Showing posts with label KIA. Show all posts
Showing posts with label KIA. Show all posts

ဖားကန့် ကျောက်စိမ်းမှော်တွင် သာမန်ပြည်သူများ ၀မ်းစာရှာရန် ခက်ခဲလာ


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများတွင် အစိုးရစစ်တပ်များသာ နေရာယူ အခြေ ချ ထားလိုက်ခြင်းကြောင့် ဖားကန့်ပြည်သူများအတွက် တနိုင်တပိုင်ဝမ်းရေး ရှာဖွေစားသောက်ရန် အခက်အခဲဖြစ်လာကြောင်း ဖား ကန့်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင်း အစိုးရစစ်တပ်မှ အင်အားတိုးချ လာသောကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် တိုက်ပွဲ ဖြစ်ကာ KIA ဖက်မှ နောက်ဆုတ်ထားလိုက်ချိန်မှစ၍ ကျောက်စိမ်းတူးဖော်ရေးနယ်မြေများတွင် အစိုးရကုမ္ပဏီများ နေရာယူလာခြင်း ဖြစ်သည်ဟု သိရသည်။