လိင်တူဆက်ဆံသူများ ဆန့်ကျင်တိုက်ဖျက်ရေး ဥပဒေကျမ်း ယူဂန္ဓာ၌ အတည်ပြုမည်

ဥပဒေအတည်ပြုရန် အရေးဆိုကြသည့် ခရစ်ယာန် တရားဟောဆရာများ
ယူဂန္ဓာပါလီမန်ကောက်မတီက မနေ့က တနင်္လာနေ့မှာ ပြုလုပ်တဲ့ ဥပဒေကျမ်းနဲ့ ပတ်သက်တဲ့ ကြားနားစစ်ဆေးပွဲမှာ လိင်တူဆက်ဆံသူများကို သေဒဏ်အပါအဝင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ ဥပဒေကျမ်းတခုကို ကြားနာ စစ်ဆေးခဲ့ကြပါတယ်။ ကြားနားစစ်ဆေးပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဥပဒေပြု အမတ်များစုက ဒီဥပဒေကျမ်းကို အင်္ဂါနေ့မှာ ပြုလုပ်မဲ့ ပါလီမန် အစည်အဝေးတွင် အမတ်အများစုမှ ထောက်ခံအတည်ပြုနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။ ကြားနာစစ်ဆေးပွဲတွင် အဓိက ဆွေးနွေးကြသည်မှာ ဥပဒေကျမ်းအား အတည် ပြုပြေး အတည်မပြုရေးထက် ဥပဒေကျမ်းပါ ပြစ်ဒဏ်သတ်မှတ်ချက်များကို အဓိက ဆွေးနွေး ခဲ့ကြကြောင်း သိရပါသည်။

၎င်းဥပဒေကျမ်းကို ပြဋ္ဌာန်းရန် ၂၀၀၉ ခုနှစ်မှ စတင်ကာ ယူဂန္ဓာရှိ ခရစ်ယာန် အသင်းတော်များမှ စုပေါင်း ကျိုးပန်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဥပဒေကျမ်းပါ သေဒဏ် စီရင်မှုနှင့် ပတ်သက်၍ အနောက်တိုင်း အထူးသဖြင့် အမေရိကန်နှင့် ဆွီဒင်နိုင်ငံတို့မှ ပြင်းထန်စွာ ကန့်ကွက်မှု ဟန့်တားအရေးဆိုမှုများကြောင့် ယခုကဲ့သို့ အတည်ပြုရန် နှောင့်နှေး ကြန့်ကြာနေခြင်းဖြစ်သည်။ ဥပဒေမူကြမ်းရေးဆွဲသူ ဒေးဗစ်ဘာဟာတီ (David Bahati )က အနောက်တိုင်း၏ ကန့်ကွက်မှုများကြောင့် ဥပဒေကျမ်းပါ သေဒဏ်စီရင်မှုကို ဆက်လက် ထည့်သွင်းသင့် မသင့်ကို အဓိကထား ဆွေးနွေးနေကြောင်း ပြောဆိုပါသည်။ ဥပဒေကျမ်းကို ထောက်ခံလှုပ်ရှားနေသည့် ခရစ်ယာန်တရားဟောဆရာ မာတင်ဆင်ပါ (Martin Ssempa )က သူ့အနေနဲ့ ယခုဥပဒေကျမ်းကို ထောက်ခံကြောင်း သို့သော် သေဒဏ်စီရင်မှုကိုတော့ ကြီးလေးလှသည်ထင်ကြောင်း၊ အများဆုံး ထောင်ဒဏ် (၇) နှစ်သာ စီရင်သင့်ကြောင်း ပြောဆိုသွားသည်။ ပါလီမန်က ထိုဥပဒေကျမ်းကို ဆွေးနွေးအတည်ပြုသင့်ကြောင်း အကြောင်းကတော့ ထိုလိင်တူ ဆက်ဆံမှုများသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို သတ်ဖြတ်ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြား သွားပါသည်။

ယူဂန္ဓာနိုင်ငံသည် လူဦးရေ (၃၅) သန်းရှိပြီး အများစုသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါသည်။ အမေရိကန် မစ်ရှင်အသင်းမှ အများစုဖြစ်ကြသည်။ ရှေးရိုးစွဲ အယူအဆ လွှမ်းမိုးသည့် လူ့ဖွဲ့စည်းတခုဖြစ်သည်။ လိင်တူဆက်ဆံမှုနှင့် ပတ်သက်၍ မကောင်းဆိုးဝါး အကျင့်စရိုက်တခုအဖြစ် ရှုမြင်ကြသည်။ တရားဟောဆရာ မာတင်ဆင်ပါက ၎င်းဥပဒေကျမ်း အတည်ပြုရေး လှုပ်ရှားမှုသည် အာဖရိကန် ယဉ်ကျေးမှုကို ကာကွယ်ရေး၊ မြှင့်တင်ရေး လှုပ်ရှားမှုတခုအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဖရိကန်အများမှ လိင်တူဆက်ဆံမှုကို အနောက်တိုင်းမှ တင်သွင်းလာသည့် လူမှု ဒုစရိုက်အကျင့်တခုအဖြစ် ရှုမြင်ကြပြီး အာဖရိကတိုက် တခုလုံးနီးပါးတွင် ပြင်းထန်သည့် နှိပ်ကွပ်ရေး ဥပဒေများ ပြဋ္ဌာန်းထားကြသည်။ အာဖရိက မြောက်ပိုင်းနိုင်ငံတခုဖြစ်သည့် နိုက်ဂျီးရီးယားနိုင်ငံတွင် လိင်တူဆက်ဆံသူများကို ကျောက်တုံးနှင့် ပစ်ပေါက်ပြီး သေဒဏ်စီရင်လေ့ရှိသည်။ အာဖရိက တိုက်တွင် အလယ်အလတ်ကျ၍ ပျော့ပြောင်းဆုံး နိုင်ငံတခုဖြစ်သော ကညာနိုင်ငံ၌ပင် အနည်းဆုံး ထောင်ဒဏ်ကျခံရနိုင်သည်။

