ဒီမေးခွန်းများကို သမတသစ်ကြီး ဖြေဆိုနိုင်ပါသလား

ဒီနေ့လည်း မျှော်လင့်ချက်များစွာနဲ့ သူတွေ မိုးတွေသည်းသည်းမည်းမည်း ရွာနေတဲ့ ကြားက အင်းစိန်ထောင်ရှေ့ကို မနက် ၉နာရီ ၀န်းကျင်လောက်ကတည်းက ရောက်နေကြပါတယ်။ သူတို့တွေ အားလုံးမှာ မျှော်လင့်ချက်တွေနဲ့... အင်းစိန်ထောင် အနီးပတ်ဝန်းကျင်မှာလည်း လှုပ်လှုပ် ခတ်ခတ်နဲ့ သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးတွေကို မမှုကြတော့ဘူးတဲ့လေ။

ကျမ ကြားဖူး ဖတ်ခဲ့ဖူးတာကတော့ အစိုးရသစ်တက်တိုင်း ငြိမ်းချမ်းရေးအတွက် လွတ်ငြိမ်း ချမ်းသာခွင့်ကို မဖြစ်မနေ ပေးကြတယ်။ ပေးတဲ့ အခါမှာလည်း အားလုံးကို မျှမျှတတ ဖြစ်အောင် ပေးရတယ်၊ ၀န်ကြီးချုပ်ဦးနု အပေါ်မှာတောင် ကလိမ်ကျပြီး နိုင်ငံတော် အာဏာ ယူခဲ့တဲ့ ဗိုလ်နေ၀င်း အစိုးရလက်ထက်မှာတောင် ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုကို လိုချင်လို့ ပေးခဲ့တယ်လို့ ဖတ်ခဲ့ မှတ်ခဲ့ရဘူးတယ်၊ အတွေးတွေ အများကြီး ဆက်သွားမိတာပါပဲ။ ဘာပဲဖြစ်ဖြစ် လူတွေရဲ့ မျှော်လင့်ချက်၊ ဆန္ဒတွေကို ရိုက်ချိုးခံလိုက်ရရင် လူတွေဘယ်လို တုန့်ပြန် တတ်သလဲ။

သမတကြီးရဲ့ မိန့်ခွန်းကို ဖတ်ရတုန်းကတော့ မဆိုးဘူး၊ သမတကောင်းကြီး ဖြစ်နိုင်မလား ဆိုပြီး မရဲတရဲ မျှော်လင့်မိတဲ့ ပြည်သူတွေ၊ သတင်းသမားတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ရှိပါတယ်။ သမတကြီးကိုသာ တိုက်ရိုက် မေးမြန်းခွင့် ရရင်တော့ မေးချင်ပါတယ်။ သမတကြီး ဦးသိန်းစိန်ကော... ငြိမ်းချမ်းရေးကို မလိုလားဘူးလား။

ပြည်သူလူထုရဲ့ ယုံကြည်၊ လေးစားမှုကိုကော မလိုချင်ဘူးလား။ မတ်လ ၃၀ ရက်နေ့တုန်းက ပြည်ထောင်စု လွှတ်တော်မှ ပြောခဲ့တဲ့ မိန့်ခွန်းကို ဘယ်သူ ရေးခဲ့တာလဲ။ ဘ၀မှာ အပြောတခြား အလုပ်တခြား လုပ်ခဲ့ဖူးသလား။ ပြည်သူလူထု ဆိုတာကို ဘယ်လို မြင်ပါသလဲ။ သမတကောင်း ဆိုတာကိုကော ဘယ်လိုနားလည် လက်ခံထားသလဲ၊ သမတကြီးက ဘယ်လို သမတမျိုး၊ ဘယ်လို ခေါင်းဆောင်မျိုးကို အားကျခဲ့တာလဲ၊ ဆိုပြီး အဲဒီမေးခွန်းတွေကိုတော့ မေးဖြစ်အောင် မေးလိုက်ချင်ပါသေးတယ်။

မေသင်္ကြန်ဟိန်း

No comments: