အိန္ဒိယလူဦးရေ သန်း ၁၂၀၀ ကျော်သွားပြီ

ဒီနေ့ ထုတ်ပြန်တဲ့ အိန္ဒိယ သန်းခေါင်းစာရင်းဌာနရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ သန်းခေါင်းစာရင်း ၂၀၁၁ ကောက်ခံချက်အရ အိန္ဒိယဟာ လူဦးရေ သန်းပေါင်း ၁၂၁၀.၂ ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ အမျိုးသားက ၆၂၃. ၇ သန်းရှိပြီး အမျိုးသမီးက ၅၈၆.၅ သန်းရှိတယ်လို့ သိရပါတယ်။ အိန္ဒိယရဲ့ လူဦးရေဟာ အမေရိကန်၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန်လူဦးရေ စုစုပေါင်းနဲ့ ညီမျှပါတယ်။ ၂၀၀၁ ခုကနေ ၂၀၁၁ ဆယ်နှစ် ကာလအတွင်း လူဦးရေ ၁၈၁ သန်း တိုးပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀.၁၅ ရာခိုင်နှုန်း တိုးခဲ့တဲ့ ၁၉၉၁/ ၂၀၀၁ ကြား ဆယ်နှစ်ကာလထက်စာရင် ဒီဆယ်နှစ်ကာလ (၂၀၀၁/၂၀၁၁) မှာတော့ လူဦးရေ တိုးနှုန်း လျှော့ကျသွားပြီး ၁၇.၆၄ ရာခိုင်နှုန်း တိုးခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်နယ်အလိုက် စားရင်းအရဆိုရင်တော့ ယူပီလို့ ခေါ်တဲ့ ဥူတာပရာဒေ့ရှ်ပြည်နယ်က လူဦးရေ ၁၉၉ သန်းနဲ့ ထိပ်ဆုံးက ရှိနေပါတယ်။

ဒီစားရင်းအရ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်ပြည်ဟာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁၉.၄ ရာခိုင်နှုန်းရှိပြီး အိန္ဒိယကတော့ ၁၇.၅ ရာခိုင်နှုန်း ရှိလာကြောင်း အိန္ဒိယသန်းခေါင်းစာရင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

No comments: