ဦးကိုကိုလှိုင် ဘယ်သူလဲ

ဦးကိုကိုလှိုင်အကြောင်း အမှန်တကယ် ဟုတ်မဟုတ်ဆိုတာကိုတော့ ကျမ မသိပါဘူး၊ ကျမ အီးမေးထဲရောက်နေတဲ့ စာထဲမှာပါတာတွေကတော့ နအဖသန်းရွှေရဲ့ ရုပ်ပြသိန်းစိန်က သမ္မတအကြံပေး  အဖွဲ့ဆိုပြီး ဖွဲ့လိုက်တဲ့ထဲမှာ ပါနေသူတွေက လူကြမ်းတွေဖြစ်နေလို့ သမတလူကြမ်းအဖွဲ့လို့ အမည်တပ်ရမှာပါ။

ဒီ သမ္မတလူကြမ်းအဖွဲ့ထဲက နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့ ဖေါ်ပြဖို့ လိုပါပြီ။ ဒီနိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့မှာပါ။ နိုင်ငံတကာ ရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတဦးဆိုတာကို။

တကယ်တော့ ကိုကိုလှိုင်ဟာ ဒီနေ့ နအဖလက်ပါးစေ အကြီးစားတဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာ သုတေသီလိုလိုနဲ့ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့ နအဖသန်းရွှေတို့အတွက် အကြီးစားလက်ပါးစေ ဖြစ်ခဲ့သူပါ။ ဒီလို နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်အောက်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ရဲ့ ၀ါဒဖြန့်ချီရေး ခြေလှမ်းတခုဖြစ်တဲ့ နိုင်ငံရေး သတင်းဂျာနယ်ဆိုပြီး Northern Start Journal ကို စတင်ထုတ်ခဲ့တဲ့ သူတွေထဲက တဦးပါ။ ကိုကိုလှိုင်တို့ ဟာဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေ အမျိုးမျိုးနဲ့ သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။ ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့ အတုအယောင် အမျိုးသားညီလာခံ အောင်မြင်ရေးအတွက် ကလောင်နာမည် အမျိုးမျိုးနဲ့ ဆောင်းပါးတွေ ရေးခဲ့တယ်။ အာဏာရှင် သန်းရွှေအလိုကျ   ဆောင်းပါးတွေ ရေးသား ဖေါ်ပြခဲ့တယ်။

သိန်းစိန် အခု သမ္မတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ဖွတ်က စိမ်းလဲ့ရွှေပြည်နဲ့ နွယ်သာကီ ဂျာနယ်စာစောင်တွေကို ထုတ်နေချိန်မှာ တဘက်ကလည်း ကိုကိုလှိုင်တို့က ဒီ Northern Star ဂျာနယ်ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေ အကြီးစား ကိုကိုလှိုင်တို့ဟာ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန်တဲ့ ဆောင်းပါးတွေကို ရေးသားခဲ့ကြတယ်။

နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့ ကလောင်အမည် ခွဲတွေထဲမှာတော့ စည်သူအောင်၊ ကိုကိုလှိုင် (မြင်းမူ) နဲ့ လှိုင်င်အောင် ဆိုတဲ့ အမည်တွေက အများဆုံး အမည်ခံ ရေးသားပါတယ်။

မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ၀င်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူ ပြည်သားတွေ သေလုမြောပါး ဘေးဒုက္ခ ကြုံနေစဉ်အတွင်းမှာ နအဖရဲ့ ၀ါဒဖြန့်ချီရေး သတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးတပုဒ်ကြောင့် ဖတ်ရသူ သိရသူတိုင်း ဒေါသအမျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တခုကိုပြန်လည်  ဖေါ်ပြလိုက်ရပါတယ်။ ၎င်းမှာ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေ ပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံ အနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့ နာဂစ်မုန်တိုင်းကြီးကို ကျေးဇူးတင်ရတယ်ဆိုပြီး  အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်း တိုက်ခိုက်မှုကို သိန်းပေါင်း မြောက်မြားစွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှတာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ရဲ့ နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရမ်း ကောင်းဖို့ အတွက်အလိမ်အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါး နောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်း အလှူပစ္စည်းတွေ အစားအသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား ဖားရှာစားဖို့ကို ပြောဆို ရေးသားထားတာကတော့ အလွန့်အလွန် မိုက်ရိုင်းစော်ကားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သား မုန်တိုင်း ဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး စေတနာထက်သန်စွာနဲ့ ပေးပို့လှူဒါန်းဝကတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာလည်း နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက် ပိုပြီး ဒုက္ခရောက်နေကြသူ မြန်မာပြည်သူ ပြည်သားတွေကို ကိုယ်ချင်းစာတရား ခေါင်းပါးစွာနဲ့ ဒီဆောင်းပါ ရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် “ကိုကိုလှိုင်”  ဘဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။ ဒီလို ဆောင်းပါးရေးသားပြီး မြန်မာပြည်သူ ပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင် အမည်ခံ လူယုတ်မာ ကိုကိုလှိုင်ရဲ့  ဆောင်းပါးကို အပြည့်အစုံပြန်လည် ဖေါ်ပြလိုက်ပါတယ်။ ဖတ်ရှုနိုင်ပါတယ်)။ ဆောင်းပါးရှင် လှိုင်အောင်က  လူပေါင်းသန်းနှင့်ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နားဂစ်လေဘေး ဒုက္ခသည်တွေဟာ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်"  ဒါ့အပြင် ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြောင်း" ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အောက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင်ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဖူး။

မေသင်္ကြန်ဟိန်း
East Wind Burma Blog

1 comment:

Anonymous said...

မှန်ပါတယ်.. DSA ကျောင်းဆင်း ...ဗိုလ်မှုးကြီး ရထူးအထိ စစ်မှုးထမ်းခဲ့တယ်လို့ သိရပါတယ်။ နာဂစ်နဲ့ ပတ်သတ်ပြီးတော့ ရေးတဲ့ဆောင်းပါးတော့...ကျွန်တော် မဖတ်ရပါ။ MRTV4 အစီအစဉ်မှာတော့ ကျွန်တော်က အမာခံ ပရိသတ်တစ်ယောက်ပါ။ ဒီ post မှာ ရေးထားသလို့ နိုင်ငံတကာရေးရာကို လျှာအရိုးမရှိတဲ့အတိုင်း ပြောနေတာတော့မဟုတ်ပါ။ သေချာလေ့လာပြီးပြောတာလို့ကျွန်တော်ထင်ပါတယ်။ သူပြောတဲ့အကြောင်းအရာတွေက လည်း လက်ကိုဒုတ်တစ်ယောက်အနေနဲ့ပြောတာမဟုတ်ဘဲ... ဗဟုသုတရများ၊ သမိုင်းကိုသိစေချင်တဲ့ ရည်ရွယ်ချက်တွေလို့ထင်ပါတယ်။ သူ့ကိုသူ အမွှန်းတင်တာလဲမပါဘူး။
ဦးသန်းရွှေကို အမွှန်းတင်တာလဲ တစ်လုံးမှ မပါဘူး။ နိုင်ငံတကာမှာ ဖြစ်နေတာတွေကို ပြောပြတာပါ။

သတင်းဖတ်သူတွေလဲ သေချာလေ့လာပြီးမှယုံပါ။ သတင်းတစ်ပုဒ်ကြောင့် လူကောင်းတစ်ယောက် မဆုံးရှုံးစေချင်ပါဘူး။

ကျွန်တော်ပြောချင်တာကတော့ ဒီသတင်းဟာ.... သိကာချတဲ့ သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

ကိုယ်ပိုင်ညာဏ်ဖြင့် စဉ်းစာ...ဆင်ခြင်....သုံးသပ်...အဖြေထုတ်ပါ။