မြန်မာနိုင်ငံ မူဆလင်အမတ်များကို မြန်မာနိုင်ငံသားအဖြစ် လုပ်ဆောင်သွားမည်ဟုပြောဆို

စစ်အုပ်စု ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တရားမ၀င် အသက်သွင်း သည့်၊ ၂၀၁၀ ရွေးကောက်ပွဲသို့ လာဒ်ထိုးပြီး ရလာသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မောင်တောမြို့ အမတ် ဇော်ကိရ် အာဟာမတ် (အောင်ဇော်ဝင်း) မူဆလင်များအား မြန်မာနိုင်ငံသား အဖြစ် တရားဝင် တစိုက်မတ်မတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇား မြို့ အင်္ဂါနေ့ထုတ် DAINIK COX’S BAZAR သတင်းစာတွင် ဖေါ်ပြထားသည်။ 

မူဆလင်များကို မြန်မာနိုင်ငံသားများအဖြစ် တရားဝင် ပြုလုပ်မည့်အကြောင်းကို ၎င်းရန်ကုန်မှ မောင်တောသို့ ဧပြီလ (၂၉)ရက်နေ့က ရောက်လာချိန်တွင် မူဆလင်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် များမကြာမီ မူဆလင်များအား နိုင်ငံသားကပ် တရားဝင် ပေးရန် စစ်အုပ်စုမှ သူ့အား တာဝန်ပေးအပ်လာမည်ဖြစ်ကြောင်း ဆိုသည်။  

၎င်းပြောကြားခဲ့ရာတွင် “ကျွန်ုပ်တို့မူဆလင်များ အနေဖြင့် မြန်မာနိုင်ငံသား တရားဝင် ဖြစ်လာလျှင် လူ့အခွင့်အရေး၊ တန်းတူရေးနှင့် တရားမျှတမှုများ အပြည့်အ၀ရှိလာမည့်အပြင် ကိုယ်ပိုင်အုပ်ချုပ် ပြန်ဌာန်းပိုင်ခွင့်များလည်း အလိုအလျှောက် ရရှိလာမည်ဖြစ်ကြောင်းနှင့် မူဆလင် အကျိုးစီးပွားအတွက် ပိုမိုပြီး လိုအင်ဆန္ဒများ ပြည့်ဝလာမည်ဖြစ်ကြောင်း၊ ဘင်္ဂလာ ဒေ့ခ်ျစီးပွားရေးသမားများ အနေဖြင့် လွတ် လပ်စွာ သွားလာလှုပ်ရှာ စီးပွားရေးလုပ် နိုင်ကြောင်းနှင့် မူဆလင်များ ပညာရေး၊ ဘာသာရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်များပါ မူဆလင် များမှာ တာဝန်မကင်းကြောင်း။”ဟု ပြောကြားခဲ့ကြောင်း မောင်တောမြို့မှ အမည်မဖေါ်လိုသူ ရဲအရာရှိတဦးမှ ဂစ္ဆပသို့ပြောသည်။ 

စစ်တွေမြို့မှ နိုင်ငံရေးဝါရင့် တဦးက “ဒါတွေဟာ အခုလိုမျိုးပေါ်ပေါက်လာအောင်အတွက် မည်သူတစ်ဦးတစ်ယောက်ကမှ ပြုလုပ်တာ မဟုတ်ပါဘူး။ မိမိတို့ရခိုင်တိုင်းရင်းသားများကလဲ လုပ်တာမဟုတ်ပါ။ ဆိုတော့ လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတ သိန်းစိန်တို့ကသာ တာဝန်ရှိ ပါတယ်။ ဒါတွေကို မိမိတို့ တိုင်းရင်းသားများနှင့် သက်ဆိုင်သလားဆိုတော့ သက်ဆိုင်သလို တိုင်းရင်းသားညီအကိုယ်များဖြစ်တဲ့ မွန်၊ ကရင်၊ ကချင်၊ ၀၊ ကိုးကန်း စတဲ့ တိုင်းရင်းသားများနဲ့ လည်း သက်ဆိုင်ပါတယ်၊ တခြားနေရာတွေမှာဆိုရင် KNU and DKPA တို့ကို ဘာကြောင်း အခုလိုမျိုးခွဲခြားခဲ့ပါသလဲ ဆိုတာကို တိုင်းရင်းသားများသိဖို့အတွက် အခုထိမရိပ်မိသေတာကို တော်တော်အံ့သြဖို့ ကောင်းပါတယ်။ ဆိုတော့ အခုလို ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဆိုပြီးတော့ ဖွဲစည်းခဲ့ပါတယ်။ ဒါတွေဟာ သိပ်ကောင်းပါတယ်။ အခုလိုမျိုး ရခိုင်နဲ့ ကုလား အဓိကရုန်းဖြစ်လာအောင်၊ ရခိုင်နှင့်ကုလား ပြဿနာပေါင်းစုံ ဖြစ်လာအောင် သွေးခွဲပြီးတော့ ဆက်ဆံနေတာဟာ ဒီကနေ့ အုပ်ချုပ်နေတဲ့ သိန်းစိန်အစိုးရနှင့် ပြည်ထောင်စုလွတ်တော်က လွှတ်တော် ကိုယ်စားလှယ် များဟာ ဒါတွေကိုသိပြီးသား ဖြစ်တယ်လို့ မြင်ပါတယ်။”ဟု မောင်တောအမတ် အောင်ဇော်ဝင်း ဆိုသူ၏ မူဆလင်များအပေါ် မြန်မာ နိုင်ငံသားဖြစ်အောင် ဖန်တီးမည့်အပေါ် အမည်မဖေါ်လိုသူက ဂစ္ဆပသတင်းဌာနသို့ သုံးသပ်ပြောဆိုခြင်း ဖြစ်ပါတယ်။ 

အဆိုပါ မူဆလင်အမတ်မှာ ၂၀၁၀ ခု စစ်အုပ်စု အကြံအဖန် ရွေးကောက်ပွဲမှ တင်မြောက်ခံ ရသော အမတ်ဖြစ်ပြီး စစ်အုပ်စုနှင့် လာဒ်ပေး လာဒ်ယူ အဓိကလုပ်ဆောင်နေသည့် စီးပွားရေးသမား ဖြစ်သည်။  
အခုအခါ အမတ် အောင်ဇော်ဝင်း အနေဖြင့် မြန်မာနိုင်ငံ၏ ယနေ့နိုင်ငံရေးအခြေအနေမှာ ငြိမ်းချမ်းကြောင်း၊ မူဆလင်များ အခွင့်အရေး ရှိသည့်အချိန်ဖြစ်ကြောင်း၊ မောင်တောမြို့နယ် အလယ်သံကျော်၊ ဘော်လီဈေး၊ နတ်ပူရာ၊ ဖေါ်ယေဇီဈေး၊ ကာဝါဘီ၊ နော်လ်ဘော်နီယာ၊ ဘော်ရော်ဒလ်နှင့် တခြားကျေးရွာများသို့ သွားရောက်ပြီး မူဆလင်များအား နိုင်ငံသားကပ် ထုတ်ပေးမည့် စကားကိုပြော၍ စည်းရုံးလှုံ ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မောင်တောမြို့တွင် ရုံးတခုဖွင့်လှစ်ခဲ့ကြောင်း၊ မူဆလင်များ မင်္ဂလာအလွယ်တကူ ဆောင်နိုင်ရန် ကြိုးပမ်းလုပ် ဆောင်သွားမည် ဖြစ်ကြောင်းနှင့် မောင်တောမြို့နယ် အခြေစိုက် နစက၊ ရဲ၊ စစ်တပ်များတွင် မူဆလင်များ မှုခင်းဆိုင်ရာ အကြောင်းအရာများကို သိရှိရန်လိုအပ်ကြောင်း ဌာနဆိုင်ရာများသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။ 

မူဆလင်များ အနေဖြင့် ယခုအခါ မိမိတို့မူဆလင်များ ပြောခွင့်ရရှိနေသည့် အချိန်သို့ ရောက်ရှိနေကြောင်း၊ နော်ရ်ဘော်နီယာကျေးရွာတွင် သီတင်းသုံးခဲ့ပြီး အမတ်နှင့် ဒေသစေယမန် (ဥက္ကဌ) ကျောင်းဆရာ ဖေါ်ရူ(က်) အာဟာမတ်မှ မိမိတို့မူဆလင်များ အနေဖြင့် မိမိတို့ အကြား ပြဿနာ ဖြေရှင်းပြီး သူတပါးရန်ကို ကာကွယ်စောင့်ရှောက်ကြရန် အခွင့်အခါဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းစာတွင် ဖေါ်ပြထားသည်။
မောင်တောမြို့ ဆီးဒါးရွာ အထက်တန်း ကျောင်းသား မိုဟာမတ် ဟာဆန်းမှ ရွေးကောက်ပွဲ အတွင်း မဲရုံများတွင် စစ်အုပ်စုဖက်တော် သားများကို တွေ့ရကြောင်း၊ အစိုးရမှ မဲအရွေးခံမည့် သူများကိုသူများကိုအတင်းအဓမ္မ စေခိုင်းခဲ့ကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲပြီး သည့်နောက် အခြေအနေမှာ ပိုမိုကောင်းမွန်လာကြောင်း၊ ပြောဆိုရေးသားလှုပ်ရှားပိုင်ခွင့်များ ရရှိလာကြောင်း၊ အခြေအနေအပြောင်း အလဲများ ကောင်းမွန်လာကြောင်း သူကအမတ် စည်းရုံးရေးတွင် ထပ်မံစည်းရုံးခဲ့ကြောင်း ရေးသားထားသည်။ 

မောင်တောမြို့ မောင်နီရွာမှ အလယ်တန်းကျောင်းသား နာစ္စမူ ဟာဆန်းမှ ယခုအခါကျောင်းတွင် ခွဲခြားဆက်ဆံမှုများမရှိကြောင်း၊ ဆီးဒါးရွာမှ မိုလာနာ အဘူတာလတ် မှ ယခုအခြေအနေအထိ ညဥ့်အချိန်တွင် တအိမ်တယောက်ကျ ကျေးရွာများကို နေစဉ် ကင်းစောင့်နေရကြောင်း၊ ကျေးရွာတွင် ငြိမ်းချမ်းရေးအတွက် ဖြစ်ပေါ်လာမည့်အခြေအနေကို မယုံကြည်ကြောင်း၊ လက်ရှိစစ်အုပ်စု အနေဖြင့် မူဆလင်များကို နိုင်ငံသားအဖြစ် အလွယ်တကူဖြင့်ပီးရန် လုံးဝမျှော်လင့်ချက်မရှိကြောင်းနှင့် နစကများအနေဖြင့် ၎င်းတို့ကျင့် သုံးသည့် အကြမ်းဖက်မှုများမှာ ယခင်ထက်လျော့နည်းလာကြောင်း ဆိုသည်။   

ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား စီးပွားရေးသမားတဦး မိုလ္လာနာ အဒူလ်လာ က “မောင်တောမြို့၌ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မိုဘိုင်းနတ်တ၀ါးနှင့် အသုံးပြုခွင့် ပိုမိုသုံးခွင့်ရလာကြောင်း၊ စီးပွားရေး အတွက် ပွင့်လင်းရာသီဖြစ်လာကြောင်း ဆိုသည်။ တခြားစီးပွားရေး သမားတဦးဖြစ်သူ ဆော်ရိ ဟိုဆန်းမှ ယခုစစ်အုပ်စုမှာ ရွေးကောက်ပွဲပြီးသည့်တိုင်အောင် ပြည်သူလူထုများကို မျက်ခြေ မပြတ် စောင့်ကြည့်နေကြောင်းနှင့် မောင်တောမြို့တွင် စီးပွားရေးအရ စစ်အုပ်စုစောင့်ကြည့်မှု ကြောင့် လွတ်လပ်မှုမရှိကြောင်း ဆိုသည်ဟု သတင်းစာက ဖေါ်ပြသည်။  

မောင်တောမြို့မှ တချို့မူဆလင် ဒေသခံများမှာ အမတ်ဖြစ်သူမှာ မဲဆွယ်စည်းရုံးသည့်အခါ ပြောခဲ့သည် စကားများနှင့် အမတ်ဖြစ်လာ သည့်အချိန် လုပ်ဆောင်နေသည့် စီးပွားရေးသမား ပီပီ လုပ်ငန်းများမှာ လုံးဝဆက်စပ်မှု တစုံတရာမရှိကြောင်း စွပ်စွဲပြောဆိုနေကြကြောင်း မောင်တောမြို့နယ် အလယ်သံကျော်မှ အမည်မဖေါ်လိုသူ မူဆလင်အမျိုးသားတဦးက ဂစ္ဆသို့ပြောသည်။ 

မြန်မာနိုင်ငံတွင် ၁၂၀ ကျော်ရှိသည့် လူမျိုးပေါင်းစုံများအတွင်း မူဆလင်လူမျိုးမှာ နိုင်ငံသား၊ ဒေသခံစရင်းတွင် မပါဝင်ကြောင်း စစ်အုပ်စုမှ ထုတ်ဖေါ်ပြောဆိုထားသည်။

ကစ္ဆပသတင်းမှ

No comments: