Showing posts with label Sex Worker. Show all posts
Showing posts with label Sex Worker. Show all posts

မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုနှုန်း တစ်နေ့လျှင်၂၃ ဦးရှိ


မြန်မာနိုင်ငံတွင် ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် HIV ပိုး ကူးစက်မှုနှုန်း တစ်နေ့လျှင် အနည်းဆုံး ၂၃ ဦးခန့် ကူးစက်ခံ နေရကြောင်းကို Myanmar Positive Group (MPG) ၏ စစ်တမ်းများတွင် ထုတ်ပြန်ထား ကြောင်းကို ဧပြီ ၈ ရက်တွင် အမျိုးသမီး များ ကွန်ရက်မှ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံတွင်း ကျန်းမာရေး အသိအမြင် တစ်ပြေးညီဖြစ်လျှင် HIV/AIDS ရောဂါ လျော့ကျသွားနိုင်ကြောင်း၊ လူတိုင်းသည် မိမိတို့ ကျန်းမာရေးအရ သွေးစစ်ရန် အထူးလိုအပ်ကြောင်း၊ HIV ပိုး ရှိသူများသည် ကျန်းမာရေး အသိပြည့်ဝရန် လိုအပ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ခုခံကာကွယ်မှု ပြုလုပ်မှသာ HIV ပိုး ကူးစက်မှုနှုန်း လျော့ကျမည် ဖြစ်ကြောင်းတို့ကို “Sex Worker မှ ကူးတာ မဟုတ်ဘူး။ သာမန် အမျိုးသမီး ဘ၀နဲ့ ရပ်တည်နေရင်း ကူးစက်ခံရသူ အများကြီး ရှိတယ်။ တချို့ဆို အဖေ၊ အမေမှာရှိတဲ့အတွက် မွေးလာတဲ့ ကလေးတွေမှာ ဒီရောဂါပိုး ပါလာရော။ အဲဒီလိုဆိုရင် လောကထဲကို HIV ပိုးရှိသူ အလိုလို ရောက်လာတာပဲလေ။ ဒီလိုဖြစ်တာ ကျန်းမာရေး အသိပညာ အားနည်းလို့ပါပဲ” ဟု ဒေါ်စုစုလှိုင်က ပြောကြားခဲ့သည်။