ဗုဒ္ဓဘာသာဝင် ပြည်သူအပေါင်းတို့ခင်ဗျာ…
ပြည်သူ့ စေတနာ့ ဝန်ထမ်းအသင်း PVA နှင့် ပြည်သူတို့ လက်တွဲ၍ နှစ်စဉ် သင်္ကြန်ကာလ ရောက်တိုင်း စုပေါင်း ရဟန်းခံ ရှင်ပြုမင်္ဂလာပွဲ ကို မဲဆောက်မြို့ မယ်ပတောရကျောင်းတွင် ကျင်းပလာခဲ့ပါသည်။ ၂၀၀၉ ခုနှစ် ပထမအကြိမ် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်း၊ သာမဏေ စုစုပေါင်း (၁၇၁) ပါး နှင့် ၂၀၁၀ ခုနှစ် ဒုတိယအကြိမ် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်း၊ သာမဏေ စုစုပေါင်း (၂၄၉) ပါးတို့အား မြင့်မြတ်သော သာသနာ့ဘောင် အတွင်းသို့ အောင်မြင်စွာ သွတ်သွင်းပေးနိုင်ခဲ့သည်။ ယခုနှစ် ၂၀၁၁ ဧပြီလတွင် ကျရောက်သော မဟာသင်္ကြန် ကာလတွင်လည်း တတိယအကြိမ်မြောက် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲကို ယခင်နှစ်များ နည်းတူ အောက်ပါ အစီအစဉ်အတိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
(၁) ရှင်သာမဏေတပါးလျှင် (၁၀၀၀) ဘတ်နှုန်းနှင့် ဒုလ္လဘရဟန်းတစ်ပါးလျှင် (၁၅၀၀) နှုန်းဖြင့် သာသနာ့ အမွေခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးပါသည်။ ဖော်ပြပါနှုန်းထားဖြင့် ရဟန်းဒကာ၊ ဒကာမများအဖြစ် လှုဒါန်းပါဝင်နိုင်ပါသည်။
(၂) သင်္ကြန်အကြိုနေ့ (၁၃-၄-၂၀၁၁) ရက်နေ့ နံနက်တွင် ဆံချခြင်း၊ ရှုင်သာမဏေသွတ်သွင်းခြင်း၊ ရဟန်းအဖြစ်ချီးမြောက်ခြင်းတို့ ကို စီစဉ်ဆောင်ရွက်ပါမည်။
(၃) သင်္ကြန်အကျနေ့ (၁၄-၄-၂၀၁၁) နေ့တွင် တရားနာ ရေစက်ချပါမည်။
ဤအလှုတော်မင်္ဂလာပွဲသို့ သဒ္ဒါတတ်အားသ၍ စေတနာအလျောက် ပါဝင်လှူဒါန်း နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
ဆက်သွယ်ရန်
၀၈၇၂၀၂၇၉၃၂, ၀၈၇၁၉၄၁၀၄၇,
၀၈၄၃၁၉၅၇၇၁, ၀၈၈၁၆၃၉၉၃၄,
၀၈၈၁၇၅၂၅၂၁
လှူဒါန်းရန် Bank Account
Kyaw Tay Za Kyaw Tay Za
6040206233 4023615113
Krung Thai Bank Siam Commercial Bank
Mae Sot Branch Mae Sot Branch
Money Gram (သို့) Western Union စနစ်ဖြင့်လည်း အထက်ပါအမည်ဖြင့် ပေးပို့နိုင်ပါသည်။
ပထမအကြိမ် ရဟန်းခံရှင်ပြုပွဲ ဓါတ်ပုံမှတ်တမ်းတချို့ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
ဒုတိယအကြိမ် ရဟန်းခံရှင်ပြုပွဲ ဓါတ်ပုံမှတ်တမ်းတချို့ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment