Showing posts with label လူမှုဒုက္ခ. Show all posts
Showing posts with label လူမှုဒုက္ခ. Show all posts
လူမှုဒုက္ခ ဘယ်လိုကူရပါ့
မန္တလေးဂေဇက်က ပဒုမ္မာတင်ထားတဲ့ အကြံတောင်းစာလေးကို ယူပြီး တင်ပေးလိုက်ပါတယ်။ ဗမာနိုင်ငံမှာ ကျောင်းမထားနိုင်လို့ ပညာရေး တဝက်တပျက်နဲ့ ကျောင်းထွက်ခဲ့ရတဲ့ ကလေးသူငယ်တွေ အနယ်နယ်အရပ်ရပ်မှာ အများအပြားရှိနေပါတယ်။ မိသားစု ဝင်ငွေရဖို့အတွက် (ထမင်းနပ်မှန်ဖို့အတွက်) ရရာအလုပ်ကို လုပ်နေကြရတဲ့ ပညာသင်ရွယ် ကလေးသူငယ်တွေ အများကြီးပါပဲ။ အဲဒီ ကလေးသူငယ်တွေဟာ ရှေ့ဆက်ရမယ့် နာဂါတ်ခရီးက မကောင်းမွန်တဲ့အပြင် ပျက်စီးဆုံးရှုံးဖို့သာ ဦးတည် ရွှေ့လျားနေပါတယ်။ ပညာသင်ရွယ် မိန်းကလေးများ ဖားကန့် စတဲ့ ပိုက်ဆံပေါတဲ့ နေရာတွေမှာ ခန္ဓာကိုယ်ရောင်းပြီး ဝင်ငွေရှာနေကြရတာလည်း အများအပြားပါပဲ။ ဒါတွေက လူကုန်ကူးမှုတွေ့နဲ့လည်း ပတ်သက်နေပါတယ်။ ဗမာပြည်သားတွေတော့ တပျက်ပျက်နဲ့ သွေးထွက်နေကြရတာ အခုထိ မရပ်ဆိုင်းသေးပါဘူး။
၁၄ နှစ်သမီးကျောင်းသူလေး တစ်ယောက်အကြောင်း ရွာသူရွာသားတွေကို ပြောပြချင်ပါတယ်။ သူကလေးက ၇ တန်းအောင် ၈ တန်းတက်ရမှာပါ။ ကျောင်းပိတ်ရက် အထည်ချုပ်စက်ရုံမှာ ချည်မွေးညှပ် ၀င်လုပ်ပါတယ်။ လစာ ၄၅၀၀၀ ရပါတယ်။ ဒီလဆန်းမှာ ကျောင်းပြန်တက်ဖို့ ထွက်သွားရာက လလယ်မှာ အင်တာဗျူး ပြန်လာဝင်ပါတယ်။ ကျောင်းတက်ဖို့ စုထားတဲ့ လခကို အိမ်လခ ပေးလိုက်ရပါတယ်။ (အိမ်လခက ၄၀၀၀၀ပါ၊ မရမ်းကုန်းမှာပါ) အမေက လေးဘက်နာ နှလုံးရောဂါသည်။ အဖေနဲ့ အမေက ကွဲနေပါသတဲ့၊
Subscribe to:
Posts (Atom)