လက်ရှိဥပဒေကျမ်းနှင့် ပတ်သက်၍ ယူဂန္ဓာလူမျိုးစုရေးရာဝန်ကြီး မစ္စတာ ဂျိန်းစ်နဆာဗာ ဘူတူရို (James Nsaba Buturo) က လိင်တူဆက်ဆံသူများအနေနှင့် လူ့အခွင့်အရေးဆိုသည် များကို မေ့ပစ်ရမည်ဟု ပြောဆိုသွားပါသည်။ ယူဂန္ဓာရှိ ခရစ်ယာန်အသင်းတော်များနှင့် ရှေးရိုးစွဲ ယုံကြည်သူ အများစုက လိင်တူဆက်ဆံများသည် အထက်တန်းကျောင်းများရှိ ဆယ်ကျော်သက် ရွယ်လေးများကို မြူဆွယ်ဖျက်ဆီးနေကြသည်ဟု ရှုမြင်ကြသည်။ အာရှ၊ အာဖရိကနိုင်ငံအများစုရှိ လိင်တူဆက်ဆံသူများ အခွင့်အရေးလှုပ်ရှားသူများနှင့် အဖွဲ့အစည်း များကို နယူးယောက် အခြေစိုက် နိုင်ငံတကာ လိင်တူဆက်ဆံသူများ လူ့အခွင့်အရေး ကော်မရှင်မှ ငွေကြေးနှင့် အခြားအားပေးထောက်ခံမှု အမြောက်အများကို ဆောင်ရွက် နေသည်။

ဥပဒေပြုရေး ထောက်ခံလှုပ်ရှားသူများက လိင်တူဆက်ဆံသူများသည် ကလေးသူငယ်၊ လူငယ်များကို ပစ်မှတ်ထား ဖျားယောင်းကာ ၎င်းတို့ လူ့အဖွဲ့အစည်းအား ဖျက်ဆီးပုံနှင့် ပတ်သက်၍ ဖျက်ဆီးခံရသူ လူငယ်တဦး၏ အဖြစ်အပျက်အား နမူနာအဖြစ် တင်ပြခဲ့ကြသည်။ ပေါလ်ကာကဘာဆိုသူ အသက် (၂၇) နှစ် အရွယ်ရှိ လူငယ်တဦးမှ ၎င်း (၁၇) နှစ်အရွယ်က ၎င်း၏ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် ဖြားယောင်းသိမ်းသွင်းခဲ့ကြောင်း၊ တနေ့တွင် ကျောင်းအုပ်ဆရာကြီးက အသတ်ခံသွားရသည့် ယူဂန္ဓာလိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားသူ ဒေးဗစ်ကာတိုးနှင့် မိတ်ဆက်ပေးခဲ့ကြောင်း၊ တနေ့တွင် ၎င်းကာတိုးက ဘီယာများ အစားအသောက်များဖြင့် ဧည့်ခံခဲ့ကြောင်း၊ ညဘက်တွင် အဓမ္မလိင်တူဆက်ဆံ ခဲ့ကြောင်း၊ မနက်ပိုင်းမှာတော့ ၎င်းအား ဒေါ်လာ ၁၃၀ ပေးခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ၎င်းလည်း လိင်တူဆက်ဆံသူအဖြစ်ကို ရောက်သွားခဲ့ကြောင်း ဖော်ထုတ်ဝန်ခံသွားခဲ့သည်။

ဥပဒေကျမ်းအရ နိုင်ငံသားတိုင်းသည် လိင်တူဆက်ဆံသည့် အပြုအမူ လှုပ်ရှားမှုများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ရန်နှင့် ထိုလိင်တူဆက်ဆံမှုများတွင် ပါဝင်ပတ်သက်သူ အားပေးအားမြောက်ပြုသူ၊ လိင်တူဆက်ဆံသူများအား နေအိမ်ငှားရန်းမှုများကို ထောင်ဒဏ် (၇) နှစ်အထိ ပြစ်ဒဏ်စီရင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းကိုးကား
နယူးယောက်တိုင်းမ် The New York Time
အေပီ AP

No comments: