ဒေါ်မုန်း (ဦးဖိုးထူး၏ ဇနီး) |
ဦးဖိုးထူး
မန်ကျီးကုန်းဇာတိပဲ။ လယ်က နည်းနည်းလေးပဲ ပါတယ်။ တစ်ဧက ကျော်တယ်။ ယာက (၆) ဧက ရှိတယ်။ ကိုယ်တိုင်တောတိုးထားတာတွေပါ။ တောထိုးထားတာ နှစ် ပေါင်း (၄၀) ကျော်လောက်ရှိပြီ။ ညီကို (၂) ယောက်လုပ်ထားတာ။ အခုတော့ ဦး လေး (၁) ယောက်ပဲ ဆက်လုပ်တာ။ အခု ဗိုလ်ချုပ်ဝေလွင် ဆောက်ထားတဲ့ ဗိုလ်တဲ နေရာက ပဲစိုက်တဲ့နေရာ တည့်တည့်ပဲ။ ငှက်ပျောပင်တွေရှိတာလည်း မခုတ်ရဲ။
လယ်လေးက တစ်နှစ်ကို စပါး (၈၀) လောက်ရတယ်။ အဆင်ပြေတဲ့နှစ်ဆိုရင် (၉၀)လောက်အထိ ရတယ်။ နွေစပါးပါ လုပ်တာ။ အဲဒါဆိုရင် စပါး (၁၀၀) ကျော်လောက် အထိ ရတယ်။ ယာတွေမှာတော့ ပဲလည်း အသင့်အတင့်၊ နှမ်းလည်းရတယ်။ တစ်နှစ် စာဖူလုံအောင် ရတယ်။ ကလေးတွေလည်း ကျောင်းထားနိုင်တယ်။ အခုချိန်မှာတော့ သမီးနှစ်ယောက်ကလည်း မုန့်လုပ်ရောင်းနေရတယ်။ ဦးလေးဆိုလည်း ဓရံယက်ရတယ်။ အရင်တုန်းက အဲဒါတွေ ဘယ်လုပ်ရလိမ့် မတုန်း။ မိသားစုက (၆) ယောက်ရှိတယ်။ အခုကျောင်းတစ်ယောက်ပဲ ထားနိုင်တော့တယ်။ ကျန်တာတွေ အကုန်ထွက်ပေါ့။ အိမ် ထောင်ကျတဲ့သူလည်း ကျကုန်ပြီ။
သစ်တောက ဦးသိန်းဟန်က ကိုယ်တိုင်မဟုတ်ဘူး။ သူ့နေ့စားသမားတွေကို ပြောခိုင်းတာ။ ခင်ဗျားတို့ တဲ (၃) (၄) ရက်အတွင်း ရွှေ့ရင်ရွှေ့၊ မရွှေ့ရင် မီးရှို့ခံရမလား။ အဖျက်ခံရမလားပဲ ဆိုတော့ ကိုယ်လည်း အပြစ်လွတ်အောင်ဆိုပြီး ဖျက်လိုက်ပါတယ်။ အဲဒီ ကတည်းက ပြန်ကို မဆောက်နိုင်တော့တာ။ ဦးကုလားကြီးတို့နဲ့ တောက်လျှောက်လိုက်တယ်။ လယ်တွေ ပြန်ရချင်လို့ လိုက်တာ။ ကုန်းဖိုးတွေလည်း မရ။ လယ်ကလည်း တန်ရာတန်ကြေးမဟုတ်။
နဂိုမူအတိုင်းပဲ မြေတွေပဲ ပြန်လိုချင်တယ်။ ကိုယ့်လယ် ကိုယ့်မြေ ပြန်လုပ်စားမယ်။ ၀မ်းစားလည်း မထည့်နိုင်တော့ဘူး။ ကြာပြီ။ အခု ကြတော့ ဆန်ဆိုလည်း တစ်ပြည်ဝယ်စား၊ နှစ်ပြည်ဝယ်စား လုပ်နေရတယ်။ ဒီကိုလာဖို့တောင်ခဲခဲယင်းယင်းလာရတာပါ။
ကျွန်တော့်မိန်းမ နာမည်က မမုန်းတဲ့။ သူကတော့လည်း ပြန်ပြီးလုပ်စားချင်တာ။ ခံစားမှုတော့ စိတ်ရှုပ် စိတ်ညစ်ဖြစ်ပြီး လယ် အကြောင်း ယာအကြောင်းပြောတိုင်း ငိုတာပဲ။ ဦးလေးတို့ကတော့ သူတို့ဗိုလ်တဲတွေကို ကြည့်ကို မကြည့်ချင်တာ။ အဖြစ်သာလို့ နေကြရတာပဲ။ ကိုယ့်လယ်ကိုယ့်အတိုင်း ပြန်လုပ်စားဖို့ပဲ။
တောင်သူတွေလေ။ ဓားမဦးချလုပ်ထားတဲ့ လယ်တွေ။ ဒီအတိုင်း သိမ်းပြစ်တဲ့ အခါကြ တော့ ဒီအတိုင်း ထွက်ရတာ။ လုပ်ကိုင်စား လာတာ နှစ် (၄၀) ကျော်ပြီ။ သိမ်းတာက (၃) နှစ်ကျော်ပြီ။ သိမ်းတုန်းက သူတို့က ဒီတဲကို ဖျက်တဲ့။ မဖျက်လို့ရှိရင် သူတို့က မီးရှို့မယ် ဆိုပြီးတော့တောင် လုပ်တာ။ အဲဒီတော့ ကြောက်လို့ ထွက်ပစ်ရတာပါ။ ဘာမှ ပြန်မပြောရဲတော့ တဲလေးကို ဖျက်ပုံပြီးတော့ လှည်းလေးနဲ့ ရွာကို ပြန်တင်လာရတာ ပါ။
လာပြောတာက ဦးသိန်းဟန်တဲ့။ ဒီမြေပဲခင်းတွေက ဘာလို့စိုက်တာတုန်း၊ ငှက်ပျောပင် တွေလည်း ခုတ်လှဲပစ်ပြီး ဒီတဲတွေက ဖျက်မှာလား မဖျက်ဘူးလား။ မီးအရှို့ခံရမယ်နဲ့ အဲဒီလိုလုပ်တာ။ အဒေါ်တို့က ယာထဲမယ်ပဲ အမြဲနေကြတာ။ လယ်တွေ ယာတွေ အ တွက်ကို နစ်နာကြေး ထိုက်ထိုက်တန်တန်မပေးဘဲ မုန့်ဖိုးပါဆိုပြီး တစ်ဧက ကျော်တဲ့ လယ်ကို တစ်ဧကပဲထားပြီး ၂ သိန်းပဲပေးတယ်။ ယာရောဆို (၇) ဧကကျော်တယ်။
အစ ကနဦးလာတာက ဦးသိန်းဟန် လာပြီးသိမ်းတာ။ နောက်ကြမှ ဗိုလ်ချုပ်ဝေလွင်ပါလာတာ။ တစ်ခါမှလည်း ဗိုလ်ချုပ်ဝေလွင်နဲ့ ထိပ်တိုက်မတွေ့ပါဘူး။ အခုလိုအသိမ်းခံရပြီးတော့ အယ်ဒီယာလေးတွေ မြင်ရင်မျက်ရည်ကျမိလို့ သွားကိုမသွားတော့ဘူး။
Naung Taw Lay facebook စာမျက်နှာမှ ကူးယူသည်။
https://www.facebook.com/tripleblue1/posts/534095623309368
No comments:
Post a Comment