ငါတို့နေရာ ငါတို့သာ ပိုင်ဆိုင်ကြရမည်

မန္တလေးမြို့၏ လမ်ဆုံးလမ်းခွ အချက်အချာတို့တွင် တရုတ်စာလုံးကြီးများ ထီးထီးမားမား မြင်နေ ရသည်နှင့် တပြိုင် နက် အတိတ်ကို လွမ်းဆွတ်၍ မကြေမချမ်းဖြစ်ပြီး စိတ်ပင်ပန်း ဝမ်းနည်းရ သည်။ သည်သို့ အချက်အချာ နေရာများ ဗမာစာလုံးကြီးများ ထီးထီးမားမား ဖြစ်နေရမည့်စား မဟုတ် တရား တိုင်းတပါးစာက မည်သို့ နေရာယူရသနည်း။ ထိုအချက်ကိုကြည့်လျှင် ဗမာလူမျိုးတို့သည် အသုံးမကျသည့် လူမျိုးဟု သရုပ်ဖော်နေသကဲ့ သို့ပင်။ မန္တလေး ရှေ့နောက်တောင်မြောက် ကျူံးနဘေးတွင် တရုတ် နှင့် ကုလားတို့သာ မြင်ရပြီး ဗမာ့ယဉ်ကျေး မှုနှင့် လုံးဝမစပ်ဟပ်၊ တရုပ်မလေးများ အဝတ်အစားတို့ကို မြင်ရသည်မှာလည်း စိတ်ပင်ပန်းစရာ။ ဗမာများမှာတော့ ဆိုက်ကားနင်း မြင်းလည်းမောင်းနေသည် ကိုသာ မြင်တွေ့ခဲ့ရသည်။ ရှိစေ၊ မန္တလေး အကြောင်းကို ဆိုချင်သည် မဟုတ်။ ယခုက ထားဝယ်မြို့ အကြောင်း။

မိတ်တွေတယောက်က မင်းတို့ ထားဝယ်သားတွေကတော့ ပွပြီကွ ဟု ဆိုလာသည်ကို နားမလည်စွာ ဖြင့် ပြန်လည် မေးမြန်းရသည်။ ထိုမှ ထားဝယ်ရေနက်ဆိပ်အကြောင်း ပြောလာသည်၊ ထားဝယ်ရေနက် ဆိပ်ကမ်း ကြောင့် လုပ်ငန်း ကိုင်ငန်း အခွင့်အလမ်းများ ပွင့်လာပြီး ထားဝယ်သားတို့ ကြီးပွားတော့မည့် အကြောင်း ပြောနေသည်ကို အဆုံးထိ နားမထောင်ချင်၍ တိုတိုတုတ်တုတ် အဲဒီလုပ်ငန်းမှ ရင်းနှီးမြုပ်နှံ နိုင်တဲ့ ထားဝယ် ဘယ်နှယောက်များရှိပြီး ခေတ်ပညာ အားနည်းသည့် ထားဝယ်သားများ ဘယ်လို အလုပ်များကို ရရှိမည်နည်းဟု ပြန်လည် မေးခွန်း ထုတ်လိုက်မှ ငြိမ်ကျသွားတော့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းကို ဆောက်လုပ်ခြင်းသည် ထားဝယ်ဒေသခံ အခွင့်အလမ်းရစေရန်ဟု ရည်ရွယ်သည့် စေတနာလည်းမရှိ၊ ထားဝယ်ဒေသ ဖွံ့ဖြိုးစေရန်ဟု ရည်ရွယ်သည့် စေတနာလည်း မရှိသည်ကို ထားဝယ်သားများ ဦးစွာ သဘောပေါက်ထားဘို့ လိုပေလိမ့်မည်။ ထိုသို့ပင် ထိုရေနက် ဆိပ်ကမ်းမှ ရရှိလာမည့် အကျိုးအမြတ်များ အားလုံးသည် ဒေသခံထားဝယ်များနှင့် လုံးဝမသက်ဆိုင်၊ နိုင်ငံခြား ဓနရှင် ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း ဓနရှင် ရင်နှီးမြှုပ်နှံသူများသာ တက်တက်ပြောင်း စားသုံးသွားပေလိမ့်မည်။ ထားဝယ်ဒေသခံများအတွက် မလွဲဧကန် ရရှိလာမည့် အကျိုးရလာဘ်မှာ အောက်ခြေသိမ်း လုပ်ငန်းနှင့် ခန္ဓာကိုယ်ရောင်းစားရမည့် ရလာဘ်ဆိုးသာ ဖြစ်ထွန်းလာမည်၊ ထားဝယ်ဒေသကြီးမှာလည်း ဒုစရိုက်ဇုန်ကြီး ဖြစ်လာပြီး လူမျိုးစုံ၊ ဘာသာပေါင်းစုံ ရောပွမ်းလာ ပြီး ဒေသခံ ထားဝယ်များ မြို့စွန်မြို့ဖျား မှိုက်ကောက်စားရမည့် အနေအထားကို ရောက်ရှိလာမည်မှာ မြေကြီး လက်ခတ်မလွဲ။

ထိုကြောင့် ထားဝယ်သားများ ဈေးကောင်းသည်ဆိုပြီး မိမိတို့ အိမ်ခြံမြေ မရောင်းချမိစေရန် သတိထားရ ပေလိမ့်မည်။ မြို့စွန်မြို့ဖျားသို့ မထွက်ကျပါနှင့်။ တိုင်းတပါးသား ဘာသာခြားများကို လက်မခံကြနှင့်။ ထားဝယ်မြို့တွင် ထားဝယ်သာနေရမည်၊ မန္တလေးကဲ့သို့ တရုတ်ကုလားတို့၏ မြို့မဖြစ်ပါစေနှင့်၊ ထို့သို့ မဟုတ်ပဲ လောဘဇောတိုက်ပြီး ငါတကော ကောကြလျှင် သမိုင်းတွင် ထားဝယ်သည် ပြည့်တန်ဆာမျိုး (ဖာသယ်) မျိုး၊ တရုတ်မယားမျိုး၊ ကုလားမယားမျိုးဟု မှတ်တမ်းတင်ခံရမည်ကို ကြပ်ကြပ်သတိထား ကြရန် တိုက်တွန်း လိုက်သည်။

ထားဝယ်သား

No comments: