Showing posts with label မုန်တိုင်းသတင်း. Show all posts
Showing posts with label မုန်တိုင်းသတင်း. Show all posts

၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာတော့မည့် 98B


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 98B သည် ပိုမိုအားကောင်းလာပြီး နိုဝင်ဘာလ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၅: ၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် HIGH သို့ သတ် မှတ်လိုက်ပြီဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။
နိုဝင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၈: ၃ဝ နာရီတွင် ရရှိသည့် NRL data များအရ မုန်တိုင်းဖြစ်လာတော့မည့် 98B သည် လပွတ္တာမြို့ အနောက်ဘက် ၃၉ဝ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၃၈ဝ ခန့်၊ အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်၊ Kolkata မြို့တောင်ဘက် မိုင် ၄၄ဝ ခန့်နှင့် သြရိသပြည်နယ် (Odisha) Bhubaneswar မြို့ အရှေ့တောင်ဘက် ၃၄၅ မိုင်ခန့်တွင် တည်ရှိနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်မည်ဟု ခန့်မှန်းထားပါသည်။ 98B ၏ ဗဟိုတွင် လေတိုက်နှုန်း ၃ဝ နော်တီကယ်မိုင် (တစ်နာရီ ၃၄.၅၂ မိုင်) နှုန်းရှိနိုင်ပြီး၊ ဖိအား 1000 hPa သို့ ကျဆင်းလျှက်ရှိကြောင်း တွေ့ရှိရပြီ လွန်ခဲ့သည် ၆ နာရီအတွင်း အနောက်မြေက်ဘက်သို့ တစ်နာရီ ၆ မိုင်ခွဲနှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။
98B 17 Nov 2012 1200Z
Location: 16.2 88.9
Winds: 30 knots
Central Pressure: 1000 hPa
JTWC Information
1. FORMATION OF A SIGNIFICANT TROPICAL CYCLONE IS POSSIBLE WITHIN A 230 NM RADIUS OF 16.1N 88.6E WITHIN THE NEXT 12 TO 24 HOURS. AVAILABLE DATA DOES NOT JUSTIFY ISSUANCE OF NUMBERED TROPICAL CYCLONE WARNINGS AT THIS TIME. WINDS IN THE AREA ARE ESTIMATED TO BE 27 TO 32 KNOTS. METSAT IMAGERY AT 170530Z INDICATES THAT A CIRCULATION CENTER IS LOCATED NEAR 15.7N 89.2E. THE SYSTEM IS MOVING
NORTH-NORTHWESTWARD AT 04 KNOTS.