လစ်ဗျားအာဏာရှင် ကဒါဖီထွက်ပြေးပြီ

အာဏာသိမ်းမှုဖြင့် လစ်ဗျားနိုင်ငံကို (၄၂) နှစ်ကျော် အုပ်ချုပ်ခဲ့သည့် အာဏာရှင် မွမ်မာကဒါဖီ မြို့တော် ထရီပူရီမှ ထွက်ပြေးသွားပြီဟု ယူဆရကြောင်း။ လောလောဆယ် အချိန်အထိ လစ်ဗျားနိုင်ငံအတွင်း၌ ပင် ရှိနေသေးကြောင်း အီတလီနိုင်ငံခြားရေး ဝန်ကြီးမှ ပြောကြားလိုက်သည်။ ၎င်းမှ ဆက်လက်ပြော ကြားရာတွင် နိုင်ငံတကာ ဖိအားများနှင့် နိုင်ငံတကာ အားပေးထောက်ခံမှုများကြောင့် စိတ်ဓာတ်တက် ကြွလာသည့် အတိုက်အခံများနှင့် အတိုက်အခံ လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်ရေးအောင်မြင် မှုများကြောင့် အာဏာရှင်သည် ယခုလို ထွက်ပြေးသွားရခြင်း ဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေတိုးမဟာမိတ် လေယဉ်များက အာဏာရှင် ကဒါဖီ၏ စံအိမ်တော်အား လေကြောင်းမှ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ရာတွင် ကဒါဖီ ဒဏ်ရာရရှိသွားသည်ဟု သတင်းများ ထွက် ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိပါ။ ပထမအကြိမ် တိုက်ခိုက်ခဲ့စဉ်က ကဒါဖီ၏ သားငယ်နှင့် မြေးတဦးတို့ သေဆုံးခဲ့ကြရသည်။ တချိန်တည်းမှာပင် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးအဖွဲ့ကလည်း လက် နက်မဲ့ ပြည်သူများအပေါ် သတ်ဖြတ်ရန် အမိန့်ပေးခဲ့မှုဖြင့် ဖမ်းဆီးရန် ပြီးခဲ့သည့် တနင်္လာနေ့က ဝရမ်းတခု ထုတ်ခဲ့သည်။ လစ်ဗျား လူထုအုံကြွမှု စတင်စဉ်ကပင် ဆူဒန်နိုင်ငံက ကဒါဖီအား ခိုလှုံခွင့် ပေးရန် ကမ်းလှမ်းခဲ့ပြီး ထိုနိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနိုင်ကြောင်း ယူဆရသည်။ သို့သော် လေ ကြောင်းမှ ထွက်ပြေးရန် ခက်ခဲပြီး ကြီးမားကျယ်ပြန့်သည့် လစ်ဗျားနိုင်ငံ ဧရိယာကို ဖြတ်ကျော်ရန် အချိန်များစွာ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် အာဏာရှင် ကဒါဖီသည် မြို့တော် ထရီပူရီမှ ထွက်ပြေး သွားသော်လည်း လစ်ဗျားနိုင်ငံအတွင်း၌ပင် ဆက်လက်ရှိနေဦးမည်ဟု ယူဆကြောင်း အီတလီ နိုင်ငံ ခြားရေး ဝန်ကြီးက ပြောကြားသွားသည်။

ကိုးကား= ပီတီအိုင် PTI

No comments: