည် အလျား ၁၀ စင်တီမီတာ ခန့် ၊ အနံ ၅ စင်တီမီတာခန့် နှင့် အထူ ၂.၅ စင်တီမီတာ ခန့် စီရှိကြသည်။ ကျောက်ကပ်တစ်လုံး စီကို အင်္ကျီဝတ် သကဲ့သို့ အခွံတစ်ခုဖြင့် ဖုံးအုပ် ထားသည်။ ၎င်း အခွံပေါ် ပတ်ပတ်လည်တွင် အဆီလွှာ တစ်လွှာဖြင့် ထပ်မံဖုံးအုပ် ထားပါသည်။ ညာဘက် ကျောက်ကပ်သည် ဘယ်ဘက် ကျောက်ကပ်ထက် အနည်းငယ် ပို၍ နိမ့်သည်။

ကျောက်ကပ်တို့၏ လုပ်ငန်း တာဝန်များ

၁။ ကျောက်ကပ်တို့သည် ခန္ဓာကိုယ်၏ အညစ်အကြေးစွန့် စက်များ ဖြစ်သည်နှင့်အညီ မလိုအပ်သည့် အညစ်အကြေးများကို စွန့် ထုတ်ပေးသည်။ အညစ်အကြေးများမှာ ကိုယ်ခန္ဓာ နေရာပေါင်းစုံမှဖြစ်သည်။ ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်များမှ ထွက်လာသော အညစ် အကြေးများ၊ ပြင်ပမှ စားသောက်သော ဆိုးဆေးများ၊ ဆေးများ၊ ပိုလျှံနေသော ရေနှင့် အခြားဓါတ်သတ္တုများကို စွန့်ထုတ်ပေး သည်။

ထို့ပြင် ခန္ဓာကိုယ်၏ လိုအပ်ချက် အပေါ်မူတည်၍ ၄င်း စွန့်ပစ် ပစ္စည်းများထဲမှ လိုအပ်သည့် ပစ္စည်းများကို ပြန်လည် စစ်ယူထား ပေးသည်။ ဥပမာအနေဖြင့် ခန္ဓာကိုယ်တွင် ရေဓါတ် ခန်းခြောက်နေလျှင် ရေကို စုပ်ယူ ထိန်းသိမ်းပေးသည်။ အချိုဓါတ်၊ အသားဓါတ် နှင့် ထုံးဓါတ်တို့ကိုလည်း လိုအပ်လျှင် လိုအပ်သလို စုပ်ယူခြင်း၊ စွန့်ထုတ်ခြင်း ပြုခြင်းအားဖြင့် ခန္ဒာကိုယ်၏ လိုအပ်ချက်များကို ထိန်း ညှိပေးသည်။

အသည်းကင်ဆာအကြောင်း သိကောင်းစရာ (သိထားစေချင်ပါသည်)


အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိ နေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်း ကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secon dary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။


Primary Liver Cancer (အစဦး အသည်းကင်ဆာ)

အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တ၀ိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင် ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲ တွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုးရှိ ပါ တယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါ တယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ် နည်းသည်ကို တွေ့ရှိရပါတယ်။
မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါ တယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ

ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ် ရာကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေး ဗဟို ဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မ ကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။
 
ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေ ရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကို တော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။
 
MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက် ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။
 
ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေး မယ်လို့ သိရှိရပါတယ်။

လက်ပံတောင်းတောင်ကို သေဒဏ်ချမှတ်လိုက်ခြင်း၏ နောက်ဆက်တွဲ အလားအလာများ


လက်ပံတောင်းတောင် အကျပ်အတည်းဟာ သိပ်ကြီးမားတယ်။ လက်ပံတောင်းအစီရင်ခံစာက အဲဒီအကျပ်အတည်းကို ဖြေရှင်း မ ပေးနိုင်ရုံမက ပိုကြီးထွားလာစေတယ်။ အကျပ်အတည်းရဲ့ ထွက်ပေါက်ဟာ ခက်ခဲနေတယ်။ အများပြည်သူအတွက် အန္တရာယ် သိပ် ကြီးနေတယ်။

အစီရင်ခံစာရဲ့ တရားမျှတမှု

လက်ပံတောင်းအစီရင်ခံစာဟာ အစီရင်ခံစာရေးသားဖို့ အခြေခံတဲ့ အခြေခံမူမှာကတည်းက တိမ်းစောင်းတယ်။ ဒါ့ကြောင့် အစီရင်ခံ စာ တိမ်းစောင်းတာပါ။ အခြေခံသည့်မူများက (က) နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား၊ (ခ) ပြည်သူလူထုအတွက် ရေရှည်အကျိုး စီးပွား၊ (ဂ) အပြုသဘောဆောင်သည့်အမြင် ဆိုပြီး အချက် ၃ ချက်ဖော်ပြထားတယ်။

တတိယအချက်ကစပြောပါမယ်။ တတိယအချက်မှာ အပြုသဘောဆောင်သည့်အမြင်ဆိုတာကိုက အမှားရဲ့ မျိုးစေ့ဖြစ်နေပါပြီ။ ဒီလို အစီရင်ခံစာမျိုးကို ပြုစုတယ်ဆိုတာ အပြုသဘောလည်း ဆောင်စရာမလိုသလို၊ အပျက်သဘောလည်း ဆောင်စရာမလိုဘူး။ အပြု သဘော အပျက်သဘောဆိုတာ ဆန္ဒစွဲတွေပါ။ တနည်းပြောရရင် ဂတိတရားတွေဖြစ်ပါတယ်။

ဒီလိုအစီရင်ခံစာမျိုးပြုစုတယ်ဆိုတာ အချစ်၊ အမုန်းဆိုတဲ့ ဂတိတွေကင်းရတယ်။ အပြုအပျက်အမြင်တွေ ရှောင်ရှားရတယ်။ ဓမ္မ ဓိဌာန်ကျရတယ်။ ဓမ္မဓိဌာန်ကျရတယ်ဆိုတာ Objective ဖြစ်ရတယ်လို့ ဆိုချင်တာပါ။ ဆန္ဒအပေါ် အခြေမခံဘဲ၊ အချက်အလက် အပေါ် အခြေခံရမယ်လို့ ဆိုချင်တာပါ။ ဆန္ဒစွဲမပါဘဲ တွေ့တဲ့အချက်အလက်အတိုင်း တင်ပြရတယ်။ ခုတော့ အပြုသဘော ဆိုက တည်းက တဘက်ကို စပြီးစောင်းနေပါတယ်။ အစီရင်ခံစာ မထွက်ခင်ကတည်းက အပြုသဘော ဆောင်စေချင်တဲ့ ဆန္ဒက ဦးစီး ထားပြီးနေပြီ။ ထွက်လာမယ့်ရလဒ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြဌာန်းထားတဲ့ သဘောထားတရပ်ရှိနေပြီ။

နောက်ကြောင်းပြန်လှည့်လိုက်မှာ ကြောက်သင့်တာဘယ်သူတွေလဲ


ထစ်ခနဲတစ်ခုခုဖြစ်တာနဲ့ နောက်ကြောင်းပြန်လှည့်ရမလား၊ နောက်ကြောင်းပြန်လှည့်လိုက်ရမလားလို့ ခြိမ်းခြောက်တာ ကို ခင်ဗျားတို့ကလည်း ကြောက်နေသေးတယ်။ စိတ်ချ ... ခြိမ်းခြောက်မဲ့သာ ခြိမ်းခြောက်နေတာ ... သင်းတို့ကိုယ်တိုင်က နောက် ကြောင်းပြန်လှည့်မှာ မဟုတ်ဘူး။ ဒီမိုကရေစီအစိုးရ ဆိုတာကြီးကနေ တစ်ပြားသားမှ လျှော့ရဲမှာမဟုတ်ဘူး။

ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒီမိုကရေစီအစိုးရဆိုတာကြီးဖြစ်လာလို့ ပြည်သူတွေအတွက် သိသိသာသာ ဘာတွေ ဖြစ်လာသေးလို့ လဲ။ ဆန္ဒပြသလို့ရတယ်ဆိုတာကလည်း ဆန္ဒလေးပဲ ပြသခွင့်ရတာလေ။ အဲဒီ့ ဆန္ဒကို အကောင်အထည်ဖော်ပေးလို့လား။ ငြိမ်း ချမ်း ရေးအတွက် ဆန္ဒပြလို့ ကချင်ပြည်နယ်ကစစ်ပွဲတွေ ရပ်သွားဖူးလား။ လက်ပန်းတောင်းတောင်အတွက် ဆန္ဒပြလို့ စီမံကိန်းကို ရပ် ပေးလို့လား။ မအူပင်မှာ ဆန္ဒပြလို့ လယ်စိုက်ဖို့ မြေတွေ ချပေးဖူးလား။ လယ်သမားတွေ ဆန္ဒပြလို့ လယ်တွေ ပြန်ပေးဖူးလို့ လား။ မြစ်ဆုံကိစ္စတောင် ခေတ္တဆိုင်းငံ့ရုံလောက်ပဲ နှစ်သိမ့်ပေးဖူးတာလေ။ 
 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာလို့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာမယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ဘာဘာ ညာညာတွေ လျှောက်ပြောမနေနဲ့။ စစ်အစိုးရလက်ထက်က ချဉ်ပေါင်ကြော်နဲ့ ပဲပြုတ်ကို ထမင်းဘူးထည့်နေရတဲ့ အလုပ်သမားတွေ က ဒီမိုကရေစီ အစိုးရခေတ်ကြီးမှာလည်း ချဉ်ပေါင်ကြော်နဲ့ ပဲပြုတ်ပဲ။ မလေးတို့၊ ထိုင်းတို့မှာ အလုပ်ကြမ်းလုပ်နေတဲ့ မြန်မာတွေ ကို အဲ့လိုသွားစည်းရုံးလို့ကတော့ သူတို့က ရယ်စရာလိုပဲ တ၀ါးဝါးနဲ့ ၀ိုင်းရယ်ကြလိမ့်မယ်။ စစ်အစိုးရခေတ်ကလည်း မသေရုံတမယ် ၀င်ငွေနဲ့ လူဖြစ်အောင်နေရတာပဲ။ ဒီမိုကရေစီခေတ်ကြီးမှာလည်း မလောက်မင ၀င်ငွေနဲ့ အသက်ရှင်နေရတာပဲလေ။ ဘာထူးလို့ တုန်း။ ဒီမိုကရေစီအစိုးရကြီး ဖြစ်သွားဖို့ ပြည်သူတွေအတွက် ဘာတွေ တိုးတက်လာတယ်ဆိုတဲ့ ထင်သာမြင်သာ ကိစ္စတွေ တော့ တစ်ခုမှ မတွေ့မိသေးဘူးပဲ။ ဖုန်းဈေးတွေ ကျတာနဲ့ ဒီမိုကရေစီ ဆိုတာကြီးနဲ့ လားလားမှ မဆိုင်ပါဘူး။ နဂိုထဲက တန်ဖိုးမရှိတဲ့ ဖုန်း ဆင်းကဒ်တွေကို သူတို့ဘာသာ ဈေးတင်ရောင်းနေတဲ့ ကိစ္စပဲလေ။ မြ၀တီမှာ ထိုင်းဖုန်းဆင်းကဒ်တွေ တစ်ခုမှ ဘတ် (၅၀)၊ မြန်မာ ငွေ (၁၅၀၀) ပဲရှိတဲ့ကိစ္စ။ သူတို့ဘာသာ အဘကြေးတွေ၊ အစ်ကိုကြီးကြေးတွေ နင့်နေအောင်ပေးပြီး ပြည်သူတွေဆီက ငွေကို လည် ပင်းညှစ်ယူနေတာ။ ရှက်တတ်ရင်တောင် လဲသေလို့ရတယ်။ 

ပထဝီ နိုင်ငံရေးတွင် အရေးပါသော မြန်မာ


ကမ္ဘာကြီး၏ မသေချာ၊ မရေရာလှသော စွမ်းအင်လိုအပ်ချက်အပေါ် နိုင်ငံဒေသတခုချင်းစီ၏ စွမ်းအင်လို အပ်ချက်နှင့် စွမ်းအင်လုံခြုံရေးသည် ၎င်းနိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုအတွက် အဓိက လက်တွေ့ကျသော အခန်းဏ္ဍမှ ပါဝင်ပေသည်။ ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ လောင်စာ စွမ်း အင်ရရှိရေး တဟုန်ထိုး လိုက်လာနေကြသည်က မြန်မာ့နိုင်ငံရေးကို ရိုက်ခတ်စေတော့သည်။
 
၂၀၀၈ ခုနှစ် မေလတွင် တဟုန်ထိုး မြင့်တက်သွားသော လောင်စာဆီဈေးနှုန်းကြောင့် ကမ္ဘာတဝှမ်းရှိ စီးပွားရေး လုပ်ငန်းများ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အထူးသဖြင့် အာရှ စီးပွားရေးတက်သည့် ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံ အချို့ကိုပါ ရိုက်ခတ်သွားခဲ့သည်။ အာဆီယံဒေသတွင်လည်း ရေနံထုတ် လုပ်ရောင်းချသော မလေးရှားနှင့် ဘရူနိုင်းနိုင်ငံမှအပ ကျန်နိုင်ငံများ အားလုံးသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကို မိမိနိုင်ငံ၏ စွမ်းအင်အတွက် အဓိက မှီခိုရသည့် အားလျော်စွာ ရေနံကုန်ဈေးနှုန်း မြင့်တက်ခြင်း ၏ ဂယက်ရိုက်မှုကို ခံခဲ့ရပေသည်။
 
တရုတ်နဂါးနှင့် အိန္ဒိယဆင်တို့ အပြိုင်
 
ရေနံ အဓိကတင်သွင်းပြီး စွမ်းအင် အဓိကလိုအပ်နေသည့် တရုတ်နှင့် အိန္ဒိယ၏ စွမ်းအင်လိုအပ်ချက်အရ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းတွင် ၎င်းနိုင်ငံများ၏ ရေနံတင်သွင်းမှုမှာ သိသိသာသာ တိုးတက်လာမည် ဖြစ်ပေ သည်။ ဤကဲ့သို့ ဆက်တိုက် စီးပွားရေးကြီးထွားလာမှုများ၏ လိုအပ်ချက်အရ လာမည့်နှစ်များတွင် ကြီးမား သော စွမ်းအင်တင်သွင်းမှုနှင့် စဉ်ဆက်မပြတ် စွမ်းအင်ရယူမှုများသည်လည်း ဒေသတွင်း၌ ပိုမို၍ ယှဉ်ပြိုင်မှု များ ဖြစ်ပေါ်လာစေသည်။

ခင်ဗျားလည်းနာမည်ကြီးပါစေ၊ သူ့နာမည်လေးလည်း လုံခြုံပါစေ။


ကျွန်တော် ဒီနေ့ညနေသတင်းလေးတစ်ခုဖတ်မိ၊ ထိုသတင်းနဲ့ဆက်ဆက် ဗီဒီယိုလင့်လေးတစ်ခုကြည့်မိပြီး စိတ်မကောင်းလို့ ဒီစာကို ရေးတာပါ။ ဒါကြောင့် တုံးတိ၊ ကျပ်ခဲဖြစ်ကောင်းဖြစ်နေမယ်ထင်ပါတယ်။ ဒါပေမယ့် စာဆုံးရင် ကျွန်တော် ဘာပြောချင်လည် စာဖတ် သူအနေနဲ့ သိလာပါလိမ့်မယ်။ သိလာရင် ထိုသို့သော ရည်ညွှန်းပါလူတွေကိုတွေ့ရင် အပြုသဘောအားဖြင့် ၀ိုင်းဝန်းတည့်မတ် ပေးဖို့ ကြိုပြီးမေတ္တာရပ်ခံလိုက်ပါရစေ။
 
လူ့အခွင့်အရေးအတွက်လုပ်နေတဲ့သူတွေအနေနဲ့ အခြားတဖက်မှာ လိုက်နာ စောင့်ထိန်းရမယ့်၊ တာဝန်ယူရမယ့် လူ့ဝတ္တရားတွေ လည်း ရှိတယ်ဆိုတာ လုပ်နေသူတွေအားလုံး သိထားသင့်ပါတယ်။
 
အထူးသဖြင့် ထိခိုက်လွယ်အုပ်စု(vulnerable group)လို့ သတ်မှတ်တဲ့ ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေနဲ့ ပါတ် သက်ရင် သူတို့အခွင့် အရေးအတွက်လုပ်ပေးသည့်တိုင် ကျွန်တော်တို့လိုက်နာစောင့်ထိန်းပေးရတဲ့ လူ့ကျင့်ဝတ်တွေအများကြီး ရှိပါ တယ်။ ဓာတ်ပုံရိုက်တာ၊ အင်တာဗျူးတာ၊ အကူအညီတစ်ခုခုပေးတာတွေမှာ လိုက်နာရတာတွေပေါ့..။

တိုင်းပြည်ကို ဓားပြတိုက်တာဗျ (ဟံသာဝတီ ဦးဝင်းတင်)


မနေ့တစ်နေ့ကအထိ တိုင်းပြည်အာဏာစိုးပြီး တိုင်းပြည်အသပြာ ခိုးခဲ့သူတွေ ဘယ်လောက်များခဲ့သလဲ။ ကျုပ် နာမနဲ့တကွ စာရင်း ချမပြချင်ပါဘူး။ ဟိုအာဏာရှင်ကြီးဗျာ၊ ဟိုချုပ်ကြီး။ ဟိုချုပ်မှူးကြီးဗျာ။ ဟိုဝန်ကြီး၊ ဟိုအရာရှိကြီး၊ ဟိုပုဂ္ဂိုလ်ကြီး၊ ဟိုသူဌေးကြီးဗျာ။ ဒီနေ့ သူတို့ ဘာဖြစ်နေသလဲ။ အဲသလို နိုင်ငံတော်သူခိုး- ဓားပြကြီးတွေဆိုတာ နည်းမှတ်လို့။ 
သူတို့ရဲ့စိန်စီသောနေ့၊ စိန်စီသောည၊ စိန်စီသောဘ၀တွေဆိုတာကလည်း ဟော်လေတကျိုး ဟိုးလေးတကျော် မဟုတ်လား။ သူတို့ ကျိကျိတက် ချမ်းသာနေသဗျာ။ သူတို့ဟာ တိုင်းပြည်ကို ဓားပြတိုက်သလိုလုပ်တယ်။ အနုကြမ်းစီးသလို လုပ်တယ်။ သူခိုးသူဝှက်လို လုပ်တယ်၊ အချောင်နှိုက်သလိုလုပ်တယ်။ အလစ်သုတ်သလို လုပ်တယ်။ ခါးပိုက်နှိုက်သလိုလုပ်တယ်။ အလွဲသုံးလိုလုပ်တယ်။ အဆိုးဆုံးက ရွာကိုဓားပြတိုက်ပြီး 
ရတဲ့ငွေနဲ့ ရွာကို ငွေတိုးချစားသလိုလုပ်တာပါဘဲ။
ကျုပ်တို့ ကြားချင်သိချင်တာက ခိုးကြောင်း ၀ှက်ကြောင်းတွေ မဟုတ်ဘူးဗျ။ သူခိုးသူဝှက်တွေကို ကြွေးပြန်ဆပ် ခိုင်းကြောင်းတွေ မဟုတ်ဘူးဗျ။ သမီးလေး အဓမ္မအားတင်ခံရတာကို အိမ်ပြန်အပ်ရင် ကျေနပ်ပြီဆိုသလိုလုပ်လို့ ပြီးတမ်းလား။ ဒီလို ခိုးတာ၊ ၀ှက်တာ၊ အလွဲသုံးတာတွေကို ပြန်လျော်ကွဆိုရုံနဲ့ ပြီးတမ်းလား။ ဘယ်လောက် ကြာအောင်လုပ်ထားခဲ့သလဲ။

ဦးကုလား၏ သမိုင်းဒဿန


'သမိုင်းဆိုသည်မှာ လူ့လောကကြီး၏ ရာဇဝတ်မှုများ၊ မိုက်မဲမှုများနှင့် ကြမ္မာဂြိုလ်ဆိုးတို့ကို မှတ်တမ်းတင်ထားသည့် မှတ်ပုံတင်စာ ရင်းကြီးသာဖြစ်သည်' ဟု သမိုင်းဆရာကြီး အက်ဒွပ်ဂစ်ဘွန်းက လှောင်ပြောင်အရွ့တိုက်၍ ပြောခဲ့ဖူးသည်။
အင်္ဂလိပ်သမိုင်းဆရာကြီး ဂစ်ဘွန်း (၁၇၃၇- ၁၇၉၄) သည် အမေရိကန်တော်လှန်ရေးကြီး ဖြစ်သည့် အချိန်တွင် အသက် ၃၈ နှစ် ရှိပြီး၊ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်သည့်အချိန်တွင် အသက် ၅၂ နှစ် ရှိနေပြီ။ ဂစ်ဘွန်းသည် သြစထရီးယား ထီးနန်းဆက်ခံရေး စစ်ပွဲကိုလည်းကောင်း၊ အင်္ဂလိပ်နှင့် စပိန်တို့၏ ရေကြောင်း အင်အားပြိုင်ပွဲကိုလည်းကောင်း၊ ၇ နှစ် စစ်ပွဲ ၁၇၅၉- ၁၇၆၃ ကိုလည်း ကောင်း၊ အမေရိကန် ပြည်တွင်းစစ်ပွဲ (၁၇၇၅- ၁၇၈၃) နှင့် ပြင်သစ်ပြည်တွင်းစစ်ပွဲ (၁၇၉၂) ကိုလည်းကောင်း မြင်သွားခဲ့ရသည်။
သူ့တစ်သက်တာတွင် စစ်ပွဲများ၊ အာဏာလုပွဲများ၊ သွေးချောင်းစီးမှုများကို တွေ့ခဲ့ရသည့် သမိုင်းဆရာ ဂစ်ဘွန်းသည် "ရောမလက် နက်နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးခြင်း" ဆိုသည့် ကျမ်းကြီးကို ရေးရန် ရောမသမိုင်းကို လေ့လာလိုက်သည့်အခါတွင်လည်း အလား တူ သွေးချောင်းစီးမှုများ၊ အာဏာလုပွဲများ၊ စစ်ပွဲများကို တွေ့ခဲ့ရသည်။ ရောမသမိုင်းတွင် ကိုယ့်တိုင်းပြည်ကို လေလံပစ်သည့် ပရေ တိုရီယန်း အစောင့်တပ်များအကြောင်းကို သူတွေ့သည်။ လင်ကြီးကို သတ်၍ လင်ငယ်ကို နန်းတင်သော မိဖုရား၊ သစ္စာမဲ့သော စစ်သူကြီး၊ တူသားနောင်မယ်တို့ကို ရာထူးခန့်သော မူးမတ်သေနာပတိများ၊ အကျင့်ပျက်၍ လာဘ်စားသော မင်းမှုထမ်း၊ သေရာ ယစ်မူးသော ဘုရင် စသည့် ရောမလက်နက်နိုင်ငံတော်ကြီး၏ ရာဇဝင် ဇာတ်ဆောင်များကို သူတွေ့မြင်ခဲ့သည်။
ယင်းတို့ကိုကြည့်၍ ဂစ်ဘွန်းက သမိုင်းဆိုသည်မှာ ရာဇဝတ်မှုတို့ကို စာရင်းတင်ထားသည့် မှတ်ပုံတင်စာရင်းဟု ခေါ်ခြင်းဖြစ်ဟန် တူသည်။
ပြင်သစ်ဧကရာဇ်ဘုရင် နပိုလီယန်က "သမိုင်းဆိုသည်မှာ အများသဘောတူထားသည့် ပုံပြင်ဖြစ်သည်" ဟု ပြောခဲ့ဖူးသည်။