ရန်ကုန်မှာ တွေ့နေရတဲ့ စုံတွဲတော်တော်များများ အနောက်တိုင်း ဓလေ့တွေနဲ့ ရင်းနှီးယုံမက၊ လက်တွေ့ကျင့်သုံးမှုတွေကတော့ နေရာတိုင်းလိုလိုမှာ တွေ့နေရပြီ။ အင်းလျားကန်စောင်း မှာဆို အစတုန်းကမှ ထီးကွယ်ပြီး ကဲကြသေးတယ်။ အခုဆို အချို့စုံတွဲတွေက ပေါ်တင်ကို Kissing ပေးနေကြတာရှိပါတယ်။
Bus ကားစီးတော့လည်း ကားသေးလေးပေါ်မှာ လူတွေကျပ်ညပ်ပြီး၊ ဘယ်မှလှည့်မရတဲ့ အခြေအနေ မျိုးမှာတောင် ဘယ်သူ့မှ ဂရုမစိုက်ပဲ အနမ်းပေးနေကြတဲ့သူတွေ လည်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း Bus ကားကြီးပေါ် လူကြပ်ချိန်၊ စုံတွဲတတွဲမှာ နေရာ တခုံရတာကို မိန်းကလေးကမထိုင်ပဲ၊ ယောင်္ကျားလေးက ထိုင်ပါတယ်။ ပြီးတော့ မတ်တတ်ရပ်နေတဲ့ ကောင်မလေးကို ဖက်ထားပါတယ်။ ကောင်မလေးကတော့ တန်းတွေ၊ ကွင်းတွေ မကိုင်ပဲ ကောင်လေးဖက်ထားတဲ့ ကြားထဲမှာ ဟိုယိုင်၊ ဒီယိုင်နဲ့ ကြည်နူးနေပါတယ်။
အချို့ဆို လူမြင်ကွင်းတွေ ဘာတွေ ဂရုမစိုက်ပဲကို ကဲကြတာပါ။ ကားပေါ်မှာ ရဟန်း၊ လူကြီး၊ လူငယ်အားလုံးက သူတို့ ကွက်ကြည့်၊ ကွက်ကြည့် လုပ်နေလည်း အေးအေးဆေးဆေးပါပဲ။ မြင်ရတဲ့သူတွေသာ အမြင်မတော်တာ သူတို့ကတော့ Ok ပဲ။ သူတို့ဘာသာ သူတို့ကဲတာ ဘယ်သူမှ မထိခိုက်ပေမဲ့လည်း၊ မြန်မာ့ယဉ်ကျေးမှုတွေကို ဒီလိုနဲ့ပဲ မထိန်းသိမ်းကြတော့မှာကို စိုးရိမ်မိပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာမျက်စိနဲ့ ဆိုရင်တော့ တကယ်ကို ကန့်လန့် ဖြစ်နေပါသေးတယ်။ စောင့်ထိန်းသင့်တဲ့ နေရာတွေမှာ စောင့်ထိန်းရမယ်ဆိုတာကို မသိကြတော့ဘူး ထင်ပါရဲ့။
Mandalay Gazette News
1 comment:
အင်း ကိုးရီးယားကားတွေကြောင့်တော့ မဟုတ်လောက်ပါဘူး။ ယနေ့ လုငယ်လေးတွေ ဘာသာရေးထိန်းကွပ်မှုနည်းနေလို့ပါ။ မြန်မာဆိုတာ ဗုဒ္ဓဘာသာတရားနဲ့ ဒွန်တွဲနေတယ်ဆိုတာ အခုခေတ်ခလေးတွေ သိကြပုံမပေါ်ဘူးလေ။ ဒါကြောင့်လည်း လူ့မြင်ကွင်းမှာ တိရိစ္ဆာန်ဆန်ဆန် အပြုအမူတွေကို လုပ်ရဲလာကြတာပါ။ အင်း.. ပြုပြင်ကြပါကွယ်နော် ပြပြင်ကြပါ။
Post a Comment