ကွန်ဖူးကစ်ဖြင့် ခြေစွမ်းပြသည့်ကစားတဦး တသက်တာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

ကာဇက်စတန်လိဂ်ပွဲစဉ် တခုဖြစ်သည့် ကိုင်ရက်အသင်းနှင့် လိုကိုမိုးတစ်အသင်းတို့ ယဉ်ပြိုင်ကစားနေစဉ် နှစ်ဖက်ကစားသမားများ အချင်းများကြ ရာတွင် ကိုင်ရက်အသင်း ကစားသမား မာဆင်ဇာနော့်သည် လိုကိုမိုးတစ် ကစားတဦးအား ကွန်ဖူးကစ်ဖြင့် ခုန်ပျံကာ ကန်ကျောက်ခဲ့သည့်အတွက် မာဆင်ဇာနော့်အား တသက်တာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံလိုက်ရသည်။ အဆိုပါ ဖြစ်စဉ်မျိုး မန်ချက်စတာယူနိုက်တက် ကစားသမား အဲရစ်ကန်တိုနာလည်း ကျူးလွန်းခဲ့ဖူးသည်။ အဲရစ်ကန်တိုနာက ပွဲကြည့်ပရိတ်သတ်တဦးကို ကန်ကျောက်ခဲ့ခြင်းဖြစ်ပြီး တသက်တာပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံရခြင်း မရှိခဲ့ပေ။

No comments: