Showing posts with label အမျိုးသားရေးကဗျာ. Show all posts
Showing posts with label အမျိုးသားရေးကဗျာ. Show all posts

နေပြည်တော်ခေတ် ကာချင်းသစ် (Maung Swan Yi)


တရုတ်လာသည် – ယိုင်ယိုင်လော – ယိုင်ယိုင် ယိုင်ယိုင်။
မြားမိုးရွာသည် – ဖြိုင်ဖြိုင်လော – ဖြိုင်ဖြိုင် ဖြိုင်ဖြိုင်။
ဟုတ်တည်း – သည်ရင်း၊ သည်ရင်း။
ဟုတ်တည်း – ရှင်ချင်း၊ ရှင်ချင်း။
                             (မြင်စိုင်းခေတ်၊ ကာချင်းမှ)
သီချင်းအစ ကာချင်းက
ကာချင်းအစ မြင်စိုင်းက
မြင်စိုင်းအစ တိုက်ပွဲက
ကျုးကျော်အစ တရုတ်က။
ပန်းချီအစ နံရံက
နံရံအစ ပုဂံက
ကျုးကျော်အစ မွန်ဂိုက
မွန်ဂိုစစ်သည် ကျုးကျော်ပြီ
ပုဂံပန်းချီ သက်သေတည်
နက်ဝါညိုနီ ဆေးပန်းချီ။
မွန်ဂိုလာသည့် တရုတ်ပြည်
ဒိသာပါမောက် ရောက်ဖူးသည်။
လေးမြား မြှောက်ချီ တပ်ကြီညီ
ကျုးကျော်လာသည် ဒို့မြန်ပြည်။
တရုတ်ပြေးမင်း ပုဂံမင်း
တရုတ်လိုက်လို့ ပြေးတဲ့မင်း
ပုဂံပျောက်ဆုံး ရှုံးတဲ့မင်း
မင်းသက်ဖြတ်တာ တရုတ်မင်း။
တရုတ်လာသည် – ယိုင်ယိုင်လော။
ဗမာပြေးသည် – ဝေေ၀းလော။
ရွှေကိုယူသည် – အပြိုင်အဆိုင်။
ငွေကို ယူသည် – အပိုင်အနိုင်။
စိန်ကိုယူသည် – “အကြိုင်” “အပိုင်”
ကျွန်းကို ယူသည် အခိုင်အမြိုင်။
လုံမကို ယူသည် အချိုင် အပြိုင်။
ဧရာမြစ်မင်း – ကွင်းလော့ ရှင်းလော့
လက်ပံတောင်းတောင် – ရှောင်လော့ ရှားလော့
‘မောင်ပိုင်’ စီးတာ – မစီးစေရ
‘မယ်ပိုင်’ လှီးတာ – မလှီးစေရ
လည်မျိုနင်းကာ – မနင်းစေရ
ဧရာမြစ်ရေ – မနောက်စေရ၊ ကာကွယ်ကြ။
သံလွင်မြစ်ရေ – မတန့်စေရ၊ ကာကွယ်ကြ။
ကျွန်းပျို ကျွန်းငုတ် မနှုတ်စေရ၊ ကာကွယ်ကြ။
တရုတ်ပြေးမင်း နှစ်မင်း မဖြစ်အောင်
နောင်လာ နောက်သား၊ ဗမာသားတွေ
“လား” နှင့် ပြေးခုန်၊ ဒဂုန်ကို ဆုတ်
ရေသမုဒ်မှာ -
တရုတ်ပြေးမင်း၊ နောက်တမင်း ဟု
ပြေးမင်းတမျိုး၊ မော်ကွန်းထိုးလို့
သောက်ကျိုး မနည်းကြစေသတည်း။     
မောင်စွမ်းရည်၊ ၁၂၊ ၁၂၊ ၁၂၊ နယူးယောက်

ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ

လူတွေကဂယောက်ဂယက်
ခေတ်ကလည်းကသောင်းကနင်း
သိကြားလည်းအိုးနင်းခွက်နင်း
ဘယ်ဒင်းကို ဝရဇိန်နဲ့ခွင်းနှိမ်နှင်းရပါ့
ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ။
သိကြားနဲ့ အသူရာ
ဘောက်ကျကာစစ်ခင်း
ယောက္ခမနဲ့ သားမက် ချင်းဆိုတော့
ပျင်းယင်တိုက် ပျော်ယင်တိုက်
ပမ်းတော့နားနေ သူရာနဲ့ဖြေ
နတ်ကျောမွဲတွေသေတာကတော့ ကမ္မသကာပဲလေ။
ခုလဲလေ တန်ဆောင်တိုင်ညမှာ
သံဃာကိုမီးလောင်ဗုံး ပူဇော်ခဲ့သူတွေက
မနောမြေမှာ အမြောက်သံ သေနတ်သံတွေနဲ့
သွေးညှီနံ့လူးလို့ ခရစ္စမတ်ပွဲတော်ကိုဆင်နွဲနေတဲ့
ရွှေမြေကလည်း နတ်ဒေဝါတို့ပွဲလိုပါ့
စစ်မင်း စစ်ကဲတို့ နှစ်ဖက်ညီ

ငြိမ်းရေးတေးသံကို သံပြိုင်ကျူးယင်း
မဲဆောက်ကလူ ရန်ကုန်ရောက်
ရန်ကုန်ကလူ မဲဆောက်ရောက်
ရွှေလမ်းငွေလမ်းတွေဖောက်နေလိုက်ကြတာ
နတ်ပြည်ခွေးလမ်းပေါက်သလိုပါဘဲလား။
လူတွေကဂယောက်ဂယက်
ခေတ်ကလည်းကသောင်းကနင်း
သိကြားလည်းအိုးနင်းခွက်နင်း
ဘယ်ဒင်းကို ဝရဇိန်နဲ့ခွင်းနှိမ်နှင်းရပါ့
ဇဝေနဲ့ဇဝါ သနားစရာ့နတ်ဒေဝါ။

ရဲဘော်ကျော်သန်း

ဂျုလိုင်သို့မဟုတ် စက်တင်ဘာအမှတ်တရ

အမှောင်အမည်း ပြောင်းပြောင်းလဲလိုက်တဲ့ 
အာဏာရှင်
ပြည်သူမှာတော့ ဟောဟဲဟောဟဲနဲ့
ငရုတ်ပင်တောင် ရေမလောင်းနိုင်တဲ့
ငါတို့တိုင်းပြည် ရွှေဂတ်စစ်ကတော့
တရုတ်ပြည်
ကိုရီးယားပြည် နှစ်ခြမ်းခွဲတာ
ဘယ်သူလဲဟဲ့
ငါတို့တိုင်းပြည် ငါတို့လူမျိုး
တောင်မြန်မာ မြောက်မြန်မာ
နှစ်ခြမ်းခွဲအောင်လုပ်တာ ဘယ်သူထင်လဲ
ငါ့အထင် ငါ့အတွေး ငါ့အမြင်
သန်းရွှေအစ သမ္မတအဆုံး
မယားအကြွေး သားအကြွေးနှင့်
စပ်လိုမကုန် တရုတ်မြုံကြီး ဖြစ်နေပြီဟေ့
ရွှေထီးရွှေနန်း ရွှေမြန်မာနန်းကြီး
ပြောက်လူနည်းဝယ် နှစ်ပေါင်းသုံးဆယ်
တရုတ်နန်းစံ ကျွန်မြန်မာဖြစ်
အောင်ဆန်းလုပ်သမျှ တရုတ်အပ်ခဲ့
အာဏာရှင်အုပ်စုကို အချိန်မရွေးနဲ့
လုံ့လဝိရီယ အားစိုက်ကြ၍
မောင်းထုတ်ရမည် ငါတို့တာဝန်
ကမ္ဘာမကြေဘူး အော်နေလည်းမထူး
နှစ်ပေါင်းနှစ်ဆယ် ကျော်ခဲ့ပြီကွယ်
လာဟေ့ လာဟေ့ ငါတို့လူငယ်
ဝိရိယစိုက်ထုတ် အာဏာရှင်အုပ်စု
စစ်ခုံရုံးတင်ရမည် ငါတို့တာဝန် ကြေရမည်။


ရွှေဝါရောင်အရှင်နန္ဒာစရိယ
ဂျုလိုင် (၁၉) ၂၀၁၂။

မာန်

ဒေါင်းနွယ်ဆွေ

အပွင့်ကိုခူး
အဖူး ငါ့မှာ ကျန်သေးတယ် …

အဖူးကို ဖျက်
အခက် ငါ့မှာ ကျန်သေးတယ် …

အခက်ကို ချိုး
အရိုး ငါ့မှာ ကျန်သေးတယ် …

အရိုးကို နှုတ်
အငုတ် ငါ့မှာ ကျန်သေးတယ် …

အငုတ်ကိုပယ်ရွေ့
မျိုးစေ့ ငါ့မှာ ကျန်သေးတယ် …

မနက်ဖြန်ဆို ငါပင်ပျိုသည်
ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့်
ခက်လက်ဝေဆာ မြေကမ္ဘာမှာ
သာယာဝင့်လန်း မေတ္တာဖျန်းပြီး
ငါ့လမ်း ငါလျှောက်နေဦးမယ် … ။


ဒေါင်းနွယ်ဆွေ

သိစေ

မြန်မာနိုင်ငံသားများ

အကြံမမှား ၊ ရန်မပွားချင်
အမှန်တရားက ငါတို့လက်တွင် ...
မမှန်မော်ကြွား ၊ ရန်စော်ကားလျှင်
တရားလက်တွင် ဓါးနှင့်ယှဉ်မည် ...

ငါတို့သည်
တရားလည်းဆောင်
ဓါးလည်း ပြောင်၏ ...

ငါတို့သည်
တရားလည်းမွေး
ဓါးလည်း သွေး၏ ...

တရားတစ်ဖက် ဓါးတစ်လက်နှင့်
မှားကွက်ဖွေရှာ သင် ငါတို့အား
မတန်တရာ ရန်မစွာနှင့် ...

တရားလည်းသိ ဓါးလည်းရှိသည့်
ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏ ...

မြန်မာနိုင်ငံသားများ
၈ - ၆ - ၂၀၁၂။