မြန်မာနိုင်ငံတွင် သတ္တသင်္ဂါယနာတင်မည်ဟု ဦးခင်ရွှေပြော

မြန်မာနိုင်ငံတွင် သတ္တသင်္ဂါယနာတင်မည်ဟု ဦးခင်ရွှေမှ ပြောကြားကြောင်း ရိုးရာလေး အွန်လိုင်းသတင်း ဝက်ဘ်ဆိုက် တခုတွင် တွေ့ရှိရသည်။ သင်္ဂါယနာဟူသည်  အဘယ်နည်း၊ ဦးခင်ရွှေသည် ဓမ္မဝါဒီလော၊ အဓမ္မဝါဒီလော။ ဦးခင်ရွှေသည် ယနေ့အထိ ရဟန်းသံဃာနှင့် ပြည်သူအများကို သတ်ဖြတ်နှိပ်စက် လျှက်ရှိသော စစ်အုပ်စု အဓမ္မဝါဒီများအား အလုပ်အကျွေးပြုလျက်ရှိပြီး ရှေးဟောင်း အမွေအနှစ်တို့ကိုလည်း ဖျက်ဆီး နေသူဖြစ်သည်။ ထိုသူ၏ ပါးစပ်မှထွက်သော သင်္ဂါယနာဟူသည့် စကားမှာ ဖိနပ်ကြားမှ နတ်စကားထွက်ခြင်း ဟူသည့် စကားပုံနှင့် တူနေပေတော့သည်။ မတန်မရာ ထိုသို့သော စကားကို ပြောဆိုနေကြ သူများမှာ ငါးပါးသီလမျှပင် မလုံခြုံသည့် ပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် အနာဂါတ်တွင် သာသနာတော်သည် ပြန့်ပွားထွန်းကား မလာဘဲ ယုတ်လျှော ပျက်သုဉ်းဖို့သာ ရှိတော့ကြောင်း စကားပလ္လင်ခံလိုက်ရပေသည်။ (သတင်းကို အောက်တွင် ဆက်လက်ရှုပါ)

 မန်မာ နိုင်ငံတွင် သတ္တသင်္ဂါယနာ ဆက်လက် တင်နိုင်ရန် ဆောင်ရွက် သွားမည်

သာသနာ ၂၅၀ဝ ကျော်ပြီ ဖြစ်သည့် အတွက် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ သုံးမျိုး စလုံးအား သတ္တသင်္ဂါယနာ တင်နိုင်ရန် ကျပ်သိန်းပေါင်း ၅၀ဝ၀ဝ အကုန် အကျခံလှူဒါန်း မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နယ်စပ်နှင့် တောင်တန်းဒေသ ထေရဝါဒဗုဒ္ဓဘာသာ သာသနာနုဂ္ဂဟ အသင်းကြီး ဥက္ကဋ္ဌ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင်ဦးခင်ရွှေက ပြောသည်။ မြန်မာနိုင်ငံ တွင် ဆဋ္ဌသင်္ဂါယနာအထိသာ ကမ္ဘာအေးစေတီတွင် သင်္ဂါယနာတင်ခဲ့ပြီး နောက်ပိုင်း၌ ထပ်မံပြုလုပ်ခြင်းမရှိကြောင်း သိရသည်။

“ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီးနဲ့တွေ့တဲ့အချိန်မှာ မိန့်ကြား သွားတာကို မှတ်မိပါတယ်။ သာသနာ ၂၅၀ဝကျော်လာပြီဖြစ်တဲ့ အတွက်ကြောင့် “ငါတို့ သတ္တသင်္ဂါယနာ တင်ရတော့မယ်၊ အရင်တုန်းက ဆဋ္ဌသင်္ဂါ ယနာ ကမ္ဘာအေးမှာတင်သွားတဲ့အထိသာ ဓမ္မသင်္ဂါယနာတစ်ခုပဲ တင်နိုင် တယ်”။ သာသနာ ၂၅၀ဝ ကျော်ပြီဖြစ်တဲ့ အတွက်ကြောင့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာသုံး မျိုးစလုံးဖြစ်လာပါပြီလို့ ဆရာတော်ကြီးက အမိန့်ရှိပါတယ်။ ဆရာတော်က ဗုဒ္ဓသင်္ဂါယနာတင်ဖို့ဆိုတာ အခက်ဆုံးပဲ၊ တို့ အခုလုပ်နေတာတွေက ဗုဒ္ဓ သင်္ဂါယနာ တင်နေတာပဲ။ ရွှေတိဂုံဘုရားကြီးကိုလည်း ရွှေအပြည့် လှူဒါန်းပြီး သားဖြစ်ပါတယ်။ ကျိုက်ထီးရိုးဘုရားကြီးလည်း ရွှေငါးပိဿာတင်ပြီးတော့ ထီးတော်တင်ပြီးဖြစ်ပါတယ်။

ကျိုက်ထီးဆောင်း ဘုရားကြီးလည်း ရွှေ ၃၆ ပိဿာလှူပြီးတော့ ထီးတော်တင်ပြီးဖြစ်ပါတယ်။ ရှိသမျှ ဘုရားတွေအကုန် လုံး ထီးတော်တင်ပြီးဖြစ်တဲ့ အတွက်ကြောင့် ဆရာတော်ဘုရား ကြီးရဲ့ အမိန့် အရဆိုရင် ဗုဒ္ဓသင်္ဂါယနာတင်ပြီး သလောက်ဖြစ်ပါတယ်။ ဒုတိယအကြိမ် အနေနဲ့ ဓမ္မသင်္ဂါယနာ၊ သင်္ဂါယနာထပ်တင်ဖို့ အတွက်ကိုလည်း နိုင်ငံတော်ကို တင်ပြထားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။ ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် ခုနစ်သိန်း ကျော်ရှိနေပြီဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုနစ်သန်းနီးပါး ရှိနေပြီဖြစ်ကြောင်း၊ မကြာမီ ၁၀ သန်းအထိ တိုးပွားလာမည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။

ထိုက်ထိုက်၊မီမီခိုင်

No comments: