Showing posts with label အိန္ဒိယသတင်း. Show all posts
Showing posts with label အိန္ဒိယသတင်း. Show all posts

Two Myanmarese, three others held for drug trade


New Delhi, April 4 (IANS) Five people, including two Myanmarese nationals and a former Assam Rifles officer, have been arrested for smuggling pseudoephedrine tablets of worth Rs.15 crore to northeastern states of India and Myanmar, police said Thursday.
"Zel Khan Mong and Dongh Lian Kham, native of Burma, Lianza Daula and C. Zoram Thanga of Mizoram and Vikas Bathla of Delhi were held with 140 kg of loose pseudoephedrine tablets and 50 kilogram of pseudoephedrine powder," said Additional commissioner of Police Ravindra Singh Yadav.
Yadav said these tablets were in high demand in the international market and used for preparing other party drugs - ecstasy and ice.
On March 19, police arrested Thanga and his three associates near Peeragarhi flyover in west Delhi. On checking their vehicle, police recovered 10 boxes containing white tablets, while five boxes containing white powder weighting 100 kilogram.

အိန္ဒိယ သံချပ်ထွက်ပြီ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ စီစဉ်တဲ့ သံချပ်သီချင်းတွေ သင်္ကြန်အမှီ ထွက်လာပါပြီ။ ဒီနှစ် သံချပ်သီချင်းတွေကို “ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့” လို့ အမည်ပေးထားပါတယ်။ 



အိန္ဒိယရောက် မြန်မာတွေရဲ့ ၁၅ ကြိမ်မြောက် သင်္ကြန်သံချပ်သီချင်းတွေဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှ မြန်မာ နိုင်ငံရဲ့ အခြေအနေ၊ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ ခံစားမှုတွေ၊ လွှတ်တော် ပေါ်ထွက်လာပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ မြန်မာ့ နိုင်ငံရေးတွေကို သရော်ရေးဖွဲ့ထားတာကို နားဆင်ရမှာပါ။

အသံထက်မြန်သော ရေအောက်ပစ်ဒုံးကျည် အိန္ဒိယအောင်မြင်


အိန္ဒိယနိုင်ငံ ဘင်္ဂလားပင်လယ်အော်အတွင်းတွင် မတ်လ ၂၀ ရက်နေ့က ဘရာမိုးဟု အမည်ပေးထားသော အသံထက်မြန်သည့် ရေအောက်ပစ် ဒုံးလက်နက်ကို အောင်မြင် စွာ စမ်းသပ် ပြစ်လွှတ် နိုင်ခဲ့ကြောင်း သိရသည်။ အန်ဒရာ ပ ရာဒေ့ရှ် ပြည်နယ်၏ တောင်ပိုင်းရှိ ဝိသာခ ပတ္တနမ်မြို့၏ ကမ်း လွန် ပင်လယ်ပြင်အတွင်း အဆိုပါနေ့က အသံထက်မြန် သော ဒုံးလက်နက်ကို ရေငုပ် သင်္ဘောမှ စမ်းသပ် ပစ်လွှတ် ကြည့်ရာ တွင် ကီလိုမီနာ ၂၉၀ ကျော်ထိ ရောက်အောင် ပစ် ခတ်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ အသံထက် မြန်သော ဒုံး လက်နက်သည် ကမ္ဘာပေါ်ရှိ ရေငုပ် သင်္ဘောချင်း ပစ်ခတ်သော ဒုံးလက်နက် များအနက် ပထမဆုံး ဖြစ်သည်ဟု သိရသည်။ အိန္ဒိယ နိုင်ငံသည် ရေ တပ်နှင့် ကြည်းတပ် အတွက် ဒုံးလက်နက် မျိုးစုံကို အောင် မြင်စွာ စမ်းသပ်တီထွင် နိုင်သော နိုင်ငံတစ်နိုင်ငံ လည်းဖြစ် သည်။
ဘရာမိုး ဒုံးကျည်ကို ယခုအခါ အိန္ဒိယ ရေငုပ်သင်္ဘော များတွင် တပ်ဆင် အသုံးပြုရန် အသင့်ဖြစ် နေပြီဟု သိရသည်။ ယင်းဒုံးကျဉ်း များသည် ရေငုပ်တွင် ပစ်ဖတ် နိုင်သလို ရေပေါ်သို့လည်း ပစ်ခတ်နိုင်သော ကမ္ဘာ့စွမ်းအင် အမြင့်ဆုံး လက်နက်တစ်ခု ဖြစ်သည်ဟု လည်းသိရသည်။ အိန္ဒိယနိုင်ငံသည် လာမည့် ၂၀၁၂ ခုနှစ်တွင် အဆိုပါ အသံထက်မြန်သော ဒုံးလက်နက်ထက် ပိုမိုပြင်းထန် သော ဒုံးလက်နက် ဆန်းကို တီထွင် နိုင်ဦးမည်ဟု သိရသည်။ 
            
မောင်လင်းသန့် 

အန်နာဟာဇာရီကာ၏ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး အကြမ်းမဖက်တိုက်ပွဲ အောင်မြင်၊ အစာငတ်ခံ ဆန္ဒပြမှုအဆုံးသတ်

အကျင့်ပျက်ချစားမှု ထူပြောလှတဲ့ အိန္ဒိယအုပ် ချုပ်ရေး ယန္တရားကြီးကို တိုက်ဖျက်ရန် အစာ ငတ်ခံ တိုက်ပွဲဝင်ခဲ့သည့် ဂန္ဒီဝါဒီ အန်နာဟာဇာ ရီကာ အောင်ပွဲခံ၍ အစာငတ်ခံ ဆန္ဒပြမှုကို ယနေ့ ၁၀ နာရီ ၂၀ တွင် အဆုံးသတ်လိုက် သည်။ အသက် ၇၄ နှစ်ရှိ အန်နာသည် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ဥပဒေအား အိန္ဒိယပါလီမန်မှ အမြန်ဆုံး အတည်ပြုပေးရန် သြဂုတ်လ (၁၆) ရက်နေ့မှ စတင်၍ အစာငတ်ခံ တိုက်ပွဲဆင်ခဲ့ရာ နောက်ဆုံး နာရီပေါင်း ၂၈၈ အကြာတွင် အစိုးရမှ ၎င်း၏တောင်းဆိုချက်ကို သဘောတူ လိုက်လျောခဲ့သဖြင့် တိုက်ပွဲကို အဆုံးသတ် ခဲ့သည်။ အထက်တန်းကျောင်းမှ ကျောင်းထုတ်ခံခဲ့ရပြီး ၁၉၆၂ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲတွင် ပါဝင်ခဲ့သည့် ဂန္ဒီဝါဒီ စစ်သားဟောင်းတဦး၏ တန်ခိုးအာဏာကြီးလှသည့် အုပ်ချုပ်ရေးအာဏာပိုင်များ အပေါ် အောင်ပွဲခံခဲ့သည့် စစ်ပွဲတခုဖြစ်သည်။ အိန္ဒိယ ပါလီမန်က ဂျန်လော့ပါးခေါ် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ဥပဒေအား အတည်ပြုရန် အနှစ် ၄၀ ကျော် ရွေ့ဆိုင်း အချိန်ဆွဲရာမှ အန်နာ၏ တိုက်ပွဲကြောင့် ယခုကဲ့သို့ အဆုံးသတ်သွားခဲ့ခြင်းဖြစ်သည်။ 

အိန္ဒိယ၏ ပျောက်ဆုံးနေသော သမီးများ

အိန္ဒိယ၏ ၂၀၁၁ သန်းခေါင်းစာရင်းအရ အသက် ၆ နှစ်အောက် ကလေးသူငယ်များတွင် ကျားမ အချိုးအစား ကွာခြားမှုသည် စိုးရိမ်စရာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့ရသည်။ ၎င်းမှာ သန္ဓေသားလောင်းများ မမွေးဖွားမီ ကြိုတင်စစ်ဆေးသည့် နည်းပညာများ ယန္တယားများ တိုးတက်လာခြင်းနှင့် မိဘများက မိန်းကလေး သန္ဓေသားလောင်းများကို ရွေးချယ် ဖျက်ဆီးသည့် အကျိုးဆက်ဖြစ်သည်မှာ ငြင်းပယ်မရသည့် အချက်ဖြစ်သည်။ သုတေသန စာတမ်းတခု အရ အိန္ဒိယသည် မမွေးဖွားမီ ပျောက်ဆုံးနေသော အမျိုးသမီးများ တနေ့တခြား များပြားလာသည့် အခြေအနေဖြစ်သည်။ အိန္ဒိယ လူ့အဖွဲ့အစည်း၏ မိသားစု ပုံစံများလည်း ပြောင်းလဲသွားခဲ့ရသည်။

အစစ အရာရာ အမျိုးသားများ ကြီးစိုးသည့် ယဉ်ကျေးမှု အခြေခံ အိန္ဒိယတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ နယ်ပယ်အသီးသီး၌ ဆိုးဆိုးဝါးဝါး နိမ့်ကျနေဆဲ ဖြစ်သည်။ ဘာသာရေးအရလည်း သားယောက်ျားအား တန်ဘိုးထားလိမ့်ရှိသည်။ ထို့ကြောင့် မိဘများက တိုးတက်လာသည့် ခေတ်မီ နည်းပညာများကို အသုံးချ၍ သမီးမိန်းကလေး သန္ဓေသားလောင်းများကို ဖျက်ဆီးကြသည်။ ထို့ကြောင့် ၂၀၁၁ သန်းခေါင်းစာရင်းအရ ကျားမ အခြိုးအစားမှာ ယောက်ျား တထောင် (၁၀၀၀) တွင် အမျိုးသမီး ကိုးရာလေးဆယ် (၉၄၀) ခန့်သာရှိသည်။ မိဘအများစုက ပထမ သမီးမိန်းကလေး ရှိပြီးပါက ဒုတိယ သန္ဓေသားလောင်းသည် မိန်းကလေး ဖြစ်နေပါက ဖျက်ဆီးသည့်နှုန်းမှာ အလွန်မြင့်မားသည်။ မိသားစုများတွင် ဒုတိယ သားသမီး နေရာ၌ ကျားမ အချိုးအစားမှာ ယောက်ျား ၁၀၀၀ တွင် မိန်းမ ၈၃၆ ဦးသာ ရှိသည်။ သို့သော် ဆက်နွယ် အကျိုးရလာဘ်ကောင်း တခုမှာ အမျိုးသမီးများ၏ ပညာရေး အဆင့်အတန်း မြင့်မားလာခြင်းဖြစ်သည်။ ထုံးစံအရ မိဘအများစု သားယောက်ျား များ၏ အရေးကိုသာ ဦးစားပေးလေ့ရှိပြီး သမီးမိန်းကလေးများ၏ အရေးကို ဒုတိယတန်းအဖြစ်သာ ထားလေ့ ရှိခြင်းကြောင့် အမျိုးသမီးများ၏ ပညာရေး အဆင့်အတန်းမှာလည်း နိမ့်ကျခဲ့သည်။

အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲ အတိုက်အခံများ အနိုင်ရ

အိန္ဒိယနိုင်ငံတွင် ပြည်နယ်ငါးခု၌ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများကို ပြီးခဲ့သည့် ဧပြီလက ကျင်းပခဲ့ရာ မဲရေတွက်မှုများ မနေ့က ပြီးဆုံးသွားပြီဖြစ်သည်။ ပြုလုပ်ခဲ့သည့် ပြည်နယ်များမှာ ဗမာပြည် အိမ်နီးခြင်း အာသံ ပြည်နယ်၊ အနောက်ဘင်္ဂလားပြည်နယ်၊ တမီနာဒူပြည်နယ်နှင့် တောင်ဘက်စွန်းရှိ ကယ်ရာလာပြည်နယ်တို့ ဖြစ်ကြသည်။ ရေတွက်ပြီးစီးမှုအရ အာသံပြည်နယ်တွင် လက်ရှိအာဏာရ ကွန်ဂရက်ပါတီအစိုးရ ဆက်လက် အနိုင်ရရှိခဲ့ပြီး ကျန်ပြည်နယ်များတွင် အတိုက်အခံပါတီများက အကြီးအကျယ် အောင်ပွဲခံ အနိုင်ရရှိခဲ့ကြသည်။ အနောက်ဘင်္ဂလားပြည်နယ်၌ ၁၉၇၇ ခုနှစ်မှ စတင်ကာ ၇ ကြိမ်ဆက်တိုက် မဲနိုင်အာဏာရရှိခဲ့သည့် ကွန်မြူနစ် တပ်ပေါင်းစုအစိုးရ အပြတ်အသတ် ရှုံးနိမ့် ပြုတ်ကျသွားခဲ့သည်။ အနိုင်ရရှိခဲ့သည့် တြိနမောကွန်ဂရက်ပါတီ ခေါင်းဆောင် အမျိုးသမီး မန်တာဘာနာဂျီ (Ms Mamta Bernerjee) က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လာမည့် ၁၈ ရက်နေ့တွင် ကျမ်းကျိန် အာဏာလွဲပြောင်း ရယူမည်ဖြစ်သည်။ တမီနာဒူပြည်နယ်၌လည်း အိန္ဒိယပြည်လုံးဆိုင်ရာ  အတိုက်အခံပါတီခေါင်းဆောင် အမျိုးသမီး ဂျယာလာလီသာ (Ms Jayalalitha) က လက်ရှိ အာဏာရအစိုးရအပေါ် အပြတ်အသတ် အောင်ပွဲခံခဲ့သည်။