အိုက်ဇောမြို့တွင် ခရီးသည်တင် လေယဉ်ငယ်တစီးပျက်ကျ

ဗမာပြည် အိမ်နီးခြင်း ပြည်နယ်တခုဖြစ်တဲ့ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့က ပျံတက်သွားတဲ့ ခရီးသည်တင် ဒီနေ့မနက်ပိုင်းက လေယာဉ်ငယ်တစင်း ပျက်ကျသွားခဲ့ပါတယ်။ ခရီးသည်ကိုးယောက်ပါတဲ့ ဆက်ဇီနာ လေယာဉ်ငယ်ဟာ အိုက်ဇော လေဆိပ်ကအတက်မှာ ပြေးလမ်းကျော်ပြီး ပျက်ကျသွားခြင်းဖြစ်တယ်။ လေယာဉ်ပါလာတဲ့ သူတွေတချို့ ထိခိုက်ဒဏ်ရာ ရရှိတာက လွဲလို့ သေကြေပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။ 

ဒီလေယာဉ်ငယ်ဟာ တောတောင်ထူထပ်တဲ့ အိန္ဒိယပြည်ရဲ့ အရှေ့မြောက်နယ်ခြား ဒေသမှာ အသုံးများတဲ့ အိန္ဒိယနိုင်ငံလုပ် ခရီးသည်တင် လေယဉ်ဖြစ်ပါတယ်။ အရှေ့မြောက်ဒေသမှာ အဓိက တာဝန်ယူ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းကတော့ အရှေ့မြောက်လွန်းပျံ လေးကြောင်းလုပ်ငန်း ကုမ္ဗဏီဖြစ်ပါတယ်။ လေယဉ်ပျံ ပျက်ကျစဉ်က အိုက်ဇောလေဆိပ်ဝန်းကျင်မှာ လေတိုက်နှုန်း ပြင်းထန်နေပြီး ဝန်းကျင်မြင်နိုင်စွမ်း အတိုင်းအတာကလည်း အလွန်လျှော့ပါးနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပျံသန်းဖို့ ကြိုးစားရင်း ပြေးလမ်းကျော်ကာ ပျက်ကျသွားဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

No comments: