အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲ အတိုက်အခံများ အနိုင်ရ

အိန္ဒိယနိုင်ငံတွင် ပြည်နယ်ငါးခု၌ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများကို ပြီးခဲ့သည့် ဧပြီလက ကျင်းပခဲ့ရာ မဲရေတွက်မှုများ မနေ့က ပြီးဆုံးသွားပြီဖြစ်သည်။ ပြုလုပ်ခဲ့သည့် ပြည်နယ်များမှာ ဗမာပြည် အိမ်နီးခြင်း အာသံ ပြည်နယ်၊ အနောက်ဘင်္ဂလားပြည်နယ်၊ တမီနာဒူပြည်နယ်နှင့် တောင်ဘက်စွန်းရှိ ကယ်ရာလာပြည်နယ်တို့ ဖြစ်ကြသည်။ ရေတွက်ပြီးစီးမှုအရ အာသံပြည်နယ်တွင် လက်ရှိအာဏာရ ကွန်ဂရက်ပါတီအစိုးရ ဆက်လက် အနိုင်ရရှိခဲ့ပြီး ကျန်ပြည်နယ်များတွင် အတိုက်အခံပါတီများက အကြီးအကျယ် အောင်ပွဲခံ အနိုင်ရရှိခဲ့ကြသည်။ အနောက်ဘင်္ဂလားပြည်နယ်၌ ၁၉၇၇ ခုနှစ်မှ စတင်ကာ ၇ ကြိမ်ဆက်တိုက် မဲနိုင်အာဏာရရှိခဲ့သည့် ကွန်မြူနစ် တပ်ပေါင်းစုအစိုးရ အပြတ်အသတ် ရှုံးနိမ့် ပြုတ်ကျသွားခဲ့သည်။ အနိုင်ရရှိခဲ့သည့် တြိနမောကွန်ဂရက်ပါတီ ခေါင်းဆောင် အမျိုးသမီး မန်တာဘာနာဂျီ (Ms Mamta Bernerjee) က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လာမည့် ၁၈ ရက်နေ့တွင် ကျမ်းကျိန် အာဏာလွဲပြောင်း ရယူမည်ဖြစ်သည်။ တမီနာဒူပြည်နယ်၌လည်း အိန္ဒိယပြည်လုံးဆိုင်ရာ  အတိုက်အခံပါတီခေါင်းဆောင် အမျိုးသမီး ဂျယာလာလီသာ (Ms Jayalalitha) က လက်ရှိ အာဏာရအစိုးရအပေါ် အပြတ်အသတ် အောင်ပွဲခံခဲ့သည်။

လာလီသာသည် လာမည့် တနင်္ဂနွေနေ့၌ ကျမ်းသစ္စာ ကျိန်ဆိုကာ အာဏာလွှဲပြောင်း ရယူမည်ဖြစ်သည်။ ၎င်းနှင့် အိမ်နီးခြင်း ကယ်ရာလာပြည်နယ်၌မှု အတိုက်အခံများက အာဏာရ လက်ဝဲတပ်ပေါင်းစုအစိုးရအား ပွတ်ကာ သီကာဖြင့် အနိုင်ရရှိသွားခဲ့သည်။ အမတ်နေရာ (၁၄၀) ရှိသည့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲတွင် အတိုက်အခံ ညီညွတ်သောဒီမိုကရေစီတပ်ပေါင်းစုက (၇၂) နေရာတွင် အနိုင်ရရှိခဲ့ပြီး လက်ဝဲဒီမိုကရက်တစ်တဦးက (၆၈) နေရာတွင် အနိုင်ရရှိခဲ့သည့်။ ရွေးကောက်ပွဲ ရလာဒ်များ ထွက်ပေါ်လာခြင်း၌ပင် လက်ဝဲဒီမိုကရက်တစ်တပ်ဦး ခေါင်းဆောင် ပြည်နယ်ဝန်ကြီးချုပ်က အစိုးရနှုတ်ထွက်ကြောင်း နှုတ်ထွက်စာကို ဘုရင်ခံထံသို့ ချက်ချင်းတင်သွင်း ခဲ့သည်။ အလားတူပင် ပြည်နယ်လေးတခုဖြစ်သည့် ပေါ်တူဂီကိုလိုနီဟောင်း ဂိုအာ၌လည်း အတိုက်အခံများပင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ယခုအခါ အိန္ဒိယ၏ အဓိကပြည်နယ်ကြီးများဖြစ်သည့် ဥူတာပရာဒေ့ရှ်ပြည်နယ်၊ အနောက်ဘင်္ဂလားပြည်နယ်၊ တမီနာဒူပြည်နယ်များတွင် သီးခြားပါတီများကို ကိုယ်စားပြုသည့် အမျိုးသမီးပြည်နယ် ဝန်ကြီးချုပ်များက ထိန်းချုပ်အုပ်ချုပ်သွားမည်ဖြစ်သည်။ အိန္ဒိယပြည်၌ ဗဟိုအစိုးရ ဖွဲ့စည်းရေးတွင် ၎င်းပြည်နယ် များ၌ မဲရရှိမှုက အဆုံးအဖြတ်ပေးလိမ့်ရှိကြောင်း စိတ်ဝင်စားဖွယ်ရာ တွေ့ရှိရသည်။

No comments: