Showing posts with label မြန်မာ့ရိုးရာ. Show all posts
Showing posts with label မြန်မာ့ရိုးရာ. Show all posts

ထမင်းရှင်၊ (သို့မဟုတ်) ကျေးဇူးရှင်တောင်သူလယ်သမား၊ (သို့မဟုတ်) ဖိနှိပ်ခံ လူတန်းစား၊ (သို့မဟုတ်) မြန်မာ့ယဉ်ကျေးမှု အခြေအမြစ်၊ (သို့မဟုတ်) ရိုးသားကြသည့် ပြည်သူများရဲ့ ရင်ထဲကလာတဲ့ စကားများ



ဒေါ်မုန်း (ဦးဖိုးထူး၏ ဇနီး)
ဦးဖိုးထူး 
 
မန်ကျီးကုန်းဇာတိပဲ။ လယ်က နည်းနည်းလေးပဲ ပါတယ်။ တစ်ဧက ကျော်တယ်။ ယာက (၆) ဧက ရှိတယ်။ ကိုယ်တိုင်တောတိုးထားတာတွေပါ။ တောထိုးထားတာ နှစ် ပေါင်း (၄၀) ကျော်လောက်ရှိပြီ။ ညီကို (၂) ယောက်လုပ်ထားတာ။ အခုတော့ ဦး လေး (၁) ယောက်ပဲ ဆက်လုပ်တာ။ အခု ဗိုလ်ချုပ်ဝေလွင် ဆောက်ထားတဲ့ ဗိုလ်တဲ နေရာက ပဲစိုက်တဲ့နေရာ တည့်တည့်ပဲ။ ငှက်ပျောပင်တွေရှိတာလည်း မခုတ်ရဲ။ 
 
လယ်လေးက တစ်နှစ်ကို စပါး (၈၀) လောက်ရတယ်။ အဆင်ပြေတဲ့နှစ်ဆိုရင် (၉၀)လောက်အထိ ရတယ်။ နွေစပါးပါ လုပ်တာ။ အဲဒါဆိုရင် စပါး (၁၀၀) ကျော်လောက် အထိ ရတယ်။ ယာတွေမှာတော့ ပဲလည်း အသင့်အတင့်၊ နှမ်းလည်းရတယ်။ တစ်နှစ် စာဖူလုံအောင် ရတယ်။ ကလေးတွေလည်း ကျောင်းထားနိုင်တယ်။ အခုချိန်မှာတော့ သမီးနှစ်ယောက်ကလည်း မုန့်လုပ်ရောင်းနေရတယ်။ ဦးလေးဆိုလည်း ဓရံယက်ရတယ်။ အရင်တုန်းက အဲဒါတွေ ဘယ်လုပ်ရလိမ့် မတုန်း။ မိသားစုက (၆) ယောက်ရှိတယ်။ အခုကျောင်းတစ်ယောက်ပဲ ထားနိုင်တော့တယ်။ ကျန်တာတွေ အကုန်ထွက်ပေါ့။ အိမ် ထောင်ကျတဲ့သူလည်း ကျကုန်ပြီ။
 
သစ်တောက ဦးသိန်းဟန်က ကိုယ်တိုင်မဟုတ်ဘူး။ သူ့နေ့စားသမားတွေကို ပြောခိုင်းတာ။ ခင်ဗျားတို့ တဲ (၃) (၄) ရက်အတွင်း ရွှေ့ရင်ရွှေ့၊ မရွှေ့ရင် မီးရှို့ခံရမလား။ အဖျက်ခံရမလားပဲ ဆိုတော့ ကိုယ်လည်း အပြစ်လွတ်အောင်ဆိုပြီး ဖျက်လိုက်ပါတယ်။ အဲဒီ ကတည်းက ပြန်ကို မဆောက်နိုင်တော့တာ။ ဦးကုလားကြီးတို့နဲ့ တောက်လျှောက်လိုက်တယ်။ လယ်တွေ ပြန်ရချင်လို့ လိုက်တာ။ ကုန်းဖိုးတွေလည်း မရ။ လယ်ကလည်း တန်ရာတန်ကြေးမဟုတ်။ 

သင်္ကြန်တွင် မဖွယ်မရာပြုမူ၊ ဝတ်ဆင်က ထောင်ဒဏ်အထိ အရေးယူမည်

မြန်မာ့ရိုးရာ သင်္ကြန်ရေ ကစားရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိ ပါက ပြစ်မှုပုဒ်မ၂၉၀/၂၉၄ အရ အရေးယူမည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် ဝတ်စားဆင်ယင်ခြင်း၊ မဖွယ်မရာပြုမူခြင်းများ တွေ့ရှိပါက ---

တန်ဆောင်မုန်းလ (ကြက်တ္တိကာနက္ခပွဲသဘင်နှင့် မယ်ဇလီဖူးသုပ်) ၂


နက္ခပွဲလှည့်လည်ခြင်း
နောက်တနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့် အဖိတ်နေ့ညတွင် နက္ခပူဇော်ပွဲလှည့်လည်ခြင်းကို ပြုလုပ်ကြ သည်၊ ထိုနက္ခပွဲလှည့် လည်ရာတွင် ဂြိုလ်များ၊ နတ်များ၊ ဆေးအင်းလက်ဖွဲ့တို့ပါသည်၊ နတ်ပွဲသက်သက် ဖြစ်သောကြောင့် ဘုရားနှင့် ရဟန်းသံဃာများ မပါ၊ သို့သော် ကိုရင်ကြီးဦးဆောင် ပြုလုပ်သော ပွဲဖြစ်သော ကြောင့် ကိုယ်တိုင်ပါဝင် လှည့်လည်သည် နက္ခပွဲလှည့်လည်ရာတွင်၊ ဆေးမင် နှိုးကြမည့်သူများ၊ သိဒ္ဓိတင်ကြမည့် အစ်ကိုကာလသားတို့သည် မိမိတို့ယူဆောင်လာသော ဆေးမင်ပန်း နံသာတို့ကို ကိုင်၍ သိက္ခာတော်ရ မထေရ်တော်ကြီးများလို အစီအစဉ်အတိုင်း လှည့်လည်လာကြရသည်၊ ပုစ္ဆာန်းသည် (နတ်ကတော်) တို့ကား ငှက်ပျောပွဲ အုန်းပွဲ၊ အမွေးနံ့သာ ပန်း ဆီမီးများ၊ အတီး အမှုတ် အကအခုန်များမြင့် နောက်မှလိုက်ကြရသည်။
မိန်းမပျိုတို့သည်ကား မနေ့ညက ရလာသော မဲဇလီဖူးများကို အခြောက်လှမ်းဘို့ အနည်းငယ် ချန်၍၊ အကျန်ကို မိမိတို့ရှာဖွေ ခူးယူထားသော မဲဇလီဖူးများဖြင့် ရောပြီး မဲဇလီဖူးသုပ်လုပ်သည်။ မဲဇလီဖူးသုပ်ကို ဖက်စိမ်းဖြင့် အထုပ်ထုပ်၍ တချို့ကို ဘုရားလှူ၏၊ တချို့ကို သက်ကြီးရွယ်အိုတို့ထံ ပို့၏။ တချို့ကို နက္ခပွဲသို့ လှည့်လည် လာသော အကိုကာလသားတို့ကို ပစ်ပေါက်ရန် သိမ်းထား ကြသည်၊ အိမ်အပေါ်ထပ်ရှိ ပိတ်ထားသော ပြတင်း ပေါက် (သို့မဟုတ်) အိမ်ရှေ့ပုဏ္ဏားကွယ်တွင် ပန်းကန်၊ လင်ပန်းတွင် အသင့် ထည့်ထား၏၊ ထို့နောက် မိမိကိုယ် ကို အလှပဆုံးဖြစ်အောင် ၀တ်ဆင်ထားပြီး အသင့်စောင့်နေသည်။ နက္ခပွဲလှည့်လာသည်နှင့် မိမိပစ်ပေါက်လိုသော အကိုကာလသား ပြတင်းပေါက်ရှေ့တဲ့တဲ့ ရောက်သည်နှင့် ဗြုန်းကနဲ လူလုံးပြ၍ မဲဇလီဖူးထုပ်နှင့် ပစ်ပေါက် လိုက်ကြရသည်၊ (ဤသို့ပြုလုပ်ခြင်းသည် အဘိပါရကစစ်သူကြီးကတော် ဥမ္မာဒန္တီက သိဝိမင်းကြီးအား တန်ဆောင်မုန်းလပြည် နေ့တွင် လေသာပြတင်းပေါက် ဗြုန်းကနဲ ထွက်လာပြီး မဲဇလီပန်းဖြင့် ပေါက်လိုက် သောကြောင့် ဥမ္မာန္တီကို အရူးအမူးစွဲလန်း ခဲ့သည်ကို အတုယူ၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆကြသည်။)
ညောင်သာယာရွာ မိန်းမပျိုတို့သည် ဤထုံးစံအတိုင်း နက္ခပွဲသဘင်တွင် လှည့်လည်လာသော မိမိချစ်နေသူ အကိုကာလသားကို မိမိပြစ်ပေါက်လိုက်သော မဲဇလီဖူးသုပ် ထိမှန်သွားလျှင် မိမိကိုအရူး အမူးစွဲမက်လာသည်၊ မစွန့်ပစ်နိုင်ဟု ယုံကြည်ကြသည်၊ သို့ သော် ထိသွားသောကာလသားက မိမိအား ထိမှန်အောင် တန်ပြန် ပြစ်ပေါက်ခြင်းခံရလျင် ဘာမှမဖြစ်ဟု ယုံကြည်ထားကြသည်။

တတိယအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ နှိုးဆော်လွှာ

ဗုဒ္ဓဘာသာဝင် ပြည်သူအပေါင်းတို့ခင်ဗျာ… 
ပြည်သူ့ စေတနာ့ ဝန်ထမ်းအသင်း PVA နှင့် ပြည်သူတို့ လက်တွဲ၍ နှစ်စဉ် သင်္ကြန်ကာလ ရောက်တိုင်း စုပေါင်း ရဟန်းခံ ရှင်ပြုမင်္ဂလာပွဲကို မဲဆောက်မြို့ မယ်ပတောရကျောင်းတွင် ကျင်းပလာခဲ့ပါသည်။ ၂၀၀၉ ခုနှစ် ပထမအကြိမ် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်း၊ သာမဏေ စုစုပေါင်း (၁၇၁) ပါး နှင့် ၂၀၁၀ ခုနှစ် ဒုတိယအကြိမ် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်း၊ သာမဏေ စုစုပေါင်း (၂၄၉) ပါးတို့အား မြင့်မြတ်သော သာသနာ့ဘောင် အတွင်းသို့ အောင်မြင်စွာ သွတ်သွင်းပေးနိုင်ခဲ့သည်။ ယခုနှစ် ၂၀၁၁ ဧပြီလတွင် ကျရောက်သော မဟာသင်္ကြန် ကာလတွင်လည်း တတိယအကြိမ်မြောက် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲကို ယခင်နှစ်များ နည်းတူ အောက်ပါ အစီအစဉ်အတိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

မြန်မာ့ရိုးရာ စစ်တုရင် အွန်လိုင်းပေါ်တွင် ကစားနိုင်တော့မည်

ရန်ကုန် - အွန်လိုင်းပေါ်မှတစ်ဆင့် မြန်မာ့ရိုးရာ စစ်တုရင် ကစားနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်ထံမှ သိရသည်။ အင်တာနက် အွန်လိုင်းပေါ်မှာ တစ်ဦးနှင့်တစ်ဦး ချိန်းကစားနိုင်ရန်၊ မြန်မာ့ရိုးရာစစ်တုရင် ကစားနည်းကို လေ့လာနိုင်ရန် ပညာပေးပြန့်ပွားမှုများ အရှိန်အဟုန် မြှင့်နိုင်ရန် စီစဉ်နေကြောင်း ယင်းက ပြောသည်။
“ပရိုဂရမ်ရေးမယ့်သူ အဆင်သင့်ရှိနေပြီ။ တစ်နှစ်ဆို ကောင်းကောင်း ပြည့်စုံအောင် ရေးနိုင်တယ်။ ဝက်ဘ်ဆိုက်တင်တာလဲ ဒိုမိန်းတစ်ခုလောက် ဝယ်လောက်ရုံပဲ” ဟု စီစဉ်နေမှု အခြေအနေကို ယင်းက ရှင်းပြသည်။ လက်ရှိအဆိုပါ ကစားနည်းကို ပြည်တွင်း၌ တိမ်မြုပ်နေခြင်းကြောင့် အင်တာနက်အသုံးပြုသူ လူငယ်များအနေဖြင့် စိတ်ဝင်စား လာနိုင်ကြောင်းလည်း ဝါသနာရှင်အချို့က သုံးသပ်ပြောသည်။